LUSH မဂ္ဂဇင်းရဲ့စာဖတ်ပရိတ်သတ်တို့မင်္ဂလာပါ….
ဒီအပတ်မှာတော့ Otaku Ladies လေးတွေရဲ့အကြိုက် ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကာတွန်းဆရာ Eiichiro Oda ဖန်တီးတဲ့ ONE PIECE ကာတွန်းလေးထဲက အမျိုးသမီးသရုပ်ဆောင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို Inspire ယူပြီးဖန်တီးထားတဲ့ Anime-inspiration Wedding Dress လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီဝတ်စုံဒီဇိုင်းလေးတေွကတော့ဂျပန်နိုင်ငံရဲ့နာမည်ကြီးမင်္ဂလာဆောင်စီမံကိန်းရေးဆွဲရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ PLACOLE နဲ့ ONE PIECE TV Series တို့ Collaboration ပြုလုပ်ထားတဲ့ Collectionလေးဘဲဖြစ်ပါတယ်။ Anime-inspiration တွေဖြစ်ပေမယ့် Cosplays တွေမဟုတ်ပါဘူး။သတိုးသမီးဝတ်လေးများနှစ်သက်တဲ့ Wedding Gown တွေဘဲဖြစ်ပါတယ်။
ဒီCollectionလေးကိုဆယ့်နှစ်လရာသီWedding Gown Projectအနေနဲ့တမူထူးစွာ၂၀၂၀ဩဂုတ်လကစပြီးတစ်လတစ်စုံနှုန်းဖော်ထုတ်မိတ်ဆက်ခဲ့ပါတယ်။Collection Vol No.5 “Shirahoshi” ကိုဒီဇင်ဘာလမှာပရိတ်သတ်နဲ့ မိတ်ဆက်ခဲ့တာတွေ့ရပါတယ်။ဝတ်စုံတစ်စုံခြင်းစီကိုတော့ONE PIECEထဲကဇာတ်ဆောင်တွေရဲ့Fashion Style , Colourနဲ့ကိုယ်ပိုင်ဟန်အမူအရာတွေပေါ်ကINSPIREယူပြီးဖန်တီးထားတာပါ။
♥ The “Nami” Inspired Wedding Dress ♥
ပထမဆုံးမိတ်ဆက်ခဲ့တဲ့ဝတ်စုံလေးကတော့ ONE PIECE ရဲ့ဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ “Straw Hat navigator Nami” ရဲ့အကြိုက်ဆုံးအသီးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ Mikan လို့ခေါ်တဲ့ (Mandarin Orange) ကို Inspire ယူပြီးဖန်တီးထားတဲ့ Wedding Gown လေးဘဲဖြစ်ပါတယ်။ အဝါရောင်နဲ့လိမ္မော်ရောင်ဇာပါးကို Layer အထပ်ထပ်နဲ့အတူ လိမေ္မာ်ပန်းဖြစ်တဲ့ Mikan Flower တွေနဲ့ဒီဇိုင်းဖန်တီးထားတဲ့ Off-the-shoulder ‘A-line’ Dress ပုံစံ Wedding Gown လေးဘဲဖြစ်ပါတယ်။ ပန်းစည်းလေးကိုလဲ Mikan Flower နဲ့ပြုလုပ်ထားတာဖြစ်ပြီး ဝတ်စုံနဲ့အတူ Accessory အနေနဲ့ဝမ်းဆက်ဖန်တီးပေးထားတာပါ။ နုပျိုတဲ့အသွင်နဲ့အတူ စင်ကြယ်တဲ့ Summer Feel ကိုရစေတာကြောင့် နွေဦးရာသီမှာမင်္ဂလာဆောင်မယ့် ONE PIECE’S FANS သတိုးသမီးလေးတွေအတွက်တော့ အထူးသင့်တော်လှပါတယ်။
♥ The “Vivi” Inspired Wedding Dress ♥
အပြာရောင်နဲ့မီးခိုးရောင်ရောစပ်ထားတဲ့ “shoulderless design ‘slender line’ Wedding Gown လေးကတော့ “Alabasta Kingdom’s Princess Vivi” ကို Inspire ယူပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီဝတ်စုံလေးကတော့ မင်းသမီးလေးတစ်ယောက်ရဲ့အလှကိုဖော်ညွှန်းနိုင်ပြီး Princess Vivi ရဲ့ဇာတ်ကောင်စရိုက်အတိုင်း အလွန်ပဲကျက်သားရေရှိလှပါတယ်။
♥ The “Perona” Inspired Wedding Dress ♥
အမဲရောင်၊ခရမ်းရောင်နဲ့ပန်းရောင်တို့ကို ရောစပ်ပြီးဇာပါးကိုဒေါင်လိုက်ရိုးရှင်းစွာဒီဇိုင်းထွင်ထားတဲ့ဒီဝတ်စုံလေးကတော့”Ghost Princess” PeronaကိုInspireယူပြီးဖန်တီးထားတာပါ။ကမ္ဘာပေါ်မှာအပျော်ဆုံးမင်းသမီးလေးPeronaရဲ့ဇာတ်ကောင်စရိုက်ဖြစ်တဲ့အချိန်မရွေးကခုန်တတ်တဲ့ ချစ်စဖွယ်စရိုက်လေးကိုပေါ်လွင်စေတဲ့One Shoulder Wedding Gownလေးဖြစ်ပါတယ်။
♥ The “Robin” Inspired Wedding Dress ♥
Archaeologists “Nico Robin” ကို Inspire ယူပြီး ဖန်တီးထားတဲ့ဝတ်စုံလေးကတော့ ရှေးဟောင်းသုတေသနပညာရှင်ဆိုတဲ့ဂုဏ်ပုဒ်အတိုင်း ဂန္တဝင်မြောက်တဲ့ Classic အသွင်ကိုဆောင်နေတာတွေ့ရပါတယ်။ နက်ပြာရောင်ကို ပန်းထိုးထားတဲ့ဇာအနက်ရောင်နဲ့တွဲဖက်ထားတာဟာတည်ငြိမ်ပြီးကျက်သားရေရှိလှပါတယ်။ Otaku Ladies လေးတွေ ကြိုက်နှစ်သက်မယ့်ဝတ်စုံလေးလို့ထင်မိပါတယ်။
♥ The “Shirahoshi” Inspired Wedding Dress ♥
Mermaid Princess “Shirahoshi” ကို Inspire ယူပြီး ဖန်တီးထားတဲ့ဝတ်စုံလေးကတော့ Pastel Colour ရောင်စုံနဲ့ဇိုင်းထွင်ထားပါတယ်။ Off- shoulder Wedding Gown လေးဖြစ်ပြီး ပန်းရောင်၊အဝါရောင်၊အပြာရောင်၊အစိမ်းရောင်စတဲ့အရောင်နုဇာပါးတွေကိုသုံးထားတဲ့သက်တံ့ရောင်သတိုးသမီးဝတ်စုံလေးဘဲဖြစ်ပါတယ်။ မျက်နှာဖုံး ဇာပဝါပါးလေးကိုတော့ ပုလဲရောင်ကိုအသုံးပြုထားပြီး Regal Style အသွင်ဆောင်တဲ့ Wedding Gown လေးဘဲဖြစ်ပါတယ်။
ဒီPersonal Styleတွေကွဲပြားတဲ့Anime-inspiration Wedding Dress လေးတွေကိုONE PIECEချစ်သူတို့နှစ်သက်ကြမယ်လို့ထင်ပါတယ်။
Get married in a One Piece wedding dress!
ဆယ့်နှစ်လရာသီ Wedding Gown Project လေးထဲက Vol No.1မှ No.4 အထိဝတ်စုံလေးတွေကိုတော့ ၂၀၂၁ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့ကစပြီး https://pla-cole.wedding/onepiece-dress မှာယူနိုင်ပါပြီလို့ မိတ်ဆက်ပေးရင်းနိဂုံးချုပ်လိုက်ပါတယ်။
LUSH X Thi’s Fashion Alliances Collaboration
Reference : https://pla-cole.wedding/onepiece-dress
Edu biostat sampsize. cialis The ideal bmi for fertility should use reliable contraception for days.