LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESS

Fit in your 30s

written by Maeve May 9, 2019
Fit in your 30s

ထိပ်စီးဂဏန်းလေးပြောင်းလဲလိုက်တာနဲ့ သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားတွေကအစ ပြောင်းလဲသွားတာမျိုး သင့်ပတ်ဝန်းကျင်နဲ့ သင်ကိုယ်တိုင်မှာပါ ခံစားနေရပြီလား။

အသက် ၃၀ ထဲဝင်ရောက်လာတာနဲ့ မလိုလားအပ်တဲ့နေရာတွေမှာ အဆီပိုတွေစုနေတဲ့ဆိုးရွားတဲ့ကိစ္စကို သင်တစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ တစ်ကမ္ဘာလုံးမှာ ဒီလိုအဆီပိုတွေရဲ့ဆိုးကျိုးတွေကို ခံစားနေရတဲ့သူတွေက လက်ချိုးမရေတွက်နိုင်အောင် အများကြီးပါ။

ကိုယ့်အနီးနားပတ်ဝန်းကျင်ကိုပဲ အနည်းငယ်လောက်ဂရုစိုက်ကြည့် ကြည့်မယ်ဆိုရင် ဒီအသက်အရွယ် အပိုင်းခြားရောက်တာနဲ့ဗိုက်ပူ၊ အ၀လွန်နေတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ အရေးကြီးဆုံးက ဒီလိုလူအုပ်စုထဲမှာ ကိုယ်တိုင်မပါဝင်ဖို့နဲ့ တကယ်လို့ ဒီလိုအုပ်စုထဲ ရောက်နေတယ်ဆို အချိန်မလွန်ခင် အမြန်ဆုံးရုန်းထွက်ဖို့ ကြိုးစားရမယ့်အချိန်ရောက်ပါပြီ။

ဘာလို့လည်းဆိုတော့ အသက်တစ်နှစ်ထပ်တစ်နှစ်ကြီးလာတာနဲ့အမျှ ကြွက်သားတွေရဲ့အလုပ်လုပ်နိုင်စွမ်း ၊ ဟော်မုန်း အပြောင်းအလဲနဲ့ စိတ်ဖိစီးမှုတွေက တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ဒီအချိန်မှာမှ အဆီပိုတွေကို မတားနိုင်ရင် နောက်ဆက်တွဲဆိုးကျိုးပေါင်းများစွာကို ခံစားရတော့မှာမို့လို့ပါ။

ဒါကြောင့် ကိုယ့်အနေနဲ့ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ ငယ်ရွယ်စဉ်က အလျဉ်းသင့်သလို ဂရုမစိုက်ဘဲစားခဲ့တဲ့ အစားအသောက်ပုံစံနဲ့ နေထိုင်မှုပုံစံအကျင့်ဆိုးတွေကို အကုန်ပြင်ဆင်ဖို့ စတင်ကြိုးစားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူဆို အသက် ၃၀ ထဲဝင်လာပြီဆို မဖြစ်မနေ exercise တစ်ခုခုလုပ်ဖို့အကြံပြုချင်ပါတယ်။

နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖြစ်အောင် အမျိုးသားတွေဆိုရင် gym ပုံမှန်သွားတာမျိုး ၊ အမျိုးသမီးတွေဆို ယောဂ ဒါမှမဟုတ် Dancing class တစ်ခုခုကို စတင်ရွေးချယ်သင့်ပါတယ်။  

Get fit

ကျွန်မတို့လူသားတွေမှာ ခန္ဓာကိုယ်လှုပ်ရှားမှုပုံမှန်မရှိတော့ဘူးဆိုရင် ဆယ်စုနှစ်တစ်ခုကြာတိုင်း ကြွက်သားတွေရဲ့ စွမ်းဆောင်ရည်က ၃ % ကနေ ၅ % လောက်ထိ ကျဆင်းသွားပါတယ်။ ဒီလိုကြွက်သားအားနည်းမှုကို ကာကွယ်ဖို့ နေ့စဉ်နေ့တိုင်း လိုအပ်တဲ့ပရိုတိန်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရတာဖြစ်ပါတယ်။

ပုံမှန် workout လုပ်ဖို့အရေးကြီးသလိုပဲ workout လုပ်ပြီးတဲ့ခန္ဓာကိုယ်ကို မှန်ကန်ပြီးသင့်တင့်မျှတတဲ့အာဟာရ ပြန်လည်အားဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

ထပ်မံသတိပြုရမယ့် အရေးကြီးဆုံးအချက်တစ်ချက်လည်း ရှိပါသေးတယ်။ အမျိုးသား ၊ အမျိုးသမီးတိုင်းမှာ အသက် ၃၀ ကစပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင်နည်းပါးလာပြီး ကိုလက်စထရောနဲ့ သွေးဖိအားတွေ တဖြည်းဖြည်းမြင့်တက်လာပါတယ်။ ပြီးရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သွေးတွင်းအဆီများပြားပြီး နှလုံးအဆီဖုံးတာ ၊ နှလုံးသွေးကြောပိတ်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သင်သာ ယောဂအမြဲကျင့်တဲ့သူတစ်ယောက်ဆို ဒီပြဿနာတွေက အသေးအမွှားလေးတွေချည်းပါပဲ။ တစ်ပတ်ကို အနည်းဆုံး ၂ ရက်လောက် အားလပ်ရက်ရှိတယ်ဆိုရင် gym သွားကစားမယ့်အစား yoga class တစ်ခုခုတက်ပြီး နေ့စဉ်အားလပ်ချိန်မှာ ယောဂလေ့ကျင့်ခန်းလုပ်မယ်ဆို သင့်ခန္ဓာကိုယ်အတွက် ပိုအကျိုးရှိနိုင်ပါတယ်။

Drink More Water

အရင်ကရေကိုဂရုတစိုက်မသောက်ခဲ့ရင် အခုကစပြီးအဲ့ဒီအလေ့အကျင့်ကို စတင်ပြင်လိုက်ပါ။ ရေများများ သောက်ပေးမှသာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ၊ ဇီဝကမ္မဖြစ်စဉ်ကျဆင်းခြင်းနဲ့ အခြားနောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုချင်သူတိုင်းက ရေများများသောက်ဖို့မမေ့ပါနဲ့။

Do swimming or pull-ups

အသက် ၃၀ အရွယ်အမျိုးသား ၊ အမျိုးသမီးတိုင်းနဲ့အသင့်တော်ဆုံး အားကစားနည်းတွေထဲမှာ ရေကူးနဲ့ ဘားခိုကတော့ အလွယ်ကူဆုံးနဲ့ လေ့ကျင့်ရအလွယ်ဆုံးဖြစ်မယ့်အားကစားနည်းတွေပဲ ဖြစ်ပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ (၈) ပတ်ကြာ ရေကူးသင်တန်းတက်ရောက်ပြီးတဲ့ အမျိုးသားတစ်ယောက်က အရင်တုန်းကထပ် ကြွက်သားစွမ်းဆောင်ရည် ၂၃ % ကျော် အားကောင်းလာတယ်လို့ ဆိုကြပါတယ်။

ဘားခို (Pull-up) အားကစားဆိုလည်း ကြွက်သားနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကအားတွေပေါင်းစပ် လေ့ကျင့်ရတဲ့အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်ဆို ကြွက်သားကျစ်လျစ်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းစေပါတယ်။

Set a time to see the doctor

အမျိုးသမီးတွေနဲ့အနေနဲ့ အသက် ၂၀ ကျော်လာရင် အသံတိတ်အန္တရာယ်တွေဖြစ်တဲ့ သွေးတိုးနဲ့ ကိုလက်စထရော မြင့်မားမှုတွေကနေ ကာကွယ်ဖို့လိုအပ်လာပါပြီ။ ဒီလိုကာကွယ်ဖို့ဆို ဆရာဝန်နဲ့ပုံမှန်တိုင်ပင်ဆွေးနွေးမှု ၊ medical check-up ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ပေးရမှာပါ။

ဒါမှ အသက် ၃၀ ၊ အသက် ၄၀ ၀န်းကျင်မှာ အဖြစ်များဆုံး သွေးတိုး ၊ ဆီးချို ၊ အ၀လွန်ခြင်းစတဲ့မကူးစက်နိုင်တဲ့ရောဂါတွေရဲ့ စက်ကွင်းကနေ လွတ်နိုင်မှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သင်သာ အသက် ၃၀ ကျော်လူငယ်တစ်ယောက်ဆို အစားအသောက် ၊ လေ့ကျင့်ခန်းနဲ့ meditation ထိုင်တာကို နေ့စဉ်သတိနဲ့အချိန်ပေးပြုလုပ်ပေးဖို့ပါပဲ။

အထက်မှာပြောခဲ့တဲ့အချက်တွေအတိုင်းသာ ဂရုစိုက်ပေးမယ်ဆို ထိပ်စီးဂဏာန်းတွေ ဘယ်လောက်ပဲပြောင်းသွားသွား ခန္ဓာကိုယ်အချိုးအစားကတော့ လှမြဲတိုင်းလှဆဲ ၊ ခန့်မြဲတိုင်းခန့်ဆဲ ဖြစ်နေမှာအသေအချာပေါ့။

Ref: www.fitday.com, www.muscleandfitness.com, www.eatthis.com

words by Lim

LUSH get fitLUSH Magazine MyanmarLUSH March 2018
1
Facebook Twitter Google + Pinterest
Maeve

previous post
2019 Met Gala Afterparty က ငွေကြယ်ပွင့်တို့ရဲ့ ဖက်ရှင်များ
next post
Breakfast at Tiffany

Recommended

Skating

March 1, 2019

Meal Box Trend For Fit

January 22, 2019

Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာများ

June 21, 2019

Keep You on Track For Better Health All...

January 22, 2019

Turn to Beer Yoga!

September 25, 2017

Useful Sports Gadgets

June 28, 2019

Worst Habits for Belly Fat and How to...

June 10, 2019

Life and Nutrition

April 10, 2020

မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

August 26, 2023

Healthy Diet

December 15, 2017

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem