LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
DRIVELIFE

နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

written by Maeve October 17, 2019
နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

Lincoln, the choice of No-Regret 

words by a el ti:

english translated by Okkar Thin

LUSH မဂ္ဂဇင်း ၂ နှစ်ပြည့်အထူးထုတ်ရဲ့ Drive Section မှာ တင်ဆက်ပေးချင်တာကတော့ Lincoln ကားအကြောင်းပါ။ Lincoln ကားတွေကိုတော့ အမေရိကန်နိုင်ငံ Ford ကားကုမ္ပဏီရဲ့ဇိမ်ခံကားသီးသန့် ထုတ်လုပ်ရေး လုပ်ငန်းခွဲတစ်ခုအနေနဲ့ Lincoln အမှတ်တံဆိပ်နဲ့ ဇိမ်ခံကားတွေထုတ်လုပ်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ အမေရိကန်နိုင်ငံသားတို့အားလုံး ချစ်ခင်လေးစားပြီး Iconic တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြတဲ့ သမ္မတ Abraham Lincoln ရဲ့နာမည်ကိုယူပြီး Lincoln ကားကုမ္ပဏီ နာမည်ဖြစ်လာတာဖြစ်ပါတယ်။ Lincoln ကားထုတ်လုပ်မှုမှာ သမိုင်းကြောင်းခိုင်မာမှုကတော့ သြချရလောက် ပါတယ်။ အမေရိကန်ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ Presidential Car တွေကို General Motor ထုတ် ကားတွေနဲ့ပြိုင်ပြီး ထုတ်လုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ကုမ္ပဏီလည်းဖြစ်ပါတယ်။ Lincoln ဆိုတဲ့နာမည်ဟာ သမ္မတလင်ကွန်းရဲ့နာမည်ကိုယူသုံးထားတာဖြစ်သလို ဒီနာမည်ကြောင့်ရော၊ ကားရဲ့အရည်အသွေးကြောင့် ကော အမေရိကန်မှာရော၊ ကမ္ဘာတစ်ဝှမ်းလုံးမှာပါ Lincoln ကားရဲ့ အရိပ်အာဝါသစိုးမိုးမှုဟာအင်မတန် ကြီးမားပါတယ်။

In the Drive Section of our LUSH’s 2nd Anniversary Special Edition, we’d like to present the Lincoln cars. Luxury Lincolns are manufactured under the Lincoln brand as a luxury car subsidiary of Ford Car Company. Lincoln has been established with the reference to Abraham Lincoln, the 16th president of the U.S who was adored by all the citizens. Lincoln’s history is magnificently miraculous. It is the only car company, which produced Presidential Cars in comparison to General Motor cars throughout American History. As it was derived from President Lincoln’s name, Lincoln’s influencing matter is enormous according to both the president’s name and its quality. 

တော်ဝင်မျိုးနွယ်တွေရဲ့ရွေးချယ်မှု

Lincoln ကားဟာ တော်ဝင်မျိုးနွယ်တို့ရဲ့ဦးစားပေးရွေးချယ်မှုကိုလည်း အမြဲခံရပါတယ်။ Lincoln ကားတွေဟာ အတွင်းပိုင်း အဆင့်မြင့်ဇိမ်ခံပစ္စည်းအစုံအလင်နဲ့ပြုလုပ်တတ်ပြီး ဈေးလည်းကြီးပါတယ်။ ဒါကြောင့် Upper-Class အသိုင်းအဝိုင်းမှာဆိုရင် Lincoln ကားစီးနိုင်တယ်ဆိုရုံနဲ့ သူတို့ရဲ့ဂုဏ်အဆင့်အတန်းတစ်ရပ်ကို သိရှိနိုင်ပါတယ်။

The choice of Royals 

Lincoln has always been chosen by the Royals. They are made of expensive, high quality luxurious interior accessories. Therefore, one can estimate the standard of those who have a Lincoln on the upper-class level. 

Presidential Car ထုတ်လုပ်မှု

ကမ္ဘာတစ်ဝှမ်းနိုင်ငံ့အကြီးအကဲတွေအသုံးပြုဖို့အတွက် Special ကားတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ Lincoln လည်း အပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်ရဲ့ သမ္မတအပါအဝင် အစိုးရထိပ်သီး ပုဂ္ဂိုလ်တွေအသုံးပြုဖို့အတွက် Lincoln ရဲ့အထူးထုတ်ကားတွေကို ဝယ်ယူလေ့ရှိပါတယ်။ ၁၉၃၉ ခုနှစ်မှာ President Franklin D.Roosevelt အတွက် Lincoln K-Series Sunshine Special ကိုထုတ်ခဲ့ပါတယ်။ အဲဒီကနေ တောက်လျှောက်ဆိုသလို ၁၉၈၁ အထိ Presidential Car အဖြစ် အစိုးရရဲ့ရွေးချယ်မှုကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက အမေရိကန်သမ္မတတွေစီးဖို့ထုတ်ခဲ့တဲ့ကားအမျိုးအစားတွေကတော့ ခုနကပြောခဲ့တဲ့ Lincoln K-Series Sunshine Special ရယ် နောက်ထပ် Lincoln Custom, Lincoln Cosmopolitan, Lincoln Continental နဲ့ SS-100-X တို့ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ Lincoln Town Car ကို Presidential Car အဖြစ် နောက်ဆုံးရွေးချယ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်နောက်ပိုင်းမှာတော့ အမေရိကန်က Lincoln ကားကို Presidential Car အဖြစ်ထပ်မံရွေးချယ်ခြင်းမပြုလုပ်သေးပါဘူး။ အမေရိကန်ရဲ့သမိုင်း တစ်လျှောက် Presidential Car တွေဟာ Lincoln ကားအများဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ Lincoln နဲ့အတူ Presidential Car နေရာကို အမြဲတမ်းပြိုင်ဘက်လုနေတာကတော့ General Motor ထုတ်ဖြစ်တဲ့ Cardillac ဖြစ်ပါတယ်။ ယနေ့အချိန်မှာလည်း Cardillac ကိုပဲအသုံးပြုနေတာဖြစ်ပါတယ်။

Production of Presidential Car 

Lincoln is one of the companies in the world, which produce Special Vehicles for great leaders. Especially, superior edition Lincolns are purchased for the government top-liners including the president of the U.S. Lincoln K-Series Sunshine Special was created for President Franklin D. Roosevelt in 1939. Since then, the Government continuously chose Lincolns as Presidential Cars. The presidential care that time was Lincoln K-Series Sunshine Special, Lincoln Custom, Lincoln Cosmopolitan, Lincoln Continental and SS-100-X. Afterward in 1989, Lincoln Town Car was chosen as the presidential car for the last time. After 1989, Americans quitted using Lincolns as presidential cars. It can be said that Lincoln lasted the longest time in American History as a presidential car. Lincoln’s main rival, that produces General Motors, Cardillac, was used as a presidential car so far. 

Limousine ကားများ

Limousine ကားဆိုတာ ဇိမ်ခံကားအရှည်ကြီးတွေပါ။ လုံးဝဇိမ်ခံကားစစ်စစ်ပါ။ အရင်တုန်းကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာသာ ဒီလိုကားအရှည်ကြီးတွေကိုမြင်ဖူးကြတာပေါ့။ အထူးသဖြင့်တော့ အစိုးရခေါင်းဆောင်ကြီးတွေကို အကြိုအပို့လုပ်တဲ့နေရာမှာ၊ စီးပွားရေးသမားတွေနဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော်အဖွဲ့တွေရဲ့ Show ကို အသွားအလာမှာ စတာတွေကိုရုပ်ရှင်ထဲမှာပဲမြင်ဖူးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း Limo ကားတွေရှိပါတယ်နော်။ ရန်ကုန်မြို့မှာ ပထမဆုံးမြင်ဖူးကြတဲ့ကားကတော့ Lincoln Town Car Limo ပါပဲ။ နောက်တော့မှ တခြား Limo ကားတွေရောက်ရှိလာတာပါ။ Limo ကားတွေထုတ်လုပ်တဲ့နေရာမှာတော့ Lincoln က အဲဒီ Limo အတွက် နာမည်သီးသန့်ပေးထားခြင်းမရှိတော့ဘဲ သူတို့ထုတ်လုပ်တဲ့ နဂိုမော်ဒယ်ကနေပဲ Limo အခွဲတွေအဖြစ် သီးသန့်ထပ်မံထုတ်လုပ်တာဖြစ်ပါတယ်။ ဥပမာ Lincoln Navigator ဆိုရင် Lincoln Navigator Limousine, Lincoln Town Car ဆိုရင် Lincoln Town Car Limousine စသဖြင့်ပေါ့ အဲလိုပါ။

Limousine 

Limousines are large luxurious cars, which can only be seen in movies earlier, especially, in the scenes, those presidents and business elites are transported. There are Limos in our country too. The first Limo in Yangon was Lincoln Town Car Limo and later the others have arrived. There are no other certain names for Limos in the production and they go under the name of Lincoln. For instance, Lincoln Navigator as Lincoln Navigator Limousine and Lincoln Town Car as Lincoln Town Car Limousine, etc.

နောက်ပိုင်းခုနှစ်သက္ကရာဇ်တွေမှာ Lincoln တို့ဟာ ဈေးကွက်ပြိုင်ဆိုင်ရေးကို အရမ်းကိုသတိထားလာရပါတယ်။ Lincoln ရဲ့ ဝယ်လိုအားတွေ ကျဆင်းလာခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ Lincoln ရဲ့ရောင်းအားဟာ ဥရောပတို့ထက် တရုတ်ပြည်မှာ ရောင်းအား ပိုအားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ စက်ရုံတည်ထောင်ပြီးတောင် ထုတ်လုပ်ပါတယ်။ နောက်ဆုံးမော်ဒယ်လ်တွေကိုတော့ Lincoln ကနေ အကောင်းဆုံးပြင်ဆင်လာနေပါတယ်။ အဆင့်မြင့်နောက်ဆုံးပေါ်နည်းပညာတွေ၊ ကောင်းသထက် အကောင်း ဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ ပွဲထွက်လာနေပါတယ်။ ဒါပေမယ့် Lincoln ဟာ မော်ဒယ်လ် အများကြီးထုတ်လုပ်ပြီး ပိုက်ဆံရှာဖို့ကြိုးစားတဲ့ ကုမ္ပဏီမျိုးတော့မဟုတ်ပါဘူး။ Sedan ထဲမှာဆိုရင် Lincoln MKZ နဲ့ Continental တို့ဖြစ်ပြီး SUV Types မှာဆိုရင် MKC,MKT,MKX,MKZ,Nautilus နဲ့ Navigator တို့ဆိုပြီး ထုတ်လုပ်တာဖြစ်ပါတယ်။

Lately, Lincolns have to aware of the market competition. The market demand for Lincoln has declined. Later, Lincoln’s sales are more excessive in China than in Europe. This is the reason why they built a factory in China. Lincoln prepares the best for the latest models. They are introduced with the latest technologies and excellent luxuries. However, Lincoln is not a company that earns much money from producing many models. It only produces Lincoln MKZ and Continental in Sedan, and MKC, MKT, MKX, MKZ, Nautilus, and Navigator in SUV Types.

LUSH 2nd AnniversaryLUSH driveLUSH Magazine MyanmarLUSH September 2019
0
Facebook Twitter Google + Pinterest
Maeve

previous post
FREDERIQUE CONSTANT WELCOMES FOUR YOUNG AND FRESH TIMEPIECES FOR LADIES
next post
Opal – Fashion Vocabulary

Recommended

More Skin Less Makeup

April 19, 2018

98 Wireless Residences

January 31, 2020

Elle – Floral Burst Collection

April 22, 2020

လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။

June 30, 2023

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

Empowering women through bakery

May 22, 2018

Friendly Decos for Home and Environment

April 18, 2018

Acting Legend Tom Hanks

January 1, 2020

Do’s and Don’ts for Wedding Guest in MYANMAR

November 29, 2018

Lego to release build-your-own Lamborghini Kit

June 7, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem