ဒီလက ကျောင်းတွေ ပြန်တက်ရတဲ့ လဖြစ်တော့ တက္ကသိုလ်တွေ၊ကောလိပ်တွေ ပြန်တက်ကြတဲ့ ကျောင်းသူလေးတွေအတွက် လိုက်ပြင်ဆင်ကြည့်စရာ Makeup Look လေးတစ်ခုကို LUSH က ပြောပြပေးချင်ပါတယ်။ ဒီ Makeup Look က ဘာလဲဆိုရင် French-Girl Makeup Look လို့ခေါ်တဲ့ ပြင်ဆင်မှုဖြစ်ပြီးတော့ ဘယ်တော့မှ ရိုးမသွားတဲ့ မိတ်ကပ်ရေစီးကြောင်းထဲမှာ ပါတဲ့ ပုံစံလို့ ဆိုရင်လည်း မမှားပါဘူး။ ယေဘုယျအားဖြင့် ပြင်သစ်အမျိုးသမီးတွေ ပြင်ဆင်လေ့ရှိတဲ့ French-Girl Makeup Look က အရမ်းကို အသေးစိတ် ထင်းထင်းရင်းရင်း ပြင်ဆင်ထားတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ ပင်ကိုယ်ပုံစံကိုလည်း မပျောက်အောင် ပါးပါးလျလျနဲု့ပြင်ဆင်ထားတာဖြစ်ပါတယ်။ နောက်ဆုံးမှာ နှုတ်ခမ်းနီရဲရဲနဲ့ အဆုံးသတ်ထားတဲ့ French-Girl Makeup Look ရဲ့ပုံစံက မိန်းမဆန်မှုနဲ့အတူ တက်ကြွရဲရင့်တဲ့ ကောင်မလေးတစ်ယောက်အသွင်ကို ပြောင်းလဲပေးနိုင်ပါတယ်။
French-Girl Makeup Look ကို စပြင်ဆင်ပြီဆိုတာနဲ့ သိထားရမှာက
၁- အရမ်းထင်းရင်းတဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုး၊ ထူထူထဲထဲ ပြင်ဆင်ရတဲ့ပုံစံမျိုး မဟုတ်လို့ Natural ဘက်ကိုရောက်တဲ့ မိတ်ကပ်မျိုး ကြိုက်တဲ့သူတွေနဲ့ ပိုအဆင်ပြေပါတယ်။
၂- ပါးပါးလျလျ မိတ်ကပ်ပြင်ဆင်မှုမျိုး ဖြစ်တဲ့အတွက် Skincare Step ကိုပါ သေချာပြင်ဆင်သင့်ပါတယ်။
၃- မျက်ခုံးကိုလည်း တတ်နိုင်သမျှ သဘာဝကျကျ ဖြစ်အောင် ဆွဲပေးသင့်ပြီးတော့ ထူထူထင်းထင်းကြီးဖြစ်တဲ့ပုံစံမျိုးကို ရှောင်ပါ။
၎- သဘာဝကျနေတဲ့ ပြင်ဆင်မှုလေး ဖြစ်နေအောင် ပါးနီဖျော့ဖျော့လေးကို သုံးပေးလို့ ရသလို Highlighterကို ပါးပါးလေး သုံးလို့ရပါတယ်။
၅- သဘာဝကျကျ ပြင်ဆင်ထားတာဖြစ်လို့ Eyeshadow မသုံးထားတဲ့ အချိန်မှာ မျက်လုံးအလှကို ပိုပြီးပေါ်လွင်သွားအောင် Mascara လေး သုံးပေးသင့်ပါတယ်။ ကိုယ်က မဖြစ်မနေ Eyeliner သုံးမယ်ဆိုရင်တော့ Wing အရမ်းမရှည်တဲ့ Cat Eye ပုံစံလေး မျှင်မျှင်ပါးပါးလေး ဆွဲပေးလို့ရပါတယ်။
၆- French-Girl Makeup Look မှာ အရေးကြီးတာကတော့ အရောင်ရင့်နှုတ်ခမ်းနီတွေပါ။ အထူးသဖြင့် အနီရောင်၊ လိမ္မော်ရောင်၊ အုတ်ကျိုးရောင် စတဲ့ အနီဘက်ရောက်တဲ့ အရောင်တွေကို အသုံးများပါတယ်။
အခုအောက်မှာ တွေ့ရမှာကတော့ French-Girl Makeup Look ကို ပြင်ဆင်ထားကြတဲ့ ငွေကြယ်ပွင့်တစ်ချို့ရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။
Gal Gadot
Sophie Turner
Karlie Kloss
Selena Gomez
Jeanne Damas
ကဲ ဒီလောက်ဆို University Student တွေအတွက် အချိန်ကုန်သက်သာပြီး ပြင်ဆင်ရလွယ်ကူတဲ့ French-Girl Makeup Look ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ကောင်းကောင်းသိသွားလောက်ပါပြီနော်။
Editor: Su Yi Htet