မိတ်ကပ်မပါဘဲ ယုံကြည်မှုအပြည့်နဲ့ လှပအောင်နေဖို့ရာ
မိတ်ကပ်ဆိုတာ တကယ်တော့ အမျိုသမီးတိုင်းအတွက် ယုံကြည်မှုကို ပြည့်စုံစေတဲ့ အဆင်တန်ဆာတစ်ခုလို့ ဆိုလို့ရတဲ့အပြင် မျက်နှာပေါ်မှာရှိရှိသမျှ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးထားတဲ့အရာဆိုလည်း မမှားပါဘူး။ ရှေးခေတ်ကာလတွေတုန်းကတည်းက အမျိုးသမီးတွေအတွက် မိတ်ကပ်က ရှိခဲ့တာဖြစ်ပြီးတော့ အချိန်ကာလပြောင်းလဲမှု၊ ခေတ်ရေစီးကြောင်းနဲ့အညီ ပြင်ဆင်မှုတွေလည်း ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
It’s true that makeup can help highlight our best features to become a confident lady and also cover any old scars on our faces. Makeup has been existent long long time ago and makeup looks are changing according to the time and mainstream.
ဒါပေမယ့် မိတ်ကပ်ဆိုတဲ့အရာက ရေရှည်မှာ အမြဲတမ်းသုံးဖို့ဆိုတာ မိမိအသားအရေအလှအပကျန်းမာရေးအတွက် အဆင်မပြေမှုတွေ ရှိနိုင်သလို တစ်ဖက်မှာလည်း မိတ်ကပ်လိမ်းဖို့ရပ်တန့်လိုက်တာနဲ့ စိတ်အလိုမကျမှုတွေ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပါးလာတွေနဲ့ မျက်နှာက မိတ်ကပ်မလိမ်းထားတဲ့အချိန်မှာ မပြည့်စုံသလို ခံစားရတာတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဒီပြဿနာဟာ နေ့တိုင်းလိုလို မိတ်ကပ်လိမ်းတဲ့သူတွေမှာ ပိုဖြစ်တတ်တာပါ။ မိတ်ကပ်မပါတဲ့အခါ မိန်းကလေး ၉၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယုံကြည်မှု နည်းပါးသွားကြသလို ကိုယ့်မျက်နှာက အပြစ်အနာအဆာလေးတွေ၊ အမာရွတ်တွေ၊ အရေးကြောင်းတွေကို လူမြင်မှာ စိုးရွံလာတတ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ကပ်မပါတဲ့ပင်ကိုယ်မျက်နှာအတိုင်းကို မိမိကိုယ်တိုင်တင်သာမကပဲ မိမိဘေးပတ်ဝန်းကျင်က လူတွေပါ သဘောကျလက်ခံလာတတ်ဖို့ရာ စိတ်ကိုလည်း ပြောင်းလဲပေးဖို့လိုပါတယ်။
Nonetheless, there are side effects of using makeup all the time like damaging your skin. Anyhow, on the other side, if you think of stopping to use makeup, you will feel less confident and something is missing in your daily life. This happens especially to the people who always put on makeup every day. 90 percent of women without makeup feel insecure about themselves and worry about their skin conditions. To go outside without makeup, you need to change your mind to accept yourself and what others were said to you.
မိတ်ကပ်မလိမ်းတာတော့ ဟုတ်ပါပြီ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်မှာဆိုတဲ့ မေးခွန်းတွေအတွက် အဖြေက…
So, what are the changes that we get without makeup??? Here are the answers…
၁-ပိုပြီး နုပျိုလာတယ်။
မိတ်ကပ်က လှပအောင် လုပ်ပေးနိုင်တယ်ဆိုပေမယ့် နဂိုရှိရင်းစွဲမျက်နှာကနေတော့ ပြောင်းလဲသွားစေတာအမှန်ပါပဲ။ ဆိုတော့ ကိုယ့်ရဲ့ ပင်ကိုယ်က နုနယ်နေရင်တောင် မိတ်ကပ်တွေကြောင့် ရင့်သွားစေနိုင်ပါတယ်။ မိတ်ကပ်တွေက မျက်နှာပေါ်မှာ အလွှာတစ်လွှာအနေနဲ့ ရှိနေတဲ့အပြင် ဖုန်မှုန့်တွေ၊ အဆီတွေလည်း လွယ်လွယ်ကူကူဖြစ်စေနိုင်ပြီးတော့ ကြာကြာ လိမ်းပါများရင် မျက်နှာကို ပိုရင့်စေပါတယ်။ မိတ်ကပ်မလိမ်းဘူးဆိုရင်တော့ အသားအရေက လန်းဆန်းပြီး ပိုမိုကျန်းမာလာတဲ့အပြင် မိတ်ကပ်မလိမ်းတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးရှိတာမို့ စိတ်ပိုပါပြီး နုနယ်လာစေမှာပါ။
Makeup can make you beautiful but it changes your original face look. So, even your age is young, you look older because of those makeups. Why do we say so? Because there is a makeup layer cover above your original skin, dust can easily go in and you face will be oily. If you don’t put on makeup, your skin will be fresh and more nutritious than with makeup and make your mind young and ease.
၂- Stress လျော့သွားစေတယ် ။
မိတ်ကပ်ပြင်ဆင်တဲ့အချိန်ဆိုရင် ကိုယ့်ရဲ့ မိတ်ကပ်ကညီညာရဲ့လား၊ ပြာနေလား၊ ကွက်နေလား၊ မျက်ခုံးမွှေးညီရဲ့လား စသည်ဖြင့် အမျိုးမျိုးအထွေထွေ စိတ်ညစ်စရာကိစ္စတွေ မရှိပါဘူး။ အလှပြင်ဆင်ချိန်အတွက် အချိန်အများကြီးပေးစရာမလိုသလို အခြားကိစ္စတွေအတွက် အချိန်ပိုပေးလို့ရပါတယ်။ အလှပြင်ထားပေမယ့် ကိုယ့်မိတ်ကပ်ကလှလား၊ မလှလား တွေးနေရတဲ့ Stress တွေကို လျော့ပါးကင်းဝေးစေပါတယ်။
While applying makeup on your skin, you will be worried about whether your makeup is good or not, whether your eyebrows are at the same shape. Without makeup, all of these are gone and you can save the time of applying makeup. In return, you can give time to other subjects and thus reduce the stress of whether looking good with makeup or not.
၃ – Skincare ကို ပိုဂရုစိုက်တတ်လာမယ်။
မိတ်ကပ်မလိမ်းပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ မျက်နှာကို နဂိုပကတိ အနေအထားအတိုင်း မြင်တွေ့နေရမှာဖြစ်တဲ့အတွက် အရင်တုန်းက Skincare ပိုင်းကို ပစ်ထားလိုက်မယ်ဆိုရင်တောင် နောက်ပိုင်း ပိုဂရုစိုက်ဖြစ်မှာပါ။ ကိုယ့်အသားအရေအခြေအနေအကြောင်း ကောင်းသမျှဆိုးသမျှ နေ့တိုင်းမြင်တွေ့ရမှာမို့လို့ လိုအပ်တဲ့အပိုင်းကို ဂရုစိုက်တတ်လာပြီး လိုအပ်တဲ့နေရာလေးတွေကို ဖြည့်စွက်တဲ့အတွက် အသားအရေလည်း ပိုကောင်းလာမှာပါ။ နောက်ပိုင်းမှာ Skincare Addicted တောင် ဖြစ်လာနိုင်ပါတယ်။
You might forget to use skincare every day while wearing makeup. By this time, you need to be a focus and give more time for skin care routine. Without makeup, you can clearly see what is happening to your skin, which part of the face that you need to take care more and thus owning a very best skin taking care in details more and you can even be a skincare addicted woman.
