Bruce Lee သာ ဒီနေ့ဒီချိန်ထိ သက်ရှိထင်ရှားရှိနေဦးမယ်ဆို ဒီနှစ် ၂၀၂၀ မှာ အသက် ၈၀ ပြည့်မှာပါ။ Casio ရဲ့ G-Shock က Bruce Lee ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ limited edition နာရီကို ထုတ်လိုက်ပါတယ်။ G-Shock fan တွေရော၊ Bruce Lee ရဲ့ fan တွေအတွက်ပါ သတင်းကောင်းတစ်ခုပါပဲ။ နာရီရဲ့အရောင်တွေကို ကြည့်မယ်ဆို Bruce Lee ရဲ့ iconic ဖြစ်တဲ့ အဝါနဲ့အနက် track suit အရောင်ကို ယူသုံးထားပြီး နာရီဒိုင်ခွက်ထဲက အနီနဲ့အဝါ highlights အရောင်က Bruce Lee ထွင်ခဲ့တဲ့ Jeet Kune Do (ဂျိကွမ်ဒို) သိုင်းကို ကိုယ်စားပြုတဲ့အရောင်တွေပါ။
နာရီရဲ့ model no က MRGG2000BL-9A ဖြစ်ပြီးတော့ ဒီဇိုင်းပိုင်းမှာ ကျစ်ကျစ်လစ်လစ်ဖြစ်ပြီး Bruce Lee ရဲ့ပုံရိပ်ကို ထင်ဟပ်နေပါတယ်။ ဒီနာရီမှာ အကြမ်းခံတဲ့လက်ပတ်၊ နာရီမျက်နှာပြင်ကို တော်ရုံခြစ်ရာမထင်နိုင်တဲ့ sapphire glass crystal နဲ့ နာရီရဲ့ case နဲ့ bezel ကို ပွန်းပဲ့ဒဏ်တွေခံနိုင်တဲ့ titanium တွေနဲ့ပြုလုပ်ထားတာကို တွေ့ရမှာပါ။ Shock resistant, magnetic resistant ဖြစ်ပြီးတော့ Bluetooth နဲ့ချိတ်ပြီး အချိန်တိုက်လို့ရတဲ့ စနစ်တွေ၊ GPS စနစ် နဲ့ နေရောင်နဲ့အားသွင်းနိုင်တဲ့ feature တွေလည်းပါပါတယ်။
နာရီရဲ့ Bezel ပေါ်မှာ Bruce Lee ရဲ့ quote တစ်ခုဖြစ်တဲ့ “Using no way as a way, having no limitation as limitation” ဆိုတဲ့စာနဲ့ နာရီဒိုင်ခွက်ထဲမှာ Bruce Lee ရဲ့ signature ဖြစ်တဲ့ “နဂါး” ဆိုတဲ့စာလုံးတွေကို တရုတ်စာနဲ့ရေးထားပြီး ထွင်းထားပါတယ်။ နာရီဗူးမှာလည်း နဂါးရုပ်တွေကို ချည်ထိုးထွင်းထားပါသေးတယ်။
တကမ္ဘာလုံးမှာ အလုံး ၃၀၀ ပဲရောင်းချသွားမှာဖြစ်ပြီးတော့ USD $4,000 နဲ့ လာမယ့် April လမှာ G-Shock SoHo store နဲ့ သတ်မှတ်ထားတဲ့ဆိုင်တွေမှာ ဝယ်လို့ရနိုင်မှာပါ။
Source: G-Shock, Hypebeast, 9to5Toys
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHfashion #Gadgets #Casio #GShock #BruceLee