Corset လို့ကြားလိုက်တာနဲ့ ဟိုးအရင် ၁၆ ရာစုလောက်က ယောကျ်ားလေးရော၊ မိန်းကလေးတွေကြားထဲမှာပါ ခေတ်စားခဲ့တဲ့အရာကို အားလုံးပြေးမြင်ကြမှာပါ။ ဒါပေမဲ့ corset ဝတ်တာက ခန္ဓာကိုယ်အတွက် မကောင်းတဲ့ဆိုးကျိုးတွေရှိပါတယ်။ ဒါကြောင့်လည်းနောက်ပိုင်းမှာ corset ကို သက်သောင့်သက်သာဖြစ်စေမယ့် ဒီဇိုင်းမျိုးတွေနဲ့ ထုတ်လုပ်လာပြီး ဖက်ရှင်ပိုင်းမှာ တစ်ခေတ်နေရာပြန်ယူလာပါတယ်။ ၁၉၈၀ ဝန်းကျင်လောက်မှာ Vivienne Westwood, Jean Paul Gaultier တို့လို နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေက corset ဖက်ရှင်ကို အသက်သွင်းခဲ့ပါတယ်။ ၁၉၉၀ ဝန်းကျင်မှာ Madonna က သူ့ရဲ့ Blonde Ambition tour မှာ ဝတ်ခဲ့တဲ့ Jean Paul Gaultier ရဲ့ corset ကလည်း အရမ်းနာမည်ကြီးခဲ့ပါတယ်။
ဒီနှစ်ဝန်းကျင်မှာဆိုလည်း corset ကို ဒီဇိုင်းပြန်ထွင်ထားတဲ့ corset belt တွေ၊ waist belt တွေကို ပြန်ပြီးတွေ့လာရပါတယ်။ corset belt ကို dress တွေ၊ Jumpsuit တွေနဲ့တွဲချုပ်ထားတဲ့ ဒီဇိုင်းမျိုးတွေလည်းတွေ့ရပါတယ်။ Prada, Alexander McQueen, Dior, Saint Laurent တို့လို နာမည်ကြီးဖက်ရှင် brand တွေရဲ့ corset belt တွေကိုလည်း fashion show တွေမှာတွေ့လာရပြီး corset belt က လူတိုင်းဝတ်လာမယ့် trend တစ်ခုဖြစ်လာနိုင်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Corset #CorsetBelts #Waistbelt