၎- မိတ်ကပ်မရှိလည်းဖြစ်တယ်ဆိုတာ လက်ခံတတ်လာမယ်။
အချိန်ကာလ တစ်ခုကြာ မိတ်ကပ်မလိမ်းဘဲနေပြီးမှ ပြန်လိမ်းကြည့်မယ်ဆိုရင် မိတ်ကပ်လိမ်းရတာ ပျင်းသွားတတ်သလို ခက်ခဲကောင်းခက်ခဲနေပါတယ်။ ဒါ့အပြင် မိတ်ကပ်မပါတဲ့အချိန်ကိုလည်းကျော်ဖြတ်ပြီးသား ဖြစ်သွားလို့ သဘာဝနဂိုအလှအတိုင်းပဲ နေချင်စိတ်က ပိုများနေတတ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ ပင်ကိုယ်ရှိပြီးသားမျက်နှာကို လက်ခံသွားတတ်ပြီး မိတ်ကပ်မပါဘဲ ငါလှတယ် အဆင်ပြေတယ်ဆိုတဲ့ စိတ်လေးပါ အလေ့အကျင့်ရသွားတာက ကောင်းတဲ့အချက်တစ်ချက်ပါ။
If you are staying long without makeup, you will be lazy to put on makeup back. Moreover, since you have passed through all the bad comments when you are without makeup, you would love to stay naturally as possible. The main point is whether you are without or with makeup, you accept the condition that is happening right now and gain more confidence among other people.
ကိုယ်တိုင် မိတ်ကပ်မပါဘဲ နေတတ်သွားပြီဆိုတဲ့နောက်မှာတော့ …
After living without makeup…
နဂိုအရှိအတိုင်း လက်ခံတတ်ဖို့ ကြိုးစားပါ။ တကယ်တော့ ရုပ်လှတယ်၊ရုပ်ဆိုးတယ်ဆိုတာ မရှိပါဘူး။ မိန်းကလေးတိုင်း၊ အမျိုးသမီးတိုင်း အယောက်စီတိုင်းမှာ ပင်ကို အလှတိုင်းရှိထားပြီးသားပါ။ မိတ်ကပ်က ပိုပြီး နဂိုအလှတရားကို ပေါ်လွင်ပြောင်းလဲသွားစေတာပဲရှိတာပါ။ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်လို မှုန်နေအောင် လှပချောမောသွားတဲ့အထိတော့ မပြောင်းလဲနိုင်ပါဘူး။ ဒါ့အတွက် မိမိရဲ့ နဂိုအလှတရားကို လက်ခံတတ်ဖို့လိုသလို မလိုအပ်ဘဲ အသားအရေပေါ် မိတ်ကပ်ထိတွေ့စေတာမျိုးကိုလည်း သတိထားသင့်ပါတယ်။
Try to accept reality. Actually, we cannot say other people that they look ugly or pretty with outer appearance as you have your own inner beauty. Makeup only makes you upgrade the beauty inside but it cannot change you to be alike another pretty woman. That’s why to believe in yourself and take care of your skin not to be touched up by makeup unnecessarily.
ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါ။
တစ်ခါတလေမှာ တစ်ချို့က မိတ်ကပ်ပါမှသာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာစေတယ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ အရေးကြီးတာက ကိုယ်ပိုင်အလှတရားကို တန်ဖိုးထားတတ်ဖို့နဲ့ ပင်ကိုအရှိအတိုင်းလည်း နေတတ်ဖို့ပါ။ နေရာနဲ့ ဒေသကို လိုက်ပြီး မိတ်ကပ်ကို လိုက်ဖက်အောင် လိမ်းလို့ရသလို မိတ်ကပ်မရှိလည်း လှပတဲ့အမျိုးသမီးတွေ ဖြစ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်တာ အကောင်းဆုံး ဖြစ်ပါတယ်။
Confident in yourself
Sometimes, you might think that you gain confidence only when you wear makeup. But, most importantly is to value your own beauty and stay beautiful naturally. You can apply according to the occasions when needed but staying confidently without makeup would be the best to become a beautiful woman.
words by Su Yi Htet
english translated by Eain Chu