LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား

written by Lush Editor June 1, 2020
Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား
Maintain your beauty during a quarantine

Quarantine ကာလမှာ skin clinic တွေနဲ့ အလှပြင်ဆိုင် တွေ ပိတ်ထားလို့ အလှအပဆိုင်ရာ ပြသနာတွေကို ဘယ်လိုထိန်းသိမ်းလဲ ဆိုတဲ့မေးခွန်းတွေက အထူးသဖြင့် မိန်းကလေးတွေကြားထဲ ပြန့်နှံ့နေခဲ့ပါတယ်။ အိမ်မှာပဲ နေရပေမယ့် အလှအပကိုတော့ လက်မလျှော့နိုင်သူတွေအတွက် မိမိတို့ အိမ် မီးဖိုချောင်ထဲက ပစ္စည်းတွေ၊ ခြံဝန်းထဲ၊ ရပ်ကွက်ထဲက ဈေးထဲမှာ အလွယ်တကူ ရရှိနိုင်တဲ့ သဘာဝပစ္စည်းတွေနဲ့ အသားရည်ထိန်းသိန်းခြင်း များပြုလုပ်နိုင်တာတွေကို မျှဝေပေးလိုက်ပါတယ်။

အားလုံးထဲမှာမှ ထိန်းသိမ်းရ အခက်ဆုံးကတော့ အရောင်ဆိုးထားတဲ့ ဆံပင်တွေပါပဲ။ ဆံပင် အနီရောင်ကို quarantine ကာလမှာ အလှပြင်ဆိုင်ကို မသွားပဲ ပြုပြင်ထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ အရောင်တွေထဲမှာမှ အနီရောင်ကို ဆိုးတဲ့အခါ တစ်ကြိမ်နဲ့ တစ်ကြိမ် ထွက်လာတဲ့ အရောင် အနု၊ အရင့်ခြင်း မတူနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနီရောင်ကိုဆိုးတဲ့အခါ ရှိနေတဲ့ဆံပင်ရဲ့ အခြေအနေပေါ် မူတည်ပြီး စုပ်ယူနိုင်တဲ့ အရောင်ပမာဏက ကွာခြားလို့ပါ။

ဆံပင်ဆေးဆိုးထားတဲ့သူတိုင်း ရက်အနည်းငယ်ကြာတာနဲ့ ဆံပင်အရင်းက အနက် ဒါမှမဟုတ် အညိုတွေ ထွက်လာတာဟာ ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ကိစ္စလဲဆိုတာ သိကြမှာပါ။ Quarantine မတိုင်မီက အရောင်ဆိုးထားတဲ့ဆံပင်ကို ထိန်းသိမ်းဖို့အတွက် ၁၀ ရက် တစ်ခါလောက် အလှပြင်ဆိုင်သွားပြီး ဆံပင် အရင်းတွေကို ပြန်ဆိုးရတာမျိုးမှမလုပ်ရင် မူရင်းဆံပင် အနက် (သို့) အညိုတွေ ပြန်ထွက်လာတတ်ပါတယ်။

ကိုယ်တိုင် ဆံပင်ဆိုးတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သဘာဝ မဟုတ်တဲ့ ဆိုးဆေးတွေကို ကိုင်တွယ်ရာမှာ ဦးရေပြားကို မထိခိုက်အောင် သတိပြုရမှာတွေ အများကြီးပါပဲ။ ဒါပေမယ့် အချိန်လည်း လုံလုံလောက်လောက်ရှိမယ်။ ကိုယ့်ရဲ့ အလှကိုလည်း လက်မလွှတ်နိုင်ဘူးဆိုတဲ့သူတွေအတွက် Quarantine ကာလမှာ ဆံပင်ညှပ်သမားတွေ အနားယူပြီး ဆိုင်တွေ ပိတ်ထားတဲ့အခါ Lady Gaga ရဲ့ hair stylist ပြောထားတဲ့ ကိုယ်တိုင် လုပ်လို့ရတဲ့ နည်းလမ်းကို သုံးလို့ရပါတယ်။

