LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Collagen supplements တွေရဲ့ကောင်းကျိုးများ

written by Maeve August 10, 2020
Collagen supplements တွေရဲ့ကောင်းကျိုးများ

Collagen အကြောင်းကို ဟိုးရှေ့တစ်ပတ်က မျှဝေခဲ့ပြီးပြီမို့ ဒီတစ်ပတ်တော့ collagen အားဖြည့်ဆေးတွေသောက်တဲ့အခါ ရနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်းကို မျှ​ဝေပေးချင်ပါတယ်။ collagen ဆိုတာ ခန္ဓာကိုယ်မှာ အများဆုံး protein ဓာတ်တစ်ခုပါ။ အရေပြားဖွဲ့စည်းမှု နဲ့ အရိုးကြံ့ခိုင်အောင် လုပ်ပေးတဲ့နေရာမှာ အရေးကြီးတဲ့နေရာတစ်နေရာက ပါပါတယ်။ အခုနောက်ပိုင်းမှာ collagen အားဖြည့်ဆေးတွေက ဈေးကွက်မှာ တစ်စထက်တစ်စ နေရာယူလာပြီး ကျန်းမာရေး နဲ့ အလှအပလိုက်စားတဲ့လူတွေကြားမှာလည်း ရေပန်းစားလာပါတယ်။

စျေးကွက်ထဲမှာ တွေ့ရအများဆုံးကတော့ hydrolyzed collagen တွေပါ။ hydrolyzed collagen ဆိုတာက ခန္ဓာကိုယ်က စုပ်ယူလို့လွယ်အောင် collagen တွေကို ဖြိုခွဲထားတာပါ။ collagen ရနိုင်တဲ့အစားအသောက်တွေလည်း အများကြီးရှိပါတယ်။ ၀က်အရေခွံတို့၊ အရိုးစွပ်ပြုတ်တို့လိုပေါ့။ collagen ကို မှီ၀ဲတာက ကျန်းမာရေးအတွက် အထောက်အကူအများကြီးဖြစ်ပါတယ်။ အခု collagen အားဖြည့်ဆေးတွေသောက်ရင် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေအကြောင်းကို မျှ​ဝေပေးသွားပါမယ်

အသားအရေအတွက်ကောင်းခြင်း

Collagen က အသားအရေကျစ်လစ်စေပြီးတော့ ရေဓာတ်ကိုလည်း ဖြည့်ပေးပါတယ်။ အသက်ကြီးလာတဲ့အခါကျရင် ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်နိုင်တဲ့စွမ်းရည်လျော့ကျပြီး အသားအရေခြောက်လာကာ အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ လေ့လာမှုအများစုကတော့ ကော်လဂျင်အားဖြည့်ဆေးတွေမှာပါတဲ့ ကော်လဂျင်တွေက အသားအရေခြောက်သွေ့တာတွေနဲ့ အရေးအကြောင်းတွေကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ 

လေ့လာမှုတစ်ခုအရ ကော်လဂျင် ၂.၅ ကနေ ၅ ဂရမ်လောက်ထိပါတဲ့ အားဖြည့်ဆေးကို ၈ ပတ်ကြာသောက်တဲ့အမျိုးသမီးတစ်ယောက်ဟာ မသောက်တဲ့သူနဲ့ယှဥ်ရင် အသားအရေတင်းရင်းတာ၊ အသားအရေ အစိုဓာတ်ပိုပြီးရှိတာတို့ကို တွေ့ရှိရပါတယ်။ နောက်ပြီး ကော်လဂျင်အားဖြည့်ဆေးတွေသောက်တာက အရေပြားဖွဲ့စည်းမှုကို အထောက်အကူဖြစ်စေတဲ့ ပရိုတိန်းဓာတ်တွေထုတ်လုပ်မှုကိုလည်း တိုးစေပါတယ်။

ကော်လဂျင်အားဖြည့်ဆေးသောက်တာက ၀က်ခြံထွက်တာတွေနဲ့ တခြားအရေပြားရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တယ်လို့လည်း ပြောကြပါတယ်။ ဒါပေမဲ့ ဒီအချက်က သိပ္ပံပညာအရ အထောက်အထားတွေတော့ မရှိပါဘူး။

အဆစ်အမြစ်နာတာတွေကို သက်သာစေခြင်း

ကော်လဂျင်က အရိုးအဆစ်တွေကိုကာကွယ်ပေးတဲ့ ရာဘာလိုတစ်ရှုးဖြစ်တဲ့ အရိုးနုရဲ့ ခိုင်ခံ့မှုကို ထိန်းသိမ်းပေးပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှုက လျော့နည်းလာတဲ့အခါ osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ်ရောင်ရောဂါလိုမျိုး ဆေးမတိုးတဲ့ အရိုးအဆစ်ရောဂါတွေဖြစ်လာနိုင်ပါတယ်။

လေ့လာမှုတစ်ချို့အရ ကော်လဂျင်အားဖြည့်ဆေးတွေသောက်တာက osteoarthritis ရောဂါလက္ခဏာတွေကို သက်သာနိုင်ပြီး အရိုးအဆစ်နာတာတွေကို သက်သာစေတယ်လို့ သိရပါတယ်။ လေ့လာမှုတစ်ခုအရ နေ့တိုင်း ကော်လဂျင် ၁၀ ဂရမ် ကို ၂၄ ပတ်အကြာသောက်သုံးတဲ့ အားကစားသမား ၇၃ ယောက်က မသောက်သုံးထားတဲ့အားကစားသမားတွေနဲ့ယှဥ်ရင် လမ်းလျှောက်တဲ့အခါမှာ အဆစ်အမြစ်နာတာ တွေသက်သာတယ်လို့ဆိုပါတယ်။ 

ကော်လဂျင်ကို နာကျင်တာတွေကိုသက်သာဖို့အတွက် သောက်သုံးချင်တယ်ဆိုရင်တော့ လေ့လာမှုတွေအရ တစ်နေ့ကို ၈ ဂရမ်ကနေ ၁၂ ဂရမ်လောက် သောက်သုံးဖို့ အကြံပြုထားပါတယ်။

အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း

အရိုးတွေက ကော်လဂျင်တွေအများစုနဲ့ တည်ဆောက်ထားတာပါ။ ကော်လဂျင်တွေက အရိုးဖွဲ့စည်းပုံကို ထောက်ပံ့ပေးပြီး အရိုးတွေခိုင်မာအောင်လည်း လုပ်ပေးပါတယ်။ အသက်ကြီးလာလေ ကော်လဂျင်တွေလျော့လာလေဖြစ်သလိုပဲ အရိုးသိပ်သည်းဆကလည်း လျော့ကျလာပါတယ်။ အဲ့လိုဖြစ်လာတဲ့အခါ osteoporosis လို့ခေါ်တဲ့ အရိုးပွရောဂါလိုမျိုး ရောဂါတွေဖြစ်လာနိုင်ပါတယ်။ 

ကော်လဂျင်အားဖြည့်ဆေးတွေသောက်သုံးတဲ့အခါမှာ ဒီလို အရိုးပွရောဂါမျိုးမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ လေ့လာတွေ့ရှိမှုအရ နေ့စဥ် ကော်လဂျင် ၅ ဂရမ်ကို ၁၂ လကြာ သောက်သုံးတဲ့ အမျိုးသမီး ၆၆ ယောက်ဟာ မသောက်သုံးတဲ့အမျိုးသမီးတွေနဲ့ယှဥ်တဲ့အခါမှာ အရိုးဓာတ်သိပ်သည်းဆ (BMD) ဟာ ၇ ရာခိုင်နှုန်းထိ များတာကို တွေ့ရပါတယ်။ BMD ဆိုတာ အရိုးထဲက ကယ်ဆီယမ်လို ဓာတ်တွေရဲ့သိပ်သည်းဆကိုတိုင်းတာ တာပါ။ BMD လျော့တဲ့အခါ အရိုးအားနည်းပြီး အရိုးပွရောဂါဖြစ်နိုင်ချေ ပိုများစေပါတယ်။ ဒီရလဒ်တွေက အတည်ပြုချက်ရထားပြီးသားဖြစ်ပြီးပေမဲ့ အရိုးကျန်းမာရေးအတွက် ကော်လဂျင်အားဖြည့်ဆေးတွေရဲ့ ကဏ္ဍကို အတည်မပြုမီ လူတွေအပေါ်မှာလေ့လာမှုတွေလုပ်ဖို့ လိုပါသေးတယ်။

အခုမျှဝေပေးသွားတာကတော့ ကော်လဂျင်ရဲ့အားသားချက်တွေပါပဲ။ စာကရှည်သွားပြီမို့လို့ နောက်ထပ် အားသာချက်တွေကို နောက်တစ်ပတ်မှာ ထပ်ပြီးမျှဝေပေးသွားပါမယ်။

Source: healthline

August 2020Benefits of Collagen supplementsCollagenCollagen supplementsLUSHLUSH Beauty & SoulLUSH DAILYLUSH Magazine Myanmar
2
Facebook Twitter Google + Pinterest
Maeve

previous post
The Simpsons နှစ် ၃၀ ပြည့်အတွက် ထွက်ရှိလာတဲ့ Vans x The Simpsons Collection
next post
Great Gatsby Styling

Recommended

ရန်ကုန်ရဲ့သင်္ကြန်ပွဲတော်မှာ ဘာရင်ခုန်စရာတွေ ရှိနိုင်မလဲ။

April 10, 2019

ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

August 11, 2023

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

June 1, 2020

Sneakers – Fashion Vocabulary

July 18, 2019

ခေတ်စားလာမယ့် Jewelry တွေကဘာဖြစ်မလဲ

June 17, 2020

Umbrella – Fashion Vocabulary

August 29, 2019

Shine on me: the light in my room

June 12, 2020

The Iconic Evening Fashion Show – Mr Jet...

October 27, 2019

GET READY TO BE LOVED

February 15, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem