LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
SHINESTYLE

Golden Globes 2024 ပွဲမှာ တွေ့ခဲ့ရတဲ့ အထင်ရှားဆုံး Jewelry များ

written by Maeve January 19, 2024
Golden Globes 2024 ပွဲမှာ တွေ့ခဲ့ရတဲ့ အထင်ရှားဆုံး Jewelry များ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြုလုပ်သွားခဲ့တဲ့ ၈၁ ကြိမ်မြောက် Golden Globes ပွဲကြီးကတော့ အမိုက်စား red carpet fashion တွေ၊ beauty look တွေ၊ ဆုပေးပွဲမှာဖြစ်ခဲ့တဲ့ drama ပေါင်းစုံတွေနဲ့ အောင်အောင်မြင်မြင်ပဲ ပြီးသွားခဲ့ပါပြီ။ ဒီပွဲမှာ နောက်ထပ်သတိထားစရာတခုကတော့ ပွဲတက်လာကြတဲ့ celebrities တွေရဲ့ Jewelry design တွေပါပဲ။ တလက်လက်တောက်ပနေတဲ့ စိန်တွေ၊ ကျော့ရှင်းလှပနေတဲ့ ပုလဲတွေအပြင် အမြင်အာရုံကိုဖမ်းစားနိုင်တဲ့ လက်ဝတ်ရတနာတွေကို ဒီပွဲမှာ တွေ့ခဲ့ရပါတယ်။

America Ferrara ရဲ့ Harry Winston လက်ဝတ်ရတနာတွေကနေစပြီး Dua Lipa ရဲ့ Tiffany & Co က vintage လည်ဆွဲအထိ၊ Oprah Winfrey ရဲ့ Chopard နီလာလက်ဝတ်ရတနာတွေကနေစပြီး Selena Gomez ရဲ့ Bulgari Jewelry တွေအဆုံး မျက်စိပသာဒဖြစ်စရာ လက်ဝတ်ရတနာတွေအများကြီးပါပဲ။

ဒီပွဲမှာ မိန်းကလေးတွေတင်မက ယောကျာ်းလေးတွေကလည်း လက်ဝတ်ရတနာတွေ ဝတ်ပြီးပွဲတက်ခဲ့ကြပါသေးတယ်။ အဲ့ထဲမယ် Barry Keoghan ဆို အနီရောင် custom Louis Vuitton suit နဲ့အတူ Tiffany & Co က ပုလဲရင်ထိုး၊ ဆွဲကြိုးတွေကို ဝတ်ဆင်ခဲ့သလို Colman Domingo ဆိုလည်း custom Nehru jacket suit ကို ပြင်သစ်ဒီဇိုင်နာ brand တွေဆီက ပုလဲလက်ဝတ်ရတနာတွေနဲ့ တွဲဝတ်ပြီး ပွဲတက်ခဲ့တာပါ။

ဆိုတော့ ဒီပွဲမှာ တွေ့ခဲ့ရတဲ့ Celebrities တွေရဲ့ အမိုက်စား လက်ဝတ်ရတနာတွေကို အောက်မှာဆက်ပြီးကြည့်လိုက်ကြတာပေါ့။

01. Taylor Swift in De Beers

အစိမ်းရောင် Gucci dress နဲ့ သပ်ရပ်ကျော့ရှင်းပြီး လှချင်တိုင်းလှနေတဲ့ Taylor Swift က ဒီ dress ရဲ့ အလှကို ပိုပေါ်လွင်အောင် De Beers လက်ဝတ်ရတနာတွေနဲ့ အလှဆင်ခဲ့ပါတယ်။ သူဝတ်ထားတဲ့နားကပ်တွေထဲမယ် အရှေ့ဆုံးက အကြီးဆုံးနားကပ်ဆို Beethoven ရဲ့ Moonlight Sonata musical notes တွေကို inspired ယူပြီး ထွင်ထားတာပါ။

02. Jennifer Lopez in Boucheron

Jennifer Lopez က Maison Boucheron ရဲ့ “Hopi the Hummingbird” collection ထဲက နီလာနဲ့စိန်တွေနဲ့စီထားတဲ့ pink-gold pendant နားကပ်နဲ့ လက်ဝတ်ရတနာတွေကို ဝတ်ခဲ့ပါတယ်။

03. Dua Lipa in Vintage Tiffany & Co.

Dua Lipa တယောက် ဒီနှစ် Golden Globes ပွဲမှာ ဝတ်ခဲ့တဲ့ Jewelry တွေက ၁၉၆၂ ခုနှစ်ကထုတ်ခဲ့တဲ့ Tiffany & Co. ရဲ့ archival လက်ဝတ်လက်စားတွေပါ။ သူဆွဲခဲ့တဲ့ လည်ဆွဲဆိုရင် ရွှေနဲ့ပလက်တီနမ်ကို အချိုးကျကျပေါင်းစပ်ထားပြီး အဝါရောင် beryl ကျောက်၊ topaz quartz ကျောက်၊ စိန်တွေနဲ့ အနုစိပ်ကျကျတီထွင်ထားတာပါ။

04. Oprah Winfrey in Chopard

Oprah Winfrey က သူ့ရဲ့ ခရမ်းရောင် Louis Vuitton gown နဲ့လိုက်ဖက်အောင် Chopard လက်ဝတ်ရတနာတွေကို ဝတ်ဆင်ခဲ့ပါတယ်။ နီလာခရမ်း၊ စိန် နဲ့ ပန်းရောင်နီလာကျောက်တွေနဲ့ ဆင်မြန်းထားတဲ့နားကပ်၊ စိန် ၄.၆ ကရက် နဲ့ ၁၈ ကရက်ရွှေဖြူလက်စွပ်နဲ့ ၂၁ ကရက်ရှိတဲ့ နီလာခရမ်းနဲ့ စိန်တွေပါတဲ့လက်စွပ် ၂ ကွင်းတို့ကို လိုက်ဖက်ညီညီနဲ့ ဝတ်ခဲ့တာကို တွေ့ရပါတယ်။

05. Elle Fanning in Cartier

Elle Fanning က ဒီနှစ် Golden Globes ပွဲမှာ classic ဆန်ဆန် vintage Pierre Balmain gown ကို Cartier ဆွဲကြိုး၊ ear cuff တို့နဲ့ တွဲဝတ်ဆင်ပြီး ကျော့ရှင်းသိမ့်မွေ့တဲ့အလှကို ချပြခဲ့ပါတယ်။

06. Emma Stone in Louis Vuitton High Jewellery

Louis Vuitton ရဲ့ အနုစိတ်ချည်ထိုးထားပြီး တလက်လက်တောက်ပနေတဲ့ gown ကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ Emma Stone က Louis Vuitton ရဲ့ ရွှေဖြူနဲ့စိန်နားကပ်ရယ်၊ ရွှေဖြူ၊ စိန်နဲ့ အဝါရောင်နီလာလက်စွပ်တွေကို ဒီ gown နဲ့အလိုက်ဖက်ဆုံးဖြစ်အောင် တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

07. Rachel Brosnahan in Swarovski

The Marvelous Mrs. Maisel ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့တဲ့ Rachel Brosnahan ကတော့ ဒီနှစ် Golden Globes ပွဲမှာ ဝတ်စုံကအစ accessories အဆုံး အရမ်းကိုထင်ထင်ရှားရှားနဲ့ ပေါ်လွင်နေခဲ့တာတော့အမှန်ပါပဲ။ Sergio Hudson gown အနီရောင်ရဲ့အလှကို ပိုပေါ်လွင်အောင် ဆံပင်မှာ ဖဲပြားအနီရောင်လေးစည်း၊ အနီရောင်နှုတ်ခမ်းနီဆိုးပြီး rhodium-plated Swarovski ear cuff လေးတွေဝတ်ပြီး အရိုးရှင်းဆုံးနဲ့ကို လှပနေခဲ့ပါတယ်။

08. Brie Larson in Fred Leighton and Kwiat Diamonds

Brie Larson က ခရမ်းနုရောင် Prada dress လေးကို Kwiat စိန်တပွင့်နားကပ်၊ ၃၈ ကရက် စိန်ဘယက်၊ Fred Leighton ရဲ့ ၁၉ ရာစု နီလာနဲ့ စိန်လက်စွပ်တွေနဲ့ တွဲဖက်ပြီး အရိုးရှင်းဆုံး အလှပဆုံးဖြစ်အောင် ဝတ်ဆင်ထားခဲ့ပါတယ်။

09. Elizabeth Debicki in Dior Joaillerie

The Crown ဇာတ်လမ်းတွဲထဲမှာ Princess Diana နေရာကသရုပ်ဆောင်ပြီး ဒီနှစ်ရဲ့ Golden Globes ဆုကိုရသွားခဲ့တဲ့ Elizabeth Debicki က Dior couture gown ကိုဝတ်ဆင်ခဲ့ပြီး ဒီ gown နဲ့လိုက်ဖက်အောင် ရွှေဖြူ၊ စိန်တွေနဲ့ ဆင်မြန်းထားတဲ့ Rose Dior Bagatelle collection ထဲက နှစ်ကုံးတွဲဆွဲကြိုးကို Bois de Rose collection ထဲက လက်ကောက်၊ လက်စွပ်တို့နဲ့အတူ တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

10. Margot Robbie in Lorraine Schwartz

ပန်းရောင် Barbie-inspired Armani gown နဲ့ပွဲတက်ခဲ့တဲ့ Margot Robbie ရဲ့ လက်ဝတ်ရတနာတွေက ရုတ်တရက်ကြည့်ရင် ဘာမှထွေထွေထူးထူးမဟုတ်ဘူးထင်ရပေမဲ့ တကယ်ကတော့ ဒေါ်လာ ၃ မီလီယံကျော်တန်ကြေးရှိတဲ့ Lorraine Schwartz က ၃၀ ကရက် စိန်နားကပ်ကို ဝတ်ထားခဲ့တာပါ။ နားကပ်နဲ့အတူ ဆင်တူလက်စွပ်ကိုလည်း ဝတ်ဆင်ထားခဲ့ပါတယ်။

11. Selena Gomez in Bulgari

Only Murders in the Building ဇာတ်လမ်းတွဲနဲ့ nomination ဝင်ခဲ့တဲ့ Selena Gomez ကတော့ သူ့ရဲ့ အနီရောင် Armani Privé dress နဲ့တွဲဖက်ပြီး ရွှေဖြူ Bulgari နားကပ် နဲ့ လက်ကောက်၊ Bulgari Serpenti နာရီ၊ Fiorever and Serpenti collection တွေထဲက စိန်လက်စွပ်တွေကို လိုက်ဖက်ညီညီနဲ့ ဝတ်ဆင်ခဲ့ပါတယ်။

12. Colma Domingo in Rustin, Misho, and David Yurman

ပုလဲဆိုတာကို တကုံးတည်းပဲသီးသန့်ဆွဲတာမျိုး၊ တကုံးနဲ့တကုံးထပ်ပြီး ဆွဲတာမျိုးအပြင် ပိုပြီး cool ဖြစ်တဲ့နည်းတွေနဲ့ ဆင်ယင်လို့ရကြောင်းကို Colma Domingo က အခု Golden Globes ပွဲမှာ ချပြသွားခဲ့ပါတယ်။ သူက လက်ဝတ်ရတနာဒီဇိုင်နာ သုံးယောက်ဖြစ်တဲ့ Rustin, Misho နဲ့ David Yurman တို့ရဲ့လက်ရာတွေထဲက ပုလဲ accessories တွေကို မတူတဲ့နည်းနဲ့ချဉ်းကပ်ပြီး သူ့ရဲ့ custom Louis Vuitton suit နဲ့အတူ လိုက်ဖက်အောင် ဝတ်ဆင်ခဲ့တာကို ပုံမှာတွေ့ရမှာပါ။

13. Elizabeth Olsen in Reza

အားလုံးရဲ့အချစ်တော် Elizabeth Olsen က feminine and sexy ဖြစ်လွန်းတဲ့ သူ့ရဲ့ အဖြူရောင် Vivienne Westwood dress နဲ့လိုက်ဖက်အောင် ပြင်သစ် Jeweler Reza ဆီက စိန်နားကပ်လေးကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ခဲ့ပါတယ်။

14. Florence Pugh in Tiffany & Co.

Florence Pugh ကတော့ အခု Golden Globes ပွဲမှာ သူ brand ambassador အနေနဲ့လုပ်ကိုင်နေတဲ့ Valentino နဲ့ Tiffany & Co. နှစ်ခုလုံးကို ဝတ်ဆင်ခဲ့ပါတယ်။ အနီရောင် Valentino gown လေးရယ်၊ Tiffany & Co. က နားကပ် နဲ့ ဆွဲကြိုးလေးရယ်ကို အလိုက်ဖက်ဆုံး ဝတ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။

15. Barry Keoghan in Tiffany & Co.

Barry Keoghan ကလည်း သူ့ရဲ့ custom Louis Vuitton suit ကို vintage ဆန်ဆန်အငွေ့အသက်ရအောင် Tiffany & Co. brooch လေးနဲ့ accessorized လုပ်ထားခဲ့ပါတယ်။

16. Jared Leto in Cartier

သားရေလက်အိတ်ကိုဝတ်၊ အောက်ခံ ရှပ်အင်္ကျီမပါပဲ အပေါ်က Blazer ကိုထပ်၊ Cartier Panthère necklace ကို ဝတ်ပြီး အရိုးရှင်းဆုံးနဲ့ အမိုက်ဆုံးဖြစ်အောင် Jared Leto က ဝတ်ဆင်ခဲ့ပါတယ်။

17. Timothée Chalamet in Cartier

Timothée ကတော့ ရွှေဖြူ၊ စိန်နဲ့ အနက်ရောင် ceramic တွေရောထားတဲ့ Cartier က ဆွဲကြိုးရယ်၊ Cartier diamond-set Crash watch ရယ်ကို ဝတ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။

18. America Ferrera in Harry Winston

Ugly Betty, Barbie စတဲ့ ဇာတ်လမ်းတွေနဲ့ လူသိများလာတဲ့ America Ferrara ကတော့ Harry Winston က နှစ်ထပ် စိန်ဆွဲကြိုး၊ Shinde စိန်ပန်းပွင့်နားကပ် နဲ့ နေကြာပန်းပုံ စိန်လက်စွပ်တို့ကို ဝတ်ဆင်ပြီး ငွေရောင်တလက်လက်နဲ့ red carpet ပေါ်မှာ တော်တော်ကို လှပနေခဲ့ပါတယ်။.

19. Jennifer Lawrence in Tiffany & Co.

Jennifer Lawrence ကတော့ သူ့ရဲ့ luxury era မှာ အတောက်ပဆုံးတောက်ပနေပါတယ်။ အခု Golden Globes ပွဲမှာလည်း Tiffany & Co. က pear-cut စိန်လည်ဆွဲရယ်၊ အတောင်ပံပုံစိန်နားကပ်လေးရယ်ကို ဝတ်ဆင်ပြီး သိမ်သိမ်မွေ့မွေ့လေး အလှဆုံးလှပနေတာကို တွေ့ခဲ့ရပါတယ်။

20. Lily Gladstone in Antelope Women Designs and Bulgari

The Killers of the Flower Moon ဇာတ်လမ်းနဲ့ Golden Globes အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရခဲ့တဲ့ Lily Gladstone က သူ့ရဲ့ custom Valentino outfit နဲ့အတူ Bulgari လည်ဆွဲရယ်၊ Antelope Women Designs က Native American Blackfeet ဒီဇိုင်နာ Lenise Omeaso ရဲ့လက်ရာ နားကပ်ရယ်ကို ဝတ်ဆင်ခဲ့ပါတယ်။

2024 Golden GlobesjewelryJewelry trends
1
Facebook Twitter Google + Pinterest
Maeve

previous post
ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment
next post
လာမယ့် Valentine’s Day အတွက်ဝယ်ထားသင့်တဲ့ Lingerie များ

Recommended

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

December 30, 2023

*DIAMANTE ATELIER*

December 11, 2018

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

High Traveller

October 10, 2017

Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

June 7, 2023

Now and ever jewelry

April 30, 2019

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

Traveling the jewel

May 3, 2019

THANAKHAR CHARM

April 5, 2019

A SWEET EXCESS

January 8, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem