Dr. Martens ရဲ့ 1460 boot တွေကို နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ လတိုင်း တစ်လချင်းစီမှာ မတူတဲ့ partner တွေနဲ့ပူးပေါင်းပြီး collab တွေလုပ်နေတာ အခုတစ်ခေါက်နဲ့ဆို ၉ ကြိမ်မြောက်သွားပါပြီ။ ဒီ project က ၁၂လတိတိလုပ်သွားမှာဆိုတော့ စုစုပေါင်း partner ၁၂ ယောက် နဲ့ ဖိနပ် ၁၂ ရံ ထုတ်သွားမှာပါ။ ဒီတစ်ခေါက်မှာတော့ Marc Jacobs နဲ့ ပူးပေါင်းထားပါတယ်။
Marc Jacobs နဲ့ပူးပေါင်းထားတဲ့ ဒီ 1460 boot collab မှာ Dr. Martens boot တွေကို လူတွေက DIY လုပ်ပြီး customized ပြန်လုပ်လေ့ရှိတဲ့အချက်ကို Marc Jacobs က မှီငြမ်းထားပါတယ်။ ၀ီစီ၊ ဒိုးဆက်၊ အံစာတုံး တို့လိုမျိုး keychain ပစ္စည်းလေးတွေမျိုးရယ်၊ charm တွေ၊ gems တွေရယ်နဲ့ အလှဆင်ထားပါတယ်။ နောက်ပြီး boot မှာ သုံးထားတဲ့ leather က vegan leather ဖြစ်ပြီးတော့ အရောင်က burgundy အရောင်နဲ့ စိုပြီး လှပနေတာကိုတွေ့ရမှာပါ။ ဒီ boot ကို စက်တင်ဘာလ ၂၆ ရက်နေ့ကနေစပြီး Dr. Martens web store မှာ ၀ယ်လို့ရမှာပါ။
Marc Jacobs မတိုင်ခင် BAPE, Raf Simons, Babylon x BEAMS, Yohji Yamamoto, UNDERCOVER, PLEASURES, A-COLD-WALL နဲ့ NEEDLES တို့နဲ့လည်း collab လုပ်ပြီးခဲ့ပါပြီ။