London Fashion Week 2020 (LFW2020) ကတော့ စက်တင်ဘာလ ၁၇ ရက် ကနေ ၂၂ ရက်နေ့ထိ ကျင်းပနေပါပြီ။ digital ပြတဲ့ brand တွေ၊ phyisically ပြတဲ့ brand တွေလည်း ရှိသလို digital ရော physically ပါပြတဲ့ brand တွေလည်း ရှိပါတယ်။ LFW စစချင်းနေ့ဖြစ်တဲ့ ၁၇ ရက်နေ့ကို Burberry ရဲ့ livestream show နဲ့အတူ စတင်ခဲ့ပြီးတော့ designer ပေါင်း အယောက် ၈၀ လောက်က ပါ၀င်သွားမှာပါ။
အဲ့ထဲမှာမှ လန်ဒန် အခြေစိုက် တူရကီဒီဇိုင်နာ Bora Aksu လည်းပါပါတယ်။ သူ့ရဲ့ LFW မှာ ပြမယ့် collection ကတော့ COVID-19 ကပ်ရောဂါကို inspire ယူပြီး ထုတ်လုပ်ထားပြီးတော့ တခြား collection တွေထက် တမူထူးခြားပြီး ကွဲထွက်နေပါတယ်။ ဒီ collection မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးနဲ့ ပထမကမ္ဘာစစ်ပြီးတဲ့ကာလတွေရဲ့ အငွေ့အသက်တွေကိုပါ ထည့်သွင်းထားတာကို တွေ့ရမှာပါ။
ခြေအိတ်အရှည်တွေနဲ့ အဖြူရောင်ဂါ၀န်ဖားဖားတွေ၊ အဖြူရောင် boot တွေက စပိန်တုပ်ကွေးဖြစ်တဲ့ကာလတုန်းက ရောဂါခံစားနေရတဲ့သူတွေ၊ စစ်ပွဲတုန်းက ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပြုစုကုသပေးခဲ့တဲ့ သူနာပြုတွေရဲ့ပုံရိပ်ကို ထင်ဟပ်စေပါတယ်။ collection ထဲမှာပါတဲ့ ပါးလျတဲ့မျက်နှာလွှားဇာတွေ၊ အပြာ၊ ပန်းရောင် နဲ့ ခရမ်းရင့်ရောင်တွေကိုမှ ပွင့်ရိုက်တွေ၊ ဇာတွေနဲ့ အလှဆင်ထားတဲ့ tiered dress တွေကလည်း တော်တော်ကို မိုက်ပါတယ်။
“ပထမကမ္ဘာစစ်တို့၊ စပိန်တုပ်ကွေးကပ်ရောဂါတို့တောင် ပြီးဆုံးပြီး ကောင်းတာတွေဖြစ်လာသေးတာမို့လို့ လူတွေကို မျော်လင့်ချက်ထားဖို့ message ကို ပေးချင်တာပါ” လို့ သူကပြောခဲ့ပါတယ်။ သူ့ရဲ့ collection ကို အောက်က ပုံတွေမှာ ကြည့်လိုက်ရအောင်လား။