LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTYMAKEUP & SKINCARE

2023 မှာ ခေတ်စားလာမယ့် Beauty Trend များ

written by Maeve March 24, 2023
2023 မှာ ခေတ်စားလာမယ့် Beauty Trend များ

2023 ခုနှစ်ရောက်ပြီဆိုတော့ ဒီနှစ်မှာခေတ်စားမယ့် trend တွေကိုလည်း Fashion and beauty guru တွေအားလုံးကလည်း အပြိုင်အဆိုင်ခန့်မှန်းနေကြပြီပေါ့။ ဆိုတော့ ဒီနှစ်အတွင်းမှာရော ဘယ်လို beauty trend တွေ ခေတ်စားနိုင်မလဲဆိုတာ သိချင်နေကြပြီဟုတ်။ ဒီမှာက အရင်ကထက်တောင်ပိုပြီး trend နောက်ကို သေချာလိုက်နိုင်ကြတာဆိုတော့ ဒီနှစ် international မှာ trend ဖြစ်မယ့်ဟာတွေလည်း ဒီမှာသေချာပေါက် ခေတ်စားလာနိုင်တာမို့ trend ကို သိထားသင့်တာတော့အမှန်ပါပဲ။ ဆိုတော့ ဘယ်လို beauty trend တွေကိုခေတ်စားမလဲကြည့်လိုက်ရအောင်

Side Parts

တကျော့ပြန်လည်နေတဲ့ဖက်ရှင်နဲ့အလှအပလောကမှာ အခုတခါအလှည့်ကျလာတာကတော့ ဆံပင်ဘေးခွဲခြင်း “Side Parts” တွေပါပဲ။ ၂၀၀၀ ခုနှစ်တုန်းကရေစီးကြောင်းတွေ ဒီနှစ်ပိုင်းအတွင်းပြန်ခေတ်စားလာတဲ့အထဲ side parts တွေကလည်း ပါလာပါပြီ။ ဒါကို ခေတ်ရှေ့ပြေးအနေနဲ့ ပြင်ဆင်ခဲ့တဲ့အထဲမှာ Kim Kardashian, Zendaya, Megan Fox နဲ့ Laura Harrier တို့က ထိပ်ဆုံးက ပါဝင်နေပါတယ်။ Beauty guru တွေကလည်း ဆံပင်ဘေးခွဲတာက ဒီ ၂၀၂၃ မှာပိုပိုပြီး လူသိများလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဆံပင်ဘေးခွဲတာက လုံးဝသေသေသပ်သပ်နဲ့ဖီးပြီးပြင်ထားတဲ့ဆံပင်ပုံစံကနေ ခပ်ပွပွ ကပိုကယိုထားတဲ့ဆံပင်ပုံစံထိကိုလိုက်ဖက်တာဆိုတော့ လူတိုင်းနီးပါး လိုက်လုပ်ရတာလည်းမခက်တော့ သေချာပေါက် ရေပန်းစားလာနိုင်ပါတယ်။

Y2K 

25 Best Y2K Makeup Looks to Wear in 2023 - Uptown Girl

ဟုတ်ပါတယ်။ သေချာပေါက် Y2K က ဒီ ၂၀၂၃ မှာ အရမ်းကိုခေတ်စားလာမယ့်ထဲမှာ ထိပ်ဆုံးကပါနေပါတယ်။ Y2K ရဲ့ ခေတ်ဆန်လွန်းတဲ့ပုံစံတွေ၊ ပြောင်ပြောင်လက်လက်နဲ့တောက်ပနေတဲ့ပုံစံတွေ၊ အရောင်တောက်တောက်စိုစိုတွေက အလှအပပိုင်းမှာခေတ်စားလာတာမို့ ဆန်းသစ်တာတွေကိုကြိုက်တဲ့သူတွေ၊ ချပြချင်သူတွေအတွက်တော့ အခွင့်ကောင်းတစ်ခုပါပဲ။ Y2K ကိုအခုမှ ကြုံရမယ့်လူငယ်တွေအနေနဲ့လည်း metallic အရောင်တွေ၊ အရောင်တောက်တောက်တွေ၊ texture ခပ်မိုက်မိုက်တွေကို သူတို့ရဲ့ခေတ်ဆန်တဲ့အမြင်နဲ့ ပေါင်းစပ်ပြီး တမူထူးခြားတဲ့ ဖန်တီးမှုတွေကို ချပြချင်တိုင်းချပြလို့ရတာမို့ ဒီရေစီးကြောင်းကတော့ အတော်ကို စိတ်လှုပ်ရှားဖို့ကောင်းတာအမှန်ပါပဲ။

Retro Flash Makeup

The 9 Biggest Beauty Trends for 2023

မိတ်ကပ်ပိုင်းမှာခေတ်စားလာမယ့် မိတ်ကပ်ပြင်ဆင်မှုတစ်ခုကတော့ ဟိုးအရင်က flash မီးတွေနဲ့ဓာတ်ပုံရိုက်တဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးပါ။ အခုက skincare ကိုလူတိုင်းအကုန် ဦးစားပေးနေကြပြီဆိုတော့ ပိုလို့တောင် မိုက်ပါသေးတယ်။ Retro Flash Makeup ကတော့ Skincare လေးလိမ်း၊ ပါးပါးကြည်ကြည်မိတ်ကပ်လေး on ပြီး flash နဲ့ရိုက်ရင်ဖြစ်တဲ့ မျက်နှာမျိုးဖြစ်နေဖို့ highlighter ကို ပါးရိုးတွေအပြင် နဖူး၊ နှာခေါင်း၊ မျက်လုံးနားတဝိုက် နဲ့ မေးစေ့နားကိုပါလိမ်းပြီး futuristic ဆန်ဆန်ပြင်ဆင်ချယ်သမှုမျိုးပေါ့။ ဥပမာပြောရရင် Gucci Spring/Summer 2023 မှာ လိမ်းခဲ့တဲ့ makeup look တွေထဲ ဒီလို retro flash makeup တွေ ထည့်ပြင်ထားတာကို ကြည့်လို့ရပါတယ်။ 

Face-framing Layers

ပြီးခဲ့တဲ့နှစ်က wolf-hair cut တွေ၊ mullet တွေခေတ်စားခဲ့ပြီဆိုတော့ ဒီနှစ်မှာ ခေတ်စားလာမှာကတော့ အလွှာတွေအများကြီးနဲ့ဆံပင်ပုံစံတွေပါပဲ။ ဒီလိုဆံပင်ပုံစံတွေက 80’s နဲ့ 90’s ခေတ်တွေတုန်းက အရမ်းကိုခေတ်စားခဲ့တာနော်။ အခုလည်း ဒီလိုအလွှာအထပ်ထပ်နဲ့ဆံပင်ပုံစံတွေကိုမှ မျက်နှာကျပေါ်မူတည်ပြီး မျက်နှာကျအလှကို ပိုပေါ်လွင်အောင်လုပ်ပေးမယ့် face framing layer hair cut တွေ သေချာပေါက်ခေတ်စားလာတော့မှာပါ။ Face framing layer hair cut က ဘာနဲ့ဆင်လဲဆို Butterfly hair cut နဲ့ပါပဲ။ Butterfly hair cut က ဆံပင် အရှေ့ကို အတိုအလွှာနဲ့ အနောက်ရောက်လေလေ ရှည်သွားတဲ့အလွှာပုံစံမျိုးပါ။ ဒါက ၂၀၂၂ ကုန်ခါနီးလောက်ကတည်းက ခေတ်စားနေတာလည်းဖြစ်ပါတယ်။ ဒီလို အလွှာအထပ်ထပ်နဲ့ဆံပင်ပုံစံတွေက ဆံသားတိုင်းလည်းညှပ်လို့အဆင်ပြေသလို၊ အသက်အရွယ်လည်းမရွေးတာကြောင့် အားလုံးလိုက်ညှပ်လို့ရလို့ သေချာပေါက် try ကြည့်စေချင်ပါတယ်။ 

More Hair Accessories

This '90s Hair Accessory Is Making A Huge Comeback - Major Mag | 90s hairstyles, Short hair styles, Clip hairstyles

Hair Accessories ဆိုရင် ပြီးခဲ့တဲ့နှစ်တွေတုန်းက ဘီးကုတ်ထူထူတွေ၊ ဆံညှပ် claw ကလစ်အကြီးကြီးတွေက ခေတ်စားခဲ့ပြီဆိုပေမဲ့ အဲ့ဒါနဲ့တင်ရပ်သွားမှာမဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ အရှေ့ဆံပင်ညှပ်တဲ့ကလစ်အသေးအကြီးအကုန် ဒီနှစ်ပိုင်းတွေမှာ ဆက်ပြီးခေတ်စားလာဖို့ရှိပါတယ်။ ကျောက်တွေနဲ့အလှဆင်ထားတဲ့ Bobby Pin တွေ၊ Alice band လို့ခေါ်တဲ့ ခပ်ထင်းထင်းဘီးကုပ်တွေ၊ ဖဲပြားတွေအပါအဝင်ပေါ့။

The best '90s fashion from TV and movies

Hair Accessories တွေရဲ့ အားသာချက်တစ်ခုက bad hair day ဖြစ်နေတဲ့နေ့မျိုးမှာ ကိုယ့်ရဲ့ look ကို ပုံမပျက်အောင် ကယ်ပေးနိုင်တဲ့အရာလေးတွေဖြစ်နေတာပါပဲ။ နောက်ပြီး တနေ့တည်းမှာပဲ look ပြောင်းချင်တယ်ဆိုလည်း hair accessories တွေက ကူညီပေးနိုင်သေးတယ်လေ။ ဆိုတော့ အခုကစပြီး hair accessories တွေဝယ်ထားလိုက်တော့နော်။

Barefaced

10 Effortless “No Makeup” Looks from Fashion Week To Master This Fall

ပြီးခဲ့တဲ့နှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ no-makeup makeup look တွေ၊ clean-girl makeup look တွေက ဒီနှစ်မှာလည်းဆက်ပြီး trend ဖြစ်လာဦးမှာပါ။ skincare ပိုင်းကို ဦးစားပေးပြီး makeup ဆိုရင် ပါးပါးကြည်ကြည်လေးနဲ့လိမ်းတာက minimalist လည်းဖြစ်သလို ကြည့်ရတာ natural looking နဲ့ အသက်ရှုချောင်စေတာတော့အမှန်ပါပဲ။

Image may contain Clothing Apparel Human Person Evening Dress Gown Robe Fashion and Bella Hadid

makeup ကိုတတ်နိုင်သမျှ ပါးပါးလေးပဲလိမ်းရတာဖြစ်လို့ မိတ်ကပ်ထူထူကြီးလိမ်းရတာမကြိုက်တဲ့သူတွေအတွက်လည်း ဒီ trend လေးက အံ့ကိုက်ပဲပေါ့။ ဒီ trend က အရင်ကလို သေသပ်လှပနေတဲ့ makeup look တခုရဖို့အတွက်ကို ကြိုးစားနေရတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းလေးပဲ လှလို့ရတယ်ဆိုတဲ့ ခံစားချက်လေးကို ပေးနိုင်တာမို့ ဒါဟာ ကောင်းမွန်တဲ့ trend တခုဖြစ်တယ်လို့ပြောရင် မမှားပါဘူး။

Polished Manicures

 

Types of Manicures, Nails and Polish: Your Official Guide - PureWow

ကျောက်တွေ၊ glitter တွေ၊ အလှဆင်ပစ္စည်းတွေနဲ့ ဝေဝေဆာဆာပြင်ဆင်ထားတဲ့ လက်သည်းအလှပြင်ဆင်မှုတွေအပြင် ရိုးရိုးရှင်းရှင်းနဲ့ အရောင်တစ်ရောင်တည်းကိုပဲ အဓိကထားပြီးဆိုးတဲ့ လက်သည်းနီတွေကလည်း ဒီနှစ်မှာခေတ်စားလာပါလိမ့်မယ်။ သေချာသန့်စင်ထားတဲ့ လက်သည်းအပေါ်မှာမှ အကြိုက်ဆုံးအရောင်တစ်ရောင်တည်းကိုပဲ ဆိုးတာက clean and luxury look ကိုလည်းရစေသလို ဖက်ရှင်ပိုင်းကိုလည်း အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးပံ့ပိုးပေးနိုင်တာက သူ့ရဲ့အားသာချက်တခုပါပဲ။

Beauty TrendsHealth & BeautyLUSH Magazine MyanmarMakeup Trends
1
Facebook Twitter Google + Pinterest
Maeve

previous post
စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထား (၈) ချက်
next post
စိတ်ထားလှတယ်ဆိုတာ ………

Recommended

YSL နဲ့ Brand Ambassador Dua Lipa တို့ပူးပေါင်းပြီး ပထမဆုံးထွက်လာတဲ့...

August 21, 2019

Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?

November 24, 2023

ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

August 11, 2023

Sun’s Flower

March 12, 2019

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

The Iconic Evening Fashion Show – Designer Won...

October 26, 2019

Gifts for Father’s Day That Can Be Bought...

June 15, 2020

Body shaming လုပ်တဲ့သူတွေကို short film တခုနဲ့ တုံ့ပြန်ခဲ့တဲ့ Billie...

May 28, 2020

New York မြို့မှာ ဖွင့်လှစ်သွားမယ့် ကမ္ဘာ့ပထမဆုံး Makeup Museum

November 29, 2019

Friends ပရိတ်သတ်တွေအကြိုက်တွေ့မယ့် Revolution Beauty x Friends collection

September 16, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem