အခုဆိုရင် မင်္ဂလာဆောင်တော့မယ့် သတို့သမီး လောင်းလေးတွေ သိပ်ကို စိတ်လှုပ်ရှား နေကြမှာပေါ့။ ပျိုမေတွေဟာလည်း အစားကြိုက်ကြ သူများတော့ ဝိတ်လျှော့ အစားလျှော့ဖို့ ဆိုတာ တော်တော်ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲနေရသလို ဖြစ်နေတော့မှာ ပေါ့နော်။ ဒါပေမယ့် တစ်သက်မှာ တစ်ခါပဲ ဆင်နွှဲရတဲ့ဒီမင်္ဂလာပွဲမှာ သိပ်ကိုလှပတဲ့ မင်္ဂလာဝတ်စုံလေး ဆင်မြန်းပြီး လှလှပပ မင်္ဂလာဆောင်ချင်တာ မိန်းကလေးတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာလည်း အလုပ်ရှုပ်လို့ ပင်ပန်းလို့ ပိုက်ဆံကုန်လို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ Gym ခန်းမကို မသွားဖြစ်ဘူးလေ။ ဒီတော့ နောက်ဆုံးလက်နက် ဝိတ်ချဆေးတွေကိုသာ ရွေးချယ်ဖို့ စိတ်ကူးကြရ တော့တာပေါ့။ ဈေးကွက်မှာ ရောင်းချနေတဲ့
အဆီကျဆေးတွေက ဘယ်နှစ်ရက်အတွင်း အဆီကျပါတယ် ဘယ်လို ကောင်းပါတယ် ပြောပြောတခဏတွင်းချင်း ပြောင်းလဲသွားစေတဲ့ အရာတွေဟာ ဘေးထွက်ဆိုးကျိုးတွေလည်း ကပ်ငြိပါလာတတ်တာကိုမမေ့သင့်ပါဘူး ပျိုမေတို့ရေ။ ဒီတော့ သောက်ဆေးတွေကို အားမကိုးပဲ ပုံမှန်သဘာဝနည်းလေးတွေနဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းပြီး ကျန်းမာလှပစွာနဲ့ မင်္ဂလာပွဲကို ဆင်နွှဲဖို့ ဒီအချက်လေးတွေကို သေချာလိုက်နာပြီး လေ့ကျင့်ခန်းတွေ လုပ်ကြရအောင်လား။
ပထမဆုံး လေ့ကျင့်ခန်းလုပ်တဲ့သူတွေ လိုက်နာရမှာက ရေများများသောက်ဖို့ပါ။ လေ့ကျင့်ခန်း မလုပ်ခင် ရေဓာတ်ဖြည့်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း အသက်ရှူ လေ့ကျင့်ခန်းနဲ့ ကြွက်သား လေ့ကျင့်ခန်းတို့ကို မျှတအောင်ပြုလုပ်ပါနော်။ ပျိုမေတို့အိမ်မှာ လိုအပ်တဲ့ ပစ္စည်းတစ်ချို့ကတော့ kettle bell, dumbbells, yoