LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESS

Healthy Diet

written by Lush Editor December 15, 2017
Healthy Diet

ဒီလရဲ့ Fitness ကဏ္ဍမှာတော့ ခန္ဒာကိုယ်အလေးချိန်လျှော့ချင်တာ၊ တိုးချင်တာ၊ ကြွက်သားတက်ချင်တာ စတဲ့ Body Goal တွေရဖို့ မဖြစ်မနေထည့်စဉ်းစားရမယ့် Diet Planning အကြောင်းကို အဓိကထားပြီး ဖော်ပြလိုက်ပါတယ်။ Diet Planning ဆိုတာ ဘာလဲ။ Diet Plan ဆွဲတဲ့အခါ မဖြစ်မနေလိုအပ်တဲ့ အခြေခံအချက်တွေနဲ့အတူ BMR, TDEE, Diet Plan ကို ကိုယ်တိုင်ရော ဘယ်လိုရေးဆွဲနိုင်မလဲစတာတွေနဲ့အတူ Meal Planning ကိုပါ စနစ်တကျ ဘယ်လိုချမှတ်နိုင်မလဲဆိုတာ ဝေမျှလိုက်ပါတယ်နော်။

Diet Planning ဆိုတာဘာလဲ

လူတော်တော်များများကတော့ ရေတိုကာလအတွင်းဝိတ်ကျဖို့နဲ့ အစားရှောင်တာတွေအတွက် Diet နဲ့ ပတ်သက်ဆက်နွယ်ရပါတယ်။ ဒါပေမယ့် Diet Plan ဆိုတာက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေ၊ ခန္ဓာကိုယ်အလေးချိန်နဲ့ ဘ၀နေထိုင်မှုပုံစံတွေကို အခြေခံပြီးတော့ ၀ိတ်ကျဖို့နဲ့ လိုချင်တဲ့ကျန်းမာရေးပန်းတိုင်တွေရဖို့ကို ချိန်ညှိပြီး ရေးဆွဲရတာပါ။

Diet Plan က ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ စားသောက်ပုံအလေ့အကျင့်၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဘ၀နေထိုင်မှုပုံစံ ခန့်ခွဲမှုတွေကို လမ်းညွှန်ပေးမယ့် တစ်ဦးတစ်ယောက်ချင်းစီအတွက် အထူးရေးဆွဲရတဲ့ လမ်းညွှန်မှုပုံစံဖြစ်ပါတယ်။

Diet Planning က ဘာကြောင့် အရေးကြီးတာလဲ

Diet Planning က အရေးကြီးရတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ လူအများစုအတွက်က ဒါက ၀ိတ်ကျဖို့၊ ကျန်းမာရေးပိုကောင်းဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာအောင် တည်ဆောက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တချို့အတွက်ကျတော့ မင်္ဂလာပွဲ၊ အားလပ်ရက်အပန်းဖြေခရီးစဉ်နဲ့ မိတ်ဆွေဟောင်းများ ပြန်လည်တွေ့ဆုံပွဲတွေအတွက်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဘ၀နေထိုင်မှုပုံစံက တခြားတစ်ယောက်နဲ့ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ ဒါကြောင့် Diet Plan က တစ်ဦးချင်းအလိုက် အထူးရေးဆွဲရတာမျိုး ဖြစ်ပါတယ်။

သင့်ခန္ဒာကိုယ်က အစားအစာတွေကို ဘယ်လိုခြေဖျက်ပြီး အလုပ်လုပ်ပါသလဲ

သင့်ရဲ့လိင်အမျိုးအစား၊ အသက်၊ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုတွေက သင်စားတဲ့အစားအစာကို ခန္ဓာကိုယ်က ခြေဖျက်ပြီး အာဟာရ ရယူ အလုပ်လုပ်တဲ့ပေါ် သက်ရောက်မှုရှိပါတယ်။ ၀ိတ်ကျဖို့အတွက်ဆိုရင် သင့်ခန္ဓာကိုယ်နဲ့သင့်တော်တဲ့ စားသောက်မှုပုံစံကို ရွေးချယ်ဖို့လိုပါတယ်။ နောက်ပြီး သင့်ရဲ့ အူလမ်းကြောင်းကျန်းမာရေးကလည်း အရမ်းအရေးကြီးပါတယ်။ သင့်ရဲ့ အူလမ်းကြောင်းကို စစ်ဆေးတဲ့အခါ အစားအစာတွေကိုခြေဖျက်အလုပ်လုပ်နေပုံကို တွေ့နိုင်ပြီး တကယ်လို့ သင်က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချိုတဲ့နေတာမျိုးဆိုရင်လည်း သိနိုင်ပါတယ်။

တစ်ဦးချင်းစီအတွက် ရေးဆွဲရတဲ့ Diet Plan

တချို့တွေက ၀ိတ်ကျဖို့အတွက် တစ်နေ့တာစားရမယ့်စုစုပေါင်းကယ်လိုရီပမာဏကို အာရုံစိုက်နေချိန်မှာ တချို့ကတော့ အစားဘယ်လောက်ပမာဏပဲစားသင့်လဲဆိုတာကို တိတိကျကျ သိချင်ကြပါတယ်။ နောက်ဆုံးပေါ်နည်းကတော့ တစ်ဦးချင်းစီအတွက် လိုအပ်တဲ့အာဟာရနဲ့ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ အဓိကအာဟာရဓာတ်တွေကို နားလည်စေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ တစ်ဦးချင်းစီဲရဲ့ ခန္ဓာကိုယ်က လိုအပ်ချက်၊ နေထိုင်မှုပုံစံတွေကိုလိုက်ပြီး Diet Plan တွေ ဆွဲလာကြပါတယ်။

လေ့ကျင့်ခန်းကလည်း အရေးပါတဲ့အပိုင်းဖြစ်ပါတယ်

ဘယ်လေ့ကျင့်ခန်းအမျိုးအစားက သင့်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှု(Metabolism) အပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကို နားလည်သဘောပေါက်ပြီး အစားအစာကို ဘယ်လိုချိန်ညှိပြီးစားရမလဲဆိုတာ Diet Planning မှာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအမျိုးအစား၊ ပြင်းထန်မှု၊ လေကျင့်ခန်းလုပ်မယ့်ကြာချိန်တွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ လမ်းလျှောက်တာက သင့်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို တက်ကြွအောင် လှုံဆော်ပေးနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Gym ကစားတာ၊ တခြားအားကစားနဲ့ တစ်ဦးချင်းစီလေ့ကျင့်သင်ကြားပေးတဲ့ လေ့ကျင့်ခန်သင်တန်းတွေကလည်း Diet Plan မှာ ပုံမှန်လှုပ်ရှားမှုအနေနဲ့ ပါဝင်ရမှာ ဖြစ်ပါတယ်။

Diet Plan ကို ကိုယ်တိုင်ကြိုးစားပြီး ရေးဆွဲကြည့်မယ်ဆိုရင်လည်း …ရပါတယ်။  Diet Plan ဆွဲတဲ့အခါ သိထားရမယ့် အခြေခံအချက် ၆ ချက်ကို အရင်ကြည့်ရအောင်နော်။

Diet ဆိုတာ ဘာလဲလို့ လူတွေကို မေးကြည့်မယ်ဆိုရင် သူတို့က Diet ဆိုတာကို ၀ိတ်ကျစေမယ့် ရေတိုပန်းတိုင်နဲ့ ရေတွက်မကုန်နိုင်တဲ့ အစားအသောက်ကန့်သတ်ချက်တွေလို့ အဓိပ္ပာယ်ဖွင့်ကြမှာပါ။ အမှန်တကယ်တော့ Diet ဆိုတာ ကိုယ်တို့တွေစားသမျှ အစားအစာကို ရည်ညွှန်းတာပါ။ ကောင်းမွန်မှန်ကန်တဲ့ စားသောက်မှုပုံစံက ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ဖြစ်စေပြီး သင့်တင့်မျှတတဲ့စားသောက်မှုပုံစံကို သင့်ရဲ့နေ့စဉ်ဘ၀ထဲကို ရောက်လာစေမှာပါ။ လက်တွေ့ကျတဲ့စားသောက်မှုပုံစံကို ရေးဆွဲမယ်ဆိုရင် Diet Planner တွေက ABCDMV Method ကို ညွှန်းကြပါတယ်။ ABCDMV ဆိုတာ Adequacy, Balance, Calorie Control, Nutritional Density, Moderation, Variety တို့ပဲဖြစ်ပါတယ်။

1.Adequacy (ပြည့်စုံလုံလောက်မှု)

2.Balance (ညီညွတ်မျှတမှု)

3.Calorie Control (ကယ်လိုရီထိန်းချုပ်မှု)

4.Nutritional Density (အာဟာရပါဝင်မှု)

5.Moderation (အလယ်အလတ်စားသောက်မှုပုံစံ)

6.Variety (စုံစုံလင်လင်ရွေးချယ်စရာများတဲ့စားသောက်မှုပုံစံ)

ဒီအခြေခံတွေပေါ်မူတည်ပြီး အာဟာရပြည့်အောင်စားနိုင်ဖို့ ၊ သင့်တင့်မျှတတဲ့စားသောက်မှုပုံစံဖြစ်ဖို့ ကြိုးစားကြည့်လိုက်ပါဦး။

 

Ref:

http://www.acaloriecounter.com/diet/how-to-create-an-effective-diet-plan-for-free/

https://www.livestrong.com/article/520921-the-6-basic-principles-of-diet-planning/

www.bodybuilding.com

 

words by anna

LUSH get fitLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Myanmar Modern Dresses by Justice Art
next post
Simplicity Is The Best

Recommended

Turn to Beer Yoga!

September 25, 2017

Fit in your 30s

May 9, 2019

Physiological & Psychological Revolutions

April 12, 2019

Better Thyself

December 27, 2019

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

High-Protein Vegetables and Peas for Health

April 11, 2019

ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်

June 30, 2023

ပြည်တွင်း ပြည်ပ Zumba Instructor တွေပူးပေါင်းကျင်းပတဲ့ “လှုရင်းနဲ့ ပျော်မယ့် ပျော်ရင်းနဲ့...

July 29, 2019

Useful Sports Gadgets

June 28, 2019

Keep You on Track For Better Health All...

January 22, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem