ပရိသတ်တွေစောင့်မျှော်နေတဲ့ The Lion King live-action ဇာတ်ကားကြီးရဲ့ Premiere ပွဲကျင်းပရာ the Odeon Theatre ကို ထူးထူးခြားခြားရောက်ရှိလာတဲ့သူတွေကတော့ ဗြိတိန်တော်ဝင်မင်းသား Prince Harry နဲ့အတူ မဟေသီ Meghan Markle ပဲဖြစ်ပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းမှာကျင်းပခဲ့တဲ့ The Lion King Premiere ပွဲကို The Royal Foundation နဲ့ Walt Disney Company တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး ကောဇောနီပေါ်က တော်ဝင်မင်းသားနဲ့ မင်းသမီးတို့ရဲ့ ပုံရိပ်တွေက အခုဆို ကမ္ဘာ့အနှံ့ကမီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်လို့နေပါပြီ။
ဒီလိုနာမည်ကြီးသွားလောက်အောင်လည်း တော်ဝင်မင်းသားရဲ့ချစ်မိဖုရား Meghan Markle က ဒီပွဲမှာ တည်ငြိမ်တဲ့အလှတရားနဲ့ ဖက်ရှင်ကျကျ အလှကြီးလှနေတာလည်း ပါတာပေါ့။ မင်းသမီး Meghan Markle အတွက်ကတော့ Hollywood Premiere တွေဆိုတာ မထူးဆန်းတော့တဲ့ပွဲတွေလို့တောင်ပြောလို့ရပါတယ်။
Meghan Markle က The Lion King Premiere မှာ အနက်ရောင် A-line Dress ကိုဝတ်ဆင်လာပြီး accessories အနေနဲ့ Diamond Earrings ကို ရိုးရိုးရှင်းရှင်းတပ်ဆင်လာတာဖြစ်ပါတယ်။
Red Carpet လို့ပဲဆိုရမလား Yellow Carpet လို့ပဲဆိုရမလား??? အခုလိုကော်ဇောနီထက်မှာ Meghan က ချစ်ရတဲ့ ချစ်ခင်ပွန်း Harry နဲ့အတူပျော်ရွှင်စွာလျှောက်လှမ်းလာတဲ့ပုံတွေကို ကြည့်ရင် သိနိုင်မှာပါ။ သူမတို့ စုံတွဲက “The Lion King” Premiere Show ကိုတက်ရောက်လာကြတဲ့ ပရိသတ်တွေကိုလည်း ရယ်ရယ်မောမော လက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။
ဒီ “The Lion King” Premiere ကို တော်ဝင်မင်းသား Harry တက်ရောက်ရတဲ့ အဓိက အကြောင်းအရာကတော့ Prince Harry ရဲ့ အာဖရိကန်ခြင်္သေ့တွေ မျိုးတုန်းပပျောက်မှုရန်ကနေ ကာကွယ်ပေးတဲ့ Project ကြောင့်ဖြစ်ပြီး Disney အနေနဲ့လည်း ဒီထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများမှာ တစ်ဖက်တစ်လမ်းမှပါဝင်ပေးဖို့ #ProtectThePride Campaign အစီအစဉ်နဲ့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။
အရမ်းမိုက်တဲ့ live-action ကို အခုဆိုကမ္ဘာအနှံ့ကပရိသတ်တွေက စောင့်နေကြပြီဆိုတော့ LUSHers တို့ထဲမှာ “The Lion King” Live Action ကိုရုံတင်ဖို့ စောင့်နေကြတဲ့သူတွေရှိနေပြီလို့ထင်ပါတယ်။ အခုတော့ Trailer လေးကြည့်ရင်းဒီမှာရုံတင်ဖို့ စောင့်ဆိုင်းလိုက်ကြရအောင်။
Editor: LYM, Eain Chu