အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ ဆယ်ကျော်သက်လေး Billie Eilish ကတော့ ဒီ July လမှာ ကောင်းသတင်းတွေချည်းပဲ ကြားနေရတယ်နော်။ မကြာသေးခင်က MCM ရဲ့ Genderless Fall 2019 Fashion Campaign မှာမော်ဒယ်အဖြစ် ပါဝင်ခဲ့တဲ့ Eilish က သူရဲ့ Merchandise လိုင်းအသစ်ကို သူမရဲ့ fans တွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။
Eilish က သူဝတ်ဆင်လေ့ရှိတဲ့ oversize designs ပုံစံတွေထုတ်လုပ်တဲ့ Freak City နဲ့တူတူ “Billie Eilish x Freak City Capsule” အမည်ရှိ Merchandise လိုင်းကို ဇူလိုင်လ ၁၉ ရက်နေ့မှာသူရဲ့ ကိုယ်ပိုင် website မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အခုထုတ်လိုက်တဲ့လိုင်းမှာတော့ 90s’ Rap Video တွေမှာ မြင်ရလေ့ရှိတဲ့ Graffiti – Spray Painted Printing Designs တွေ ပါဝင်မှာဖြစ်ပြီး Design ပိုင်းမှာလည်း Eilish ဝတ်ဆင်နေကြဖြစ်တဲ့ Bright ဖြစ်တဲ့အရောင်တွေကို ရောစပ်ထားပြီး Eilish နာမည်နဲ့ စကားလုံးစုတွေကိုလည်း Spray Painted လုပ်ထားတာကို မြင်ရမှာပါ။ Classic Streetwear Pieces တွေဖြစ်တဲ့ Oversized shorts, skirts, tees, sport bras, tube tops, hoodies တို့ကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Size အနေနဲ့လည်း Small size ကနေ 2XL size အထိထုတ်ပေးထားတာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့လည်း $ 40 မှ $ 90 အတွင်းသာရှိတာဖြစ်ပါတယ်။ Official Launching ကိုတော့ September 16 ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
Eilish ရဲ့ fans တွေအတွက် သူမရဲ့ Website ဖြစ်တဲ့ https://store.universalmusic.com/billieeilish/*/Billie-x-Freak-City/တစ်ခုတည်းမှာသာ Exclusive အနေနဲ့ Pre-order တင်ကာ မှာယူနိုင်မှာဖြစ်ပြီး Pre-order မှာယူကြတဲ့ သူမ fans တွေအတွက် “When We All Fall Asleep, Where Do We Go” Digital Album ကို free ရရှိမှာဖြစ်ပါတယ်။
Editor: Eain Chu