Dior က Stellar Halo Shine Lipstick ၁၅ ရောင် နဲ့ Stellar Gloss ၁၈ ရောင်ပါတဲ့ collection အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Lipstick ရော၊ gloss ရောရဲ့ packaging က Dior beauty ရဲ့ signature ဖြစ်တဲ့ Dior logo ပါတဲ့ ငွေရောင်ဗူးလေးနဲ့ပါပဲ။
Lipstick မှာဆို ကြယ်ပုံလေးပါပြီးတော့ shimmery လည်းဖြစ်သလို ရေဓာတ်လည်းဖြည့်ပေးမယ့် feature တွေပါပါတယ်။ အရောင်တွေကတော့ အနီတောက်တောက် “Be Dior Star”၊ လိမ္မော်ရောင် “Superstar”၊ ခရမ်းပုပ်ရောင် “Wild Star” စတဲ့အရောင်တွေပါမှာပါ။
Stellar gloss က cranberry အဆီ၊ Jojoba အဆီတွေနဲ့ ဖော်စပ်ထားပြီးတော့ အရောင်တွေက “zoodiaddict” ဆိုတဲ့ ရွှေရောင်၊ “Stellar” ဆိုတဲ့ အလက်လက်လေးတွေပါတဲ့ ခရမ်းရောင် နဲ့ “magnify” ဆိုတဲ့ ခပ်မှိုင်းမှိုင်းအနီရောင် တွေပါမှာပါ။
Lipstick ကို အရင်ဆိုးပြီး lip gloss ကို အပေါ်ကထပ်ဆိုးဖို့ Dior Makeup Director Peter Philips က recommend ပေးထားပါသေးတယ်။ ဒီ collection ကို Dior ရဲ့ website မှာ March 1 ရက်နေ့မှ ရောင်းချသွားမှာပါ။
Ref: hypebae
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHbeauty #Dior #StellarCollection