LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYMAKEUP & SKINCARE

Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ

written by Maeve June 16, 2023
Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ

ဒီဇွန်လက Pride Month Celebration လဖြစ်တာမို့ စာလေးမစခင် အားလုံးပဲ Happy Pride Month ပါလို့ ပြောချင်ပါတယ်။ ဇွန် ၁ ကနေ ၃၀ ရက်နေ့ထိ တလလုံးပြုလုပ်မယ့် Pride Month ကို LGBTQIA+ တွေ၊ Ally တွေအနေနဲ့ တကမ္ဘာလုံးမှာ နည်းအမျိုးမျိုးနဲ့ ကျင်းပနေကြပြီပေါ့။ Pride Month က LGBTQIA+ တွေအတွက် မတူတဲ့ရှုထောင့်ပေါင်းစုံကနေ အဓိပ္ပါယ်အမျိုးမျိုးရှိကြသလို ဒီလလေးကို ကျင်းပဖို့ နည်းလမ်းတွေကလည်း အမျိုးမျိုးပါပဲ။

ဒီလိုအချိန်မှာ စာဖတ်သူတို့ကရော ဘယ်လိုနည်းတွေနဲ့ ကျင်းပပြီးကြပြီလဲ။ စာဖတ်သူအနေနဲ့ အလှအပကို expression တခုအနေနဲ့ထုတ်ဖော်ပြတတ်တဲ့သူဆိုရင်တော့ ဒီအချိန်က Rainbow color လေးတွေနဲ့ ကိုယ့်ရဲ့ creative စွမ်းရည်ကို ပြနိုင်မယ့် အချိန်ကောင်းလေးတခုပါပဲ။ ဒါကြောင့်မို့ စိတ်ရှိတိုင်း creative တွေဖန်တီးလို့ရအောင် Pride Month Celebration Makeup Look တွေကို ပြောပြပေးသွားချင်ပါတယ်။

12 Pride 2020 Makeup Ideas - Best Pride Makeup Inspiration Photos

ဒီလိုအလှအပနဲ့ပတ်သက်ပြီး celebration လုပ်တယ်ဆိုကတည်းကိုက မိတ်ကပ်တွေပြင်တာလည်းပါသလို LGBTQIA+ အသိုင်းအဝိုင်းထဲကနဲ့ support လုပ်နေတဲ့ Ally တွေရဲ့ makeup brand တွေကို အားပေးခြင်းကလည်း တထောင့်တနေရာက support လုပ်ရာရောက်သလို pride month ကို ကျင်းပရာလည်းဖြစ်ပါတယ်။

ဆိုတော့ ဘယ်လို creation တွေနဲ့ Pride Month Celebration Makeup Look တွေဖန်တီးလို့ရလည်းဆိုတာ ကြည့်လိုက်ရအောင်။

Pride Flag Eyeshadow

Pride Month celebration makeup လို့ဆိုလိုက်ရင် Pride Flag Eyeshadow က အရင်ဆုံးခေါင်းထဲပေါ်လာတယ်ဟုတ်? Pride Month Eyeshadow က ကိုယ့် creation ရှိရင်ရှိသလို စိတ်ကြိုက် အရောင်တွေကစားပြီးပုံဖော်လို့ရတာက အရမ်းမိုက်ပါတယ်။

Upside Down Eyeshadow

Eyeshadow ကို လုံးဝအမိုက်စား eye catching ဖြစ်တာမျိုးကြိုက်ရင် ဒီလို look လေး try ကြည့်ပါ။ Colorful Eye Pencil လေးတွေနဲ့တင်ပဲ လွယ်လွယ်ကူကူ create လုပ်လို့ရတာမို့ should try လေးပေါ့။

Colorful Eyelashes

Eyeshadow ခြယ်ရတာထက် နည်းနည်းဆန်းဆန်းလေးနဲ့ subtle လေးဖြစ်ချင်တယ်ဆိုရင်တော့ Eyelashes ကို အရောင်စုံလေးခြယ်ကြည့်စေချင်တယ်။ Eyelashes ကို တရောင်စီထည့်ရတာမို့ နည်းနည်းတော့လက်ဝင်တယ်ဆိုပေမဲ့ ဆန်းတာလေးလုပ်ချင်တယ်၊ makeup skill ကလည်း ကောင်းပြီးသားဆိုရင်တော့ ဒါလေးက ကွက်တိပါပဲ။

Rainbow Brows

Try The Trendy Rainbow Eyebrows > Dear Governor Hickenlooper

Rainbow Eyebrow လို့ဆိုလိုက်ရင် makeup စိတ်ဝင်စားတဲ့သူတိုင်း ရင်းနှီးနေကြမှာကတော့ Nikkie Tutorials ကိုပါပဲ။ ၂၀၁၈ တုန်းက သူထွင်ပြခဲ့တဲ့ Rainbow Eyebrows က အခုထက်ထိလည်း Pride Month ရောက်လာတိုင်း အမှတ်တရရှိနေစရာဖြစ်လို့နေပါတယ်။ သူက step by step သေချာလေး ပြောပြထားတာမို့ လိုက်လုပ်ဖို့လည်း တော်တော်အဆင်ပြေပါတယ်။

Glitter In My Eyes

Preview

Eyeshadow တွေဆိုးရတာထက် နည်းနည်းမတူတာလေးလုပ်ချင်တယ်ဆို ရောင်စုံကျောက်လေးတွေနဲ့အလှဆင်ကြည့်ကြည့်ပါလား? Bling Bling လေးနဲ့ eye catching ဖြစ်လွန်းတာမို့ လူကြည့်ခံရဖို့တော့ စိတ်ပြင်ဆင်ထားလိုက်တော့နော်။

Trans Flag Eyeshadow

Transgender Flag အရောင်က ချစ်စရာကောင်းတဲ့ အပြာနု၊ ပန်းရောင် နဲ့ အဖြူရောင်မို့လို့ eyeshadow အနေနဲ့ ခြယ်ဖို့ဆို အရမ်းကိုလှတာပါပဲ။ 

Over The Rainbow

Makeup ပြင်ရတာ skill ရှိတဲ့သူတွေအတွက် ဒီ look လေးကို ပြင်ကြည့်စေချင်တယ်။ သက်တံကွေးလေးမျက်ခုံးပေါ်မှာဆွဲပြီး တိမ်လေးတွေ၊ ကြယ်လေးတွေနဲ့အလှဆင်ကြည့်… ဘယ်လောက်တောင်လှလိုက်မလဲနော့်။

Love Rainbow 

နောက်တခုက အသဲပုံလေးတွေကို အရောင်စုံ သက်တန့်ပုံလေးဖော်ကြည့်တာမျိုးပေါ့။ Cute and Fun look လေးမို့ ခြယ်လိုက်ရင် အရမ်းကိုချစ်စရာကောင်းနေမှာတော့ သေချာတယ်။

Pastel Pride

Daily look ကနေ အပြင်သွားဘာညာထိ အဆင်ပြေမယ့် subtle ဖြစ်တဲ့ look လေးလိုချင်ရင်တော့ Pastel အရောင်လေးတွေနဲ့ ကစားကြည့်စေချင်တယ်။

Art meets Beauty

ဒီ look ကတော့ artistic ဖြစ်ပြီး ကိုယ့်ရဲ့ creative စွမ်းရည်တွေကို ပြချင်တဲ့သူတွေအတွက်တော့ အကြိုက်ပဲပေါ့။ Watercolor look ပဲဖြစ်ဖြစ်၊ Pastel look ပဲဖြစ်ဖြစ် ကိုယ့်မှာရှိတဲ့ပစ္စည်းတွေ ဒါမှမဟုတ် ကိုယ်ဖန်တီးချင်တဲ့ look ပေါ်မူတည်ပြီး စိတ်ကြိုက်ပုံဖော်ကြည့်ပါဦး။

LUSH beautyPride MonthPride Month 2023
0
Facebook Twitter Google + Pinterest
Maeve

previous post
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ
next post
လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

Recommended

THE MAN

June 11, 2019

ကမ္ဘာ့မီဒီယာထက်မှာနာမည်ကြီးနေတဲ့ Lady Gaga ရဲ့ ဖက်ရှင်

January 22, 2021

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

July 13, 2023

မြန်မာပြည်၊ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ ခေတ်စားနိုင်တဲ့ ဆံပင်ပုံစံတွေ

April 27, 2023

Disney နဲ့ ပူးပေါင်းပြီး Frozen 2 Collection ထုတ်လုပ်လိုက်တဲ့ ColourPop

November 8, 2019

မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ အရာများ

January 24, 2020

THE BEAUTY BAR

December 20, 2018

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

Alicia Keys ရဲ့ beauty brand အတွက် ၀ယ်ဖို့အဆင့်သင့်ပဲလား?

September 25, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem