LUSHers တို့ထဲမှာ Friends TV Show fans တွေရှိလား။ ရှိတယ်ဆိုရင်တော့ Friends ကို inspire ယူပြီး လောလောလတ်လတ်ထွက်ထားတဲ့ ဒီ eyeshadow palette လေးက Friends fan တွေအတွက်စောင့်ကြိုနေပါတယ်။ ဒီ eyeshadow palette လေးကတော့ U.S အခြေစိုက် beauty brand တစ်ခုဖြစ်တဲ့ Peachy Queen က ထုတ်တာပါ။ Palette ရဲ့နာမည်ကို Friends ရဲ့ theme song ဖြစ်တဲ့ I’ll be there for you ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီ eyeshadow palette မှာ အရောင် ၁၆ ရောင်ပါကာ Matte ရော Shimmer ပါ ပါပြီး Friends tv show ကို အမှတ်ရနေမယ့် Smelly cat, How you doin’, Pivot, Naked Guy, Yemen, Seven စတဲ့နာမည်တွေပေးထားတဲ့ eyeshadow လေးတွေကို တွေ့ရမှာပါ။ ဈေးကတော့ $29.99 USD နဲ့ Peachy Queen website မှာဝယ်ယူနိုင်ပါတယ်။
Ref: Preview
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHbeauty #Friends #Eyeshadowpalette