မနေ့က တင်ခဲ့တဲ့ Mickey Mouse ရဲ့ နှစ် ၉၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ KITH က Disney နဲ့ပူးပေါင်းပြီး collection တစ်ခုကိုထုတ်ခဲ့တာ အားလုံးဖတ်ပြီးကြပြီထင်ပါတယ်။ အဲ့ Collection မှာ Converse နဲ့ပါပေါင်းပြီး ထုတ်ထားတဲ့ Special Edition Chuck 70 ဖိနပ်သုံးရန်လည်း ပါပါသေးတယ်။ ဖိနပ်သုံးရန်လုံးက High-top sneakers တွေဖြစ်ပြီး Mickey ရဲ့ iconic ဖြစ်တဲ့ အငွေ့အသက်တွေပါဝင်နေပါတယ်။ ဖိနပ်သုံးရန်လုံးကို မတူတဲ့ပုံစံတွေနဲ့ ထုတ်ထားတာကိုလည်း တွေ့ရပါတယ်။ ပထမဆုံးဖိနပ်ရဲ့စတိုင်လ်ကတော့ သိုးမွေးလိုမျိုးဟာကိုမှ အနက်ရောင် နဲ့ အနီရောင်စပ်ထားတာပါ။ ဒုတိယပုံစံကတော့ နို့နှစ်ရောင် canvas အသားကိုမှ Mickey ရဲ့ မျက်နှာလေးတွေကို printed လုပ်ထားပြီး တတိယပုံစံကတော့ အနက်ရောင်သားရေနဲ့လုပ်ထားပြီး Mickey ရဲ့ နှစ် ၉၀ အတွင်းဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးတွေနဲ့ ပုံဖော်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ $140 USD လို့သိရပါတယ်။ အခုလောလောဆယ်မှာတော့ KITH website မှာ Chuck 70 Canvas နဲ့ Leather တို့ကတော့ sold out ဖြစ်နေပါပြီ။
Ref: Hypebae, KITH
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHfashion #KITH #Disney #Converse #Chuck70 #MickeyMouse