Eat Section ကနေ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ရန်ကုန်မြို့က ရှေးခေတ် ကိုလိုနီကယ် အဆောက်အဦးတွေကိုထပ်ပြီး renovated ပြန်ပြင်ဆင်ပြီးဖွင့်လှစ်ထားတဲ့ Bar နဲ့ Restaurant တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။ မြန်မာပြည်ဟာ ကိုလိုနီရဲ့လက်အောက်ခံအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ကြရတဲ့အတွက် အဲဒီကိုလိုနီခေတ်က အဆောက်အဦးတွေဟာလည်းယနေ့အထိ များစွာကျန်နေခဲ့ပါတယ်။ ကိုလိုနီခေတ်အဆောက်အဦးတွေဟာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာဆိုရင်လည်း ကိုလိုနီခေတ် အဆောက်အဦးတွေဟာ အများကြီးအများကြီး ရှိနေပါသေးတယ်။
This month, what we would like to present is some colonial-era buildings in Yangon, which were renovated and opened as bars and restaurants. As the British colonized Myanmar for many years, there are still many colonial buildings left in these days. They existed for over a hundred years. Yangon too has many colonial buildings.
အဘက်ဘက်ကဖွံ့ဖြိုးလာနေတဲ့ ခေတ်ကာလမှာ နဂို F&B လုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတိုးချဲ့မှုရယ်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရယ်နဲ့ တခြား စီးပွားနယ်ပယ်က လုပ်ငန်းရှင်တွေဟာလည်း အခြေအနေကောင်းတဲ့ F&B Field ထဲကို တိုးဝင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း F&B နဲ့ပတ်သက်တဲ့ စားအသောက်ဆိုင်တွေ၊ Bar တွေဟာ ရန်ကုန်မြို့ပေါ်မှာ အဆမတန်များ ပြားလာရခြင်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီလို ကိုလိုနီကယ် အဆောက်အဦးတွေကို ခေတ်နဲ့အညီ ထပ်မံပြုပြင်မွန်းမံအဆင့်မြှင့်တင်ပြီး F&B လုပ်ငန်းအတွက် ဦးစားပေးနေရာအဖြစ် ရွေးချယ်ခြင်းတွေပြုလုပ်လာ ခဲ့ကြပါတယ်။ ဒီလို ကိုလိုနီကယ်အဆောက်အဦးတွေကို renovation ပြန်လည်လုပ်ပြီး Bar & Restaurant တွေကိုတင်ဆက်ပေးရတဲ့အခါမှာ ရွေးချယ်ရတာ အတော်ကို ခက်ခဲစေပါတယ်။ တချို့ဆိုင်တွေဟာ ဟိုးဆယ်စုနှစ်တွေကတည်းက ဖွင့်လှစ်ကာ တည်မြဲအောင်မြင်နေကြတာဖြစ်ပြီးတချို့တွေကတော့ အခုနောက်ပိုင်းနှစ်တွေမှာမှသာ ဖွင့်လှစ်လာခဲ့ကြတာဖြစ်ပါတယ်။ ဒီတော့ အခုတင်ဆက်ပေးလိုက်တဲ့ ကိုလိုနီအဆောက်အဦးတွေက Bar&Restaurant တွေကိုကြည့်လိုက်ရအောင်ပါ။
Nowadays, everything is developing and with business improvement in the F&B industry, many business entrepreneurs came into the F&B field. Thus, massive numbers of bars and F&B relating shops appeared recently in Yangon. Lately, such colonial buildings are being renovated in a trendy way and prioritized for the F&B industry. It is particularly difficult to choose to get upgraded and presented as bars and restaurants. Some shops have been opened for decades ago and still having achievement. Some are opened later these days. Let’s take a look at bars and restaurants from some colonial buildings in Yangon.
The Pegu Club
သမိုင်းမှာကြီးကျယ်တဲ့အခန်းကဏ္ဍတစ်နေရာက ရှိနေခဲ့တဲ့ The Pegu Club ကိုရွေးချယ်လိုက်ရတာက သူတို့ဟာ ၂၀၁၈-၂၀၁၉ မှာ Renovation ပြန်လုပ်ခဲ့တာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ သူတို့ကို Bar & Restaurant စာရင်းထဲကိုထည့်သွင်းလို့တော့မရပါဘူး။ လက်ရှိအချိန်ထိလည်း Renovation ကာလအပြည့်အ၀ မပြီးမြောက်သေးတာကြောင့် Public ကို အပြည့်အဝဖွင့်လှစ်ပေးလိုက်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် လက်ရှိမှာဆိုရင်တော့ Exclusive Party အချို့ကို လက်ခံကျင်းပပေးနေပါတယ်။ ၁၈၈၂ ခုနှစ်ကတည်းက အာဏာရ အင်္ဂလိပ်အစိုးရအရာရှိကြီးတွေနဲ့ အင်္ဂလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာ တက်ရောက်ခွင့်ရခဲ့တဲ့ ကလပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအပါအဝင် အခြားအာရှနိုင်ငံသားတွေလည်း ဝင်ခွင့်မရခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အရှေ့တောင်အာရှရဲ့အဆင့်အတန်းအမြင့်ဆုံးကလပ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်းသစ်တွေနဲ့ဆောက်ထားတဲ့ အဲဒီ Pegu Club ကို ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းထား ပြီး ရန်ကုန်မြို့ယဉ်ကျေးမှုနဲ့လူမှုပတ်ဝန်းကျင်ရဲ့တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်နေတယ် လို့ဆိုပါတယ်။ ဒီ The Pegu Club ကနေအစပြုခဲ့တဲ့ Pegu Club Cocktail ဟာဆိုရင်လည်း ကမ္ဘာကျော် cocktail ဖြစ်ခဲ့ပါတယ်။
We chose the Pegu Club, which played a vast role in history, was renovated in 2018-2019. Exceptionally, it cannot be regarded in the bars and restaurants list since it is still being renovated so far. Thus, it cannot be opened fully to the public. However, it accepts some exclusive parties. Originally, it was used to throw parties only for British Governmental Officers and business elites. Not only Myanmar and also other Asian nationalities were not allowed here. It used to be the most splendid club in South East Asia. The club built of teak was listed in the heritage of Yangon and is being tried to be a part of Yangon’s urban culture and society. The Pegu Club Cocktail originated from this Pegu Club, became world-famous.
The Pansodan
ဒီ The Pansodan Burmese Brasserie ကတော့ ၂၀၁၉ ခုနှစ် မတ်လကမှ ဖွင့်လှစ်ခဲ့တာပါ။ ကိုလိုနီခေတ် အဆောက်အဦးအများစုနဲ့ပြည့်နေတဲ့ ရန်ကုန်မြို့ရဲ့အဓိကအချက်အချာကျတဲ့ ပန်းဆိုးတန်းလမ်းပေါ်မှာရှိတာ ဖြစ်ပါတယ်။ The Pansodan ကတော့ အရင်က အိန္ဒယဘဏ်ဟောင်းတစ်ခုရဲ့ နေရာကိုပြည်လည်ပြီး Renovation လုပ်ခဲ့တာဖြစ်ပါတယ်။ ရောက်ဖူးသူတိုင်း မကြိုက်ဘဲမနေနိုင်ရလောက်အောင်ဖြစ်ရတဲ့ The Pansodan ရဲ့ Decoration တွေကလည်း နာမည်ကြီးလှပါတယ်။ နောက်တစ်ချက်က Burmese Brasserie လို့ဆိုတဲ့အတိုင်း The Pansodan ကတော့ Menu အရမ်းကိုစုံလွန်းပါတယ်။ ကီးမားပလာတာအပါအဝင် ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ဆီချက်ခေါက်ဆွဲ၊ မြီးရှည်စတာကနေ ဘီယာ၊ ကော့တဲလ်၊ ဝိုင်၊ ဝီစကီ အစအဆုံး အကုန်ရပါတယ်။ ပြောရရင်တော့ တစ်နေ့တာလုံးအတွက် အစားအသောက်နဲ့ပတ်သက်တဲ့လိုအပ်ချက် အားလုံးကို ဝန်ဆောင်မှုပေးနေတဲ့သဘောပါ။ ပြီးတော့ Drinks Categories မှာဆိုရင်လည်း မြန်မာနာမည်စစ်စစ်တွေကို အသုံးပြုထားတာတွေ့ရပါတယ်။ ဥပမာ Cocktail ဆိုရင် The Pansodan, Irrawaddy Fizz, Yangon 75 နဲ့ Mandalay Spritz ဆိုတဲ့နာမည်မျိုးတွေဖြစ်ပါတယ်။ The Pansodan Burmese Brasserie ကတော့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိနေတာဖြစ်ပါတယ်။ ဓာတ်ပုံအနုပညာခေတ်စားလာတဲ့ခေတ်မှာ ဓာတ်ပုံရိုက်စရာ Location အသစ်အနေနဲ့လည်း The Pansodan ကို ရွေးချယ်မှုလုပ်နိုင်ပါတယ်။
This “The Pansodan Burmese Brasserie” was opened in March 2019. It is located on the Pansodan Road, also known as the heart of Yangon where there are full of colonial buildings. A former Indian Bank was renovated to open it. Every customer cannot help enjoying its famous decorations. Moreover, as it is called Burmese Brasserie, The Pansodan has a very assorted menu such as starting from Kee Mar Prata, Shan Noodle, Monhingha, Chinese Noodle, Mee Shay Noodle to beverages like beer, cocktails, wines, whiskey. It can be said that it serves with the need for food and drinks the whole day. It is peculiar to use typical Myanmar names in Drink categories. For instance, in the cocktail menu, it named The Pansodan, Irrawady Fizz, Yangon 75 a Mandalay Spritz and so on. It is located in the middle block of Pansodan Road. We choose it for a new shooting location as photography is influential.
House of Memories
House Of Memories ကို ဒီအတိုင်း ပုံပဲကြည့်လိုက်မယ်ဆိုရင် မေမြို့က အိမ်တစ်အိမ်များလားလို့တောင် ထင်စရာရှိပါတယ်။ House of Memories ရဲ့တည်နေရာကတော့ အမှတ် ၂၉၀၊ ဦးဝိစာရလမ်းဖြစ်ပါတယ်။ ဦးသန့်နေအိမ်ပြတိုက်နဲ့လည်း မလှမ်းမကမ်းနေရာလေးဖြစ်ပါတယ်။ ဒီအိမ်ကြီးကို အရင်ကိုလိုနီခေတ်တုန်းက Mr.Dina Nath(ဝဏ္ဏကျော်ထင်)-Chairman of the Indian Independence Army for Burma နဲ့ Mrs.Caroline Nath(ဒေါ်ခင်သိန်းသိန်း) တို့ခြံဖြစ်ပါတယ်။ ကိုလိုနီခေတ်က ပိုင်ရှင်ဖြစ်သူဟာ BIA(Burmese Independence Army) ရဲ့ ရုံးချုပ်နေရာအသုံးပြုစေဖို့အတွက် ဒီအိမ်ကြီးကို ခွင့်ပြုပေးခဲ့တာကြောင့်လည်း ဒီအိမ်ဟာ သမိုင်းဝင်မြို့ပြအမွေအနှစ်အတွက် တန်ဖိုးရှိနေတာဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီအိမ်ရဲ့အပေါ်ထပ်ကိုရုံးခန်းအဖြစ်အသုံးပြုခဲ့ဖူးပြီး ဗိုလ်ချုပ်ရဲ့ရုံးသုံးပရိဘောဂ တွေကိုတော့ ယခုအချိန်ထိ သမိုင်းဝင်အမှတ်တရတွေအဖြစ်တွေ့မြင်နိုင်ပါ သေးတယ်။ ဒီအိမ်ကြီးကို သမိုင်းဝင် အမှတ်တရအိမ်အဖြစ် House of memories အမည်နဲ့ Restaurant အဖြစ်သို့ ပြန်လည် Renovation လုပ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒီအိမ်ကြီးမှာ သမိုင်းဖြစ်စဉ်ထဲက အမှတ်တရဓာတ်ပုံတွေကိုလည်း ချိတ်ဆွဲ ပြသထားရှိပါတယ်။ House of Memories မှာဆိုရင် မြန်မာ့ရိုးရာအစားအသောက်တွေနဲ့ အနောက်တိုင်းအစားအစာကောင်းတွေကို ရရှိနိုင်တာဖြစ်ပါတယ်။
If you just watch the House of Memories, you might think it is a mansion from May Myo (Pyin Oo Lwin). Its location is at No 290, U Wisarya Road, and a nearby place with U Thant Home Museum. This was owned by Mr. Dina Dath (Wunna Kyaw Htin), Chairman of the Indian Independence Army for Burma and his wife Mrs.Caroline Nath (Daw Khin Thein Thein) in the colonial era. The owner permitted to use this house as the Headquarter of BIA (Burmese Independence Army). Therefore, it is very priceless for historical urban heritage. General Aung San, the father of Independence, used the upstairs of this house as his office and the furniture is still being kept as historical evidence. This house has been renovated and opened as a restaurant named House of Memories. Ancient photographs from the history are displayed here. Myanmar and Western Foods are available here at The House of Memories.
Rangoon Tea House
စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ကိုထက်မြက်ဦး ဦးဆောင်ဖွင့်လှစ်ထားတဲ့ Rangoon Tea House ဟာဆိုရင် တော်တော်လေးကို နာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ရှေးခေတ်ကိုလိုနီအဆောက်အဦးတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရဲ့အလယ်ဘလောက်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ Rangoon Tea House ရဲ့ Renovation ပြင်ဆင်မှုဟာလည်း အထူးအထူးကိုပဲ ခမ်းနားပြီး ဆွဲဆောင်မှုအားကောင်းတဲ့ ပြင်ဆင်ဖန်တီးမှုကိုပြုလုပ်ထားပါတယ်။ အဆင့်အတန်းမြင့်တဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ အရသာအပြည့်အဝကို ပေးနိုင်အောင်ကြိုးစားထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာစားစရာတွေကို သန့်ပြီး အဆင့်အတန်းမြင့်မြင့်သုံးဆောင်ချင်ရင်တော့ Rangoon Tea House က ရွေးချယ်စရာဖြစ်နေမှာပါ။
Rangoon Tea House, organized and opened by an entrepreneur Ko Htet Myat Oo, is a very well known restaurant. Rangoon Tea House is opened in the heart of Yangon’s Pansodan Road where many colonial buildings lie. Its decoration is grand and attractive. It is created to enjoy the taste of a high-standard teashop. Rangoon Tea House is a must choice if you crave for hygienic Myanmar traditional foods in a high-standard place.
The Strand Café
ဒီ Article မှာ ချန်လှပ်ထားခဲ့လို့လုံးဝမရတဲ့ Café ပါပဲ။ 1901 ခုနှစ်ကတည်းကစတင်ခဲ့တဲ့ The Strand ဟာ ရန်ကုန်မြို့ရဲ့သက်တမ်းအရင့်ဆုံးဟိုတယ်ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အတက်အကျ အနိမ့်အမြင့်အကုန်လုံးကို ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့ဟိုတယ်လည်းဖြစ်ပါတယ်။ The Strand ဟိုတယ်ထဲက The Strand Café ကလည်း ခန့်ညားမှုနဲ့ဆွဲဆောင်မှုအပြည့်ရှိပါတယ်။ အခန်းရဲ့အငွေ့အသက်ကို ရှေးခေတ် မြန်မာပြည်ရဲ့အထက်တန်း ပုဂ္ဂိုလ်တို့ရဲ့ နေထိုင်မှုစတိုလ်နဲ့ တစ်ချိန်ကအရသာမျိုးခံစားမိနိုင်စေအောင်ပြင်ဆင်ထားတာဖြစ်ပါတယ်။
This is a café that cannot be left out of this article. Established in 1901, The Strand is the oldest hotel in Yangon and it had to stand the ups and downs of the city stubbornly. The Strand Café in this hotel is very appealing and magnificent. The atmosphere is created to be like the nature of ancient Myanmar high-class elites. Thus, one can taste the bizarre environment of the Strand Café.
Excelsior Yangon Hotel
2019 ထဲမှာ အဆင်သင့်ပြီးမြောက်ခဲ့တဲ့ Excelsior Yangon Hotel ဟာ ဟိုးတစ်ချိန် ၁၈၀၀ ခုနှစ်ဝန်းကျင်က Steel Brothers တည်ဆောက်ခဲ့တဲ့ British Exporting Company နေရာကို ပြန်လည်ပြီး Renovation ပြန်လည်ပြင်ဆင်ကာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Excelsior Yangon Hotel ဟာ ဆူညံတဲ့မြို့ပြဝန်းကျင်တစ်နေရာဖြစ်တဲ့ ဗိုလ်ဆွန်ပက်လမ်းမှာတည်ရှိနေတာဖြစ်ပေမယ့် ဟိုတယ်ထဲဝင်လိုက်တာနဲ့ အပြင်ကအသံတွေအားလုံးကို ဖယ်ရှားပစ်လိုက်ပါတယ်။ ဒါဟာ အဆင့်မြင့်အသံလုံမှန်တွေကို အသုံးပြုထားတာကြောင့်လို့သိရပါတယ်။ Excelsior Yangon Hotel မှာ The Newsroom လို့နာမည်ပေးထားတဲ့ Café ရှိပါတယ်။ ကိုလိုနီခေတ်အငွေ့အသက်ကို မဖယ်ရှားဘဲပြင်ဆင်ထားတာဖြစ်တဲ့အတွက် အေးချမ်းတိတ်ဆိတ်စွာနဲ့ Café မှာသက်တောင့်သက်သာ အနားယူသုံးဆောင်နိုင်ပါတယ်။ ဟိုတယ်ရဲ့အတွင်းအပြင်အဆင်တွေနဲ့ တိတ်ဆိတ်တဲ့အရသာကို အပြည့်အဝယူပြီး The Newsroom Café ကို သွားရောက်ကြည့်ဖို့တိုက်တွန်းပါရစေ။
Excelsior Yangon Hotel, which was renovated and accomplished in 2019, used to be the British Exporting Company built by Steel Brothers around the 1900s. Even though it is located on Bo Sun Pat Street, where there is a lot of urban noise, once you come inside the hotel, you are assured that you will not encounter those noises anymore. This is because they used high-quality soundproof glasses. There is a café in Excelsior Yangon Hotel called The Newsroom. As it was created without removing the influence of the colonial era, one can get relaxed and chilled peacefully here in the café. Therefore, we would like to encourage you to explore the Newsroom café to enjoy the interior decoration of the hotel and its soothing environment.