Root cover up အတွက် အမှုန့် ပုံစံနဲ့ထွက်တဲ့ ဆံပင်ဆိုးဆေးတွေကို သုံးကြည့်ပါ။

ဦးရေပြားမှာ ဆေး အကျွင်းအကျန်တွေ မကျန်ခဲ့အောင်နဲ့ ကုတ်ခြစ်ရာ မဖြစ်အောင် ဂရုစိုက်ပါ။ ဆေးဆိုးပြီးတဲ့ အခါတိုင်း ဆိုးဆေးတွေဟာ ဦးရေပြားနဲ့ လည်ပင်းတစ်ဝိုက်မှာ အကွက်တွေအဖြစ် ကျန်နေတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို သွားတိုက်ဆေး အနည်းငယ်နဲ့ ရောပြီး ဂွမ်းစပေါ်တင်ကာ ဆိုးဆေးကျန်နေတဲ့ နေရာတွေကို သန့်စင်ပေးပြီးတော့ ဖယ်ရှားလို့ရပါတယ်။ ဒါမှမဟုတ် သံလွင်ဆီလည်း ရှာရခက်တယ် ကိုယ်တိုင်ကလည်း ဆိုးဆေးတွေကို ရက်အနည်းငယ်မှာ တစ်ခါ အသုံးပြုနေရင်တော့ ပိုပြီး လွယ်ကူတဲ့ နည်းလမ်းရှိပါတယ်။ hair color remover wipes တွေကို အသုံးပြုဖို့ပါပဲ။ တံဆိပ်အမျိုးမျိုး ရှိတဲ့ထဲက alcohol free အမျိုးအစားကို အသုံးပြုရင်တော့ သင့်ဆံပင်နဲ့ ဦးရေပြား ခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်တွေကို ထိန်းသိမ်းတဲ့အခါ ဆံပင်အဖျားကို ၁လ တစ်ခါလောက် ညှပ်ပေးတာကလည်း မညှပ်သူတွေထက် ပိုပြီး လျင်မြန်စွာ ရှည်လျားနိုင်ပါတယ်။ ဒါပေမဲ့ အိမ်မှာပဲ ပိတ်မိနေတဲ့ ကာလမှာ ဆံပင်ညှပ်ဆိုင်တွေကို မသွားနိုင်ဘူး။ ကိုယ်တိုင် ကပ်ကြေးကိုင်ရမှာလည်း အခက်ခဲရှိသူတွေအတွက် မီးဖိုချောင်ထဲက ကြက်သွန်နီ၊ သင့်အခန်းထဲက သဘာဝ ခေါင်းလိမ်းဆီ၊ ခြံထဲ ဈေးထဲတွေမှာ အလွယ်တကူရနိုင်တဲ့ ရှားစောင်းလက်ပတ်တွေနဲ့ သဘာဝ ဆံပင်ရှည်ဆေးကို လွယ်လွယ်ကူကူပဲ လုပ်လို့ရပါတယ်။

ကြက်သွန်နီနဲ့ ရှားစောင်းလက်ပတ်ကို အချိုးတူ ရောစပ်ပြီး အရည်ရအောင် စကာဖြင့် စစ်ပါ။

ရောစပ်ထားတဲ့ အရည်ကို သဘာဝ ခေါင်းလိမ်းဆီတွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီ၊ မုန်ညှင်းဆီ တစ်မျိုးမျိုး ရောစပ်လိုက်ရင်တော့ အသုံးပြုဖို့ အဆင်သင့် ဖြစ်ပါပြီ။ ခေါင်းမလျှော်ခင် နာရီပိုင်း အလို ဦးရေပြားနဲ့ ဆံပင် အဖျားတွေကို လိမ်းထားပေးပြီး ခေါင်းလျော်မယ်ဆိုရင်တော့ ဆံပင်ညှပ်ဆိုင် မသွားလည်း ဆံပင်ကို ကောင်းကောင်း ထိန်းသိမ်းလို့ရပါပြီ။ ရှားစောင်းလက်ပတ်ရဲ့ အကျိုးအာနိသင်ကတော့ ဦးရေပြားကို အေးမြစေပြီး သဘာဝ ခေါင်းလိမ်းဆီတွေက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကြက်သွန်နီကလည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ဆံပင်အရေအတွက်ကိုလည်း များလာစေပြီး ပါဝင်ပစ္စည်းတွေ အားလုံးက သဘာဝ ပစ္စည်းတွေပဲ ဖြစ်လို့ တစ်ခါလောက်တော့ စမ်းသုံးကြည့်လည်း မမှားဘူးလို့ထင်ပါတယ်။

ဖော်ပြထားတဲ့ နည်းလမ်းတွေကိုမှ လုပ်ဖို့ အခက်ခဲ ရှိနေရင်တော့ ကျန်းမာရေးဌာနက လမ်းညွှန်ချက်နဲ့ အညီ ဝန်ဆောင်မှုပေးနေတဲ့ 1 by 1 Home Sevice တွေကိုသာ ဖုန်းဆက်ခေါ်လိုက်တော့နော်။

Editor: Jeune

Hair CareLifeStyleLUSH Beauty & SoulLUSH DAILYLUSH Magazine MyanmarLUSH May 2020
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Into the Flix
next post
သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

Recommended

Coachella Festival 2019 က ဆယ်လီတို့ရဲ့ အလန်းစားဖက်ရှင်ပုံရိပ်များ

April 25, 2019

University Student တွေအတွက် အချိန်ကုန်သက်သာပြီး ပြင်ဆင်ရလွယ်ကူတဲ့ French-Girl Makeup Look

June 10, 2019

Chromatica is the name, Slaying is her game

June 9, 2020

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

Umbrella – Fashion Vocabulary

August 29, 2019

Gym Make Up

December 13, 2018

Makeup creation of four famous female stars from...

November 8, 2019

Instagram Fashionable Lookbook (Romance Style)

November 27, 2020

Best Beauty Tips to Follow in Summers

April 1, 2019

Best Fashion Looks of MTV Video Music Awards...

August 27, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem