Cycling Shorts လို့လည်း ခေါ်တဲ့ Bike Shorts ကိုတော့ စက်ဘီးစီးပြိုင်တဲ့သူတွေအတွက် စက်ဘီးစီးတဲ့အခါ သက်သောင့်သက်သာဖြစ်စေဖို့နဲ့ စက်ဘီးစီးတာပိုအဆင်ပြေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ Bike Shorts ကို စကတ်တို့ ဂါဝန်တို့ရဲ့အောက်ကနေ ဝတ်တာတို့၊ ကျွမ်းဘားကစားတဲ့သူတွေ၊ ဘဲလေးအကကတဲ့သူတွေ၊ အပြေးပြိုင်တဲ့သူတွေကလည်း ဝတ်လာကြပြီး streetwear အနေနဲ့လည်း နောက်ပိုင်းမှာ ဝတ်လာကြပါတယ်။ ဒါပေမဲ့ စက်ဘီးစီးဖို့အတွက် ထုတ်ထားတဲ့ bike shorts မှာ သုံးတဲ့သားရေအမျိုးအစားကို ဝတ်တာမျိုးမဟုတ်ဘဲ အဲ့ထက်နည်းနည်းပိုပေါ့ပါးတဲ့အဝတ်ကိုသုံးပြီးပြုလုပ်ထားတဲ့ bike shorts တွေကိုဝတ်ကြတာပါ။ Bike shorts ကို နှစ်နှစ်ခြိုက်ခြိုက်ဝတ်တဲ့ celebrity တွေထဲမှာဆို Princess Diana, Kim Kardashian, Gigi Hadid, Hailey Bieber တို့ကို ပြေးမြင်မိမယ်ထင်ပါတယ်။ Bike Shorts ကို Sweatshirt, Hoodie, Blazer, T-shirt စတာတွေနဲ့လိုက်ဖက်အောင် ဝတ်လို့ရပါတယ်။ ဖိနပ်ဆိုရင်လည်း Dad sneakers, High platform shoes, Sneakers, Heels, Ankle boots, Slide shoes, Sandals စတဲ့ဖိနပ်တွေနဲ့ အဆင်ပြေသလို လိုက်ဖက်အောင်ဝတ်လို့ရပါသေးတယ်။ ကိုယ့်ရဲ့ Wardrobe မှာ bike shorts မရှိသေးရင်တော့ ဝယ်ထားသင့်နေပြီနော်။