Kylie Jenner တစ်ယောက်ကတော့ အသက် ၂၁ နှစ်အရွယ်မှာတင် မှတ်တိုင်တစ်ခုကို ထပ်မံစိုက်ထူလိုက်ပြန်ပါပြီ။ Kylie Cosmetics ရဲ့ Founder တစ်ယောက်ဖြစ်သလို Model၊ Reality TV Show Entrepreneur တစ်ယောက်ဖြစ်တဲ့ Kylie Jenner ဟာ မတ်လ ၅ရက်နေ့က Forbes က ထုတ်ပြန်တဲ့ ကြေညာချက်အရ ကမ္ဘာ့အသက်ငယ်ဆုံး Self-made Billionaire ဖြစ်သွားပြီလို့ သိရပါတယ်။
Forbes ရဲ့ ဖော်ပြချက်တွေအရ Kylie Jenner ရဲ့ “Kylie Cosmetics” ကုမ္ပဏီဟာ ဒေါ်လာ သန်း ၉၀၀ ကျော် (ယူရို ၆၈၅ သန်း) ရှိထားပြီးတော့ အဲဒါတွေကို Kylie တစ်ဦးတည်းကပဲ ပိုင်ဆိုင်သလို သူမကိုယ်ပိုင်ရဲ့ ချမ်းသာ ကြွယ်ဝမှုက ဒေါ်လာ တစ်ဘီလီလျံ (ယူရို ၇၆၁၃၄၀၀၀၀) ရှိတယ်လို့ ဆိုပါတယ်။ Kylie Jenner ဟာ Facebook ရဲ့ Founder “Mark Zuckerburg” ပြီးတဲ့နောက် အသက် အငယ်ဆုံး Billionaire ဖြစ်လာခဲ့ပါတယ်။ Zuckerberg ကတော့ အသက် ၂၃ နှစ်မှာ Billionaire ဖြစ်လာခဲ့သူပါ။
Kylie Jenner ဟာ သူမရဲ့ မော်ဒယ်လ်လုပ်ရာကနေ ရတဲ့ ၀င်ငွေကို “Kylie Cosmetics” ကနေ စစချင်း Lip Kits ၁၅၀၀၀ ကျော်ကို စတင်ရောင်းချပြီးခဲ့ပြီး Kylie Cosmetics ကို Follower ၁၉၅ သန်းလောက်ထံ Social Media ကတဆင့် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ “Kylie Cosmetics” ဟာ သက်တမ်းအားဖြင့် လေးနှစ်တာ ရှိပြီဖြစ်သလို မိန်းကလေးကြားထဲရေပန်းစားတဲ့ Brand တစ်ခုပါ။
သူမငယ်ငယ်ရွယ်ရွယ်နဲ့ Self-made Billionaire ဖြစ်လာရတဲ့အကြောင်းရင်းက ကိုယ်တိုင်အစွမ်းအစနဲ့ Kylie Cosmetics ကို တည်ထောင်ရာကနေ စတာဖြစ်သလို Forbes က ရွေးချယ်ဖော်ပြတဲ့ Self-made Billionaire တွေဟာ အမွေဆက်ခံထားတဲ့သူ၊
လုပ်ငန်းဆက်ခံသူတွေမဟုတ်ဘဲ ကိုယ်တိုင် စွန့်ဦးတီထွင်ထားတဲ့ လုပ်ငန်းတွေနဲ့ ငွေကြေးချမ်းသာကြွယ်ဝလာသူတွေဖြစ်ပါတယ်။
ဘီလျံနာ သူဌေးမလေး Kylie Jenner တစ်ယောက် သူမအသက်ငယ်တုန်းရွယ်တုန်းမှာ ဘယ်လို မိုင်တိုင်မျိုးတွေ ထပ်ပြီးစိုက်ထူဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။
Editor: Su Yi Htet