LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

Gel Manicure တွေကို အိမ်မှာပဲ ဖျက်ကြရအောင်

written by Maeve July 29, 2023
Gel Manicure တွေကို အိမ်မှာပဲ ဖျက်ကြရအောင်

Gel လက်သည်းနီတွေဆိုးထားပြီးရင် Salon သွားသွားပြီးဖျက်ရတာအလုပ်တခုလိုကိုဖြစ်တာနော်။ အလုပ်တွေကလည်းရှုပ်၊ Salon လည်း မသွားနိုင်၊ Gel လက်သည်းတွေကိုလည်း ဖျက်ချင်နေပြီဆိုတာမျိုးက Gel Manicure လုပ်တဲ့သူတိုင်း ခံစားဖူးကြမှာပါ။ ဒါတွေကိုသိလို့ Salon မသွားနိုင်ခဲ့ရင် အိမ်မှာပဲ အလွယ်တကူ ဖျက်လို့ရအောင် မျှဝေပေးချင်ပါတယ်။

လုပ်ထားတဲ့ Gel လက်သည်းနီအရှည်က သိပ်မရှည်ဘူးဆိုရင် လက်သည်းရှည်လာတဲ့အခါ ကြည့်လို့အဆင်ပြေပေမဲ့ Gel ကို အကြာကြီးထားတာက လက်သည်းအတွက်မကောင်းပါဘူး။ ကြာတဲ့အခါ လက်သည်းမှာ အဝါရောင်တွေကျန်တာ၊ လက်သည်းပျက်စီးတာတွေဖြစ်တတ်ပါတယ်။ နောက်ပြီး လက်သည်းရှည်လာတဲ့အချိန်ဆို ပင်ကိုယ်လက်သည်းနဲ့ တပ်ထားတဲ့ Gel လက်သည်းရဲ့ အလေးချိန်မမျှတာမျိုးဖြစ်လာပြီး လက်သည်းထိပ်တွေ မညီမညာဖြစ်လာတာ၊ အထိမခံတာမျိုးတွေလည်း ဖြစ်လာတတ်တယ်။ ဒါကြောင့် ဖြုတ်ရမယ့်အချိန်ရောက်ရင် ဖြုတ်ကိုဖြုတ်သင့်ပါတယ်။

DIY Gold Leaf Manicure For Grown Out Shellac

ဆိုတော့ အိမ်မှာပဲ ကိုယ့်ဘာသာဖြုတ်လို့ရမယ့်နည်းလေးသိထားမယ်ဆို တခါတလေ Salon သွားမဖြုတ်နိုင်တဲ့အခါမျိုးမှာ အသုံးဝင်တာမို့ အဲ့နည်းလေးကို အခုပြောပြပေးသွားပါမယ်။ ဒီနည်းလေးက နိုင်ငံတကာက Dermatologist တွေကိုယ်တိုင် ညွှန်းထားတဲ့နည်းလမ်းလေးမို့ safe လည်းဖြစ်ပါလိမ့်မယ်။

ပထမဆုံး Gel Nail တွေကိုဖြုတ်မယ်ဆိုလိုအပ်တဲ့ ပစ္စည်းလေးတွေကို ပြောပြပေးပါမယ်။ လိုတာတွေကတော့…

  • Vaseline Petroleum jelly 
  • ဂွမ်း 
  • ကတ်ကြေး
  • Acetone (100%)
  • အစားသောက်ပတ်တဲ့ ပလတ်စတစ်အပျော့သား
  • အဝတ်စ တခု
  • Nail file (medium 180 grit)

Gel Nail တွေကို ဘယ်လို ဖြုတ်ကြမလဲ?

How To Remove Gel Nail Polish At Home - Beauty Bay Edited

လိုအပ်တဲ့ပစ္စည်းတွေရပြီဆို ဖြုတ်ရမယ့်နည်းလေးတွေကို ဆက်သွားကြမယ်။ 

ပထမဆုံးအနေနဲ့ Nail file အသစ်နဲ့ Gel Nail Polish ရဲ့ Top coat တွေကို ဖြည်းဖြည်းချင်း ပွတ်ချပေးရပါမယ်။ Nail file က 180 grit နဲ့ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ Nail file နဲ့ပွတ်ရင်း အရောင်ပြယ်သွားပြီ၊ မွဲခြောက်ခြောက်ဖြစ်လာပြီဆို ရပ်လိုက်လို့ရပါပြီ။ တခုရှိတာက ပွတ်တဲ့အခါ လက်သည်းနီအကုန်ကုန်သွားတဲ့အထိ မပွတ်မိအောင် သတိလေးထားဖို့လိုပါတယ်။ 

ပြီးရင်တော့ Gel Nail တွေမဖြုတ်ခင် လက်သည်းပတ်လည်ကနေရာလေးတွေကို Petroleum Jelly လေးသုတ်ပေးပါမယ်။ ဘာလို့သုတ်ရလဲဆိုရင်တော့ Gel Nail ဖယ်ဖို့သုံးတဲ့ Acetone က ပြင်းတာမို့လို့ လက်သည်းဘေးနားကအသားလေးတွေ မထိခိုက်အောင်လို့ပါ။

Gel Polish Removal At Home- Into The Gloss | Into The Gloss

တတိယအနေနဲ့ ဂွမ်းလုံးလေးကို လက်သည်းတချောင်းချင်းစီရဲ့ size အတိုင်း ညှပ်ပါမယ်။ ဒီလိုညှပ်ရတာက ဂွမ်းကို acetone နှစ်ပြီး လက်သည်းမှာကပ်တဲ့အချိန် လက်သည်းဘေးက အသားလေးတွေကို acetone မထိအောင်ပါ။ ဂွမ်းလေးတွေကို ညှပ်ပြီးရင်တော့ ဂွမ်းတွေကို acetone အရည်နှစ်ပြီး လက်သည်းတွေပေါ် တင်ပါမယ်။ ပြီးရင် ပလတ်စတစ် wrap လေးနဲ့ တချောင်းချင်းစီကို ခပ်တင်းတင်းလေးပတ်လိုက်ပါမယ်။

ပြီးရင် အဲ့အတိုင်းလေး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ခဏထားပါမယ်။ Salon သွားသလိုလေးခံစားချင်ရင်တော့ လက်ကို ရေနွေးစိမ်ထားတဲ့ခပ်နွေးနွေး Towel လေးနဲ့ပတ်တာတို့၊ Heating Pad ရှိရင် Heating Pad လေးပေါ်တင်ထားတာတို့ လုပ်လို့ရပါတယ်။

How to Remove Acrylic Nails - Removing Acrylic Nails Without Damage

တကယ်လို့ acetone မရှိတာတို့၊ acetone မသုံးချင်တာမျိုးတို့ဆို နောက်တနည်းနဲ့လုပ်လို့ရပါတယ်။ အဲ့ဒါကတော့ Nail file နဲ့ တိုက်တဲ့အဆင့်ပြီးရင် acetone သုံးတဲ့အဆင့်အစား လက်သည်းတွေကို ရေနွေး၊ ပန်းကန်ဆေးဆပ်ပြာဆီ နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းခပ်ထားတဲ့ ပန်းကန်လုံးလေးထဲကို မိနစ် ၂၀ ကနေ ၃၀ မိနစ်လောက်စိမ်ထားလို့ရပါတယ်။ လက်သည်း အစိုဓာတ်လေးရအောင် cuticle oil ရှိရင် cuticle oil ထည့်ပြီး စိမ်လို့ရပါတယ်။

How To Remove Gel Nails At Home? Simple 6-Step Process | 1999 House of Nails

အချိန်ပြည့်သွားပြီဆိုရင်တော့ Gel Nail တွေကို ဖျက်မယ့်အဆင့်လေးရောက်ပါပြီ။ ခုနကအဆင့်လေးတွေ လုပ်ပြီးတာတောင်မှ Gel Nail က ဖျက်လို့အဆင်မပြေသေးဘူးဆို acetone စိမ်ထားတဲ့ ဂွမ်းလုံးလေးကို လက်သည်းပေါ်တင်ပြီး ခဏလောက်ထပ်ထားပေးရပါမယ်။ တကယ်လို့ ဖျက်လို့အဆင်ပြေရင်တော့ Gel Nail လေးကို ဖြည်းဖြည်းချင်းစီ ဖျက်လို့ရပါပြီ။ ဖျက်တဲ့အခါ ရေနွေးလေးစွတ်ထားတဲ့အဝတ်လေးနဲ့ကိုင်ပြီး ဖျက်လို့လည်းရပါတယ်။ ဖျက်ပြီးရင် အဲ့အဝတ်စိုလေးနဲ့ လက်သည်းလေးတွေကို ပွတ်ပေးပြီး သန့်ရှင်းပေးပါ။ 

အကုန်ဖျက်ပြီးသွားရင်တော့ acetone ကပ်နေတာမျိုးတွေမရှိအောင် လက်ကို ဆပ်ပြာနဲ့သေချာဆေးပေးပါ။ 

What Is Nail Slugging?

ပြီးရင်တော့ Petroleum Jelly ဒါမှမဟုတ် Cutical Oil လေးကို လက်သည်းနဲ့လက်သည်းဘေးကအသားလေးတွေပေါ် နည်းနည်းစီယူပြီး လိမ်းပေးပါ။ အဲ့လိုမျိုး ၇ ရက်လောက်ဆက်တိုက် လိမ်းပေးရင်ပိုကောင်းပါတယ်။ ဒီလိုလိမ်းပေးတာက acetone ကြောင့်ဖြစ်တဲ့ လက်သည်းခြောက်တာတွေ၊ အသားအရေနီတာမျိုးတွေကို ကာကွယ်ပေးပါလိမ့်မယ်။

ကဲ… ဒီလောက်ဆို Gel Nail တွေကို အိမ်မှာ လွယ်လွယ်ကူကူဖြုတ်ဖို့နည်းလမ်းလေးတွေ ရသွားကြမယ်ထင်ပါတယ်။ 

Gel Nail Polish တွေကို ခဏခဏဆိုးတာမျိုးက ပင်ကိုယ်လက်သည်းကို အားပျော့စေနိုင်တာမို့လို့ ခဏခဏ မဆိုးဖို့တော့ တိုက်တွန်းချင်ပါတယ်။ Gel Nail လေးဆိုးလိုက်၊ ခဏနားလိုက်လုပ်ပြီးမှ ဆိုးကြပါနော်။

Gel Nail PolishLUSH beauty
1
Facebook Twitter Google + Pinterest
Maeve

previous post
အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ
next post
Autumn/Winter 2023 Runway တွေမှာ တွေ့ခဲ့ရတဲ့ Trend ဖြစ်လာမယ့် Shoes များ

Recommended

Interview with Citta: Open Your Mind!

April 6, 2020

ဒီ 2024 ထဲမှာ ခေတ်စားလာမယ့် Hairstyle များ

February 9, 2024

Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

July 13, 2023

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

ဆံပင်ပုံဆိုးဆိုးဝါးဝါးမရစေဖို့ Hair Salon မှာ ဘာတွေ သတိထားပေးရမလဲ။

May 29, 2019

LOVE SHOULD NOT HURT

May 17, 2019

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

LUSH PICK August 2019| Beauty Curate

August 10, 2019

LUSH Beauty Program – Less is more EP5...

April 29, 2019

How to live confidently without makeup

May 19, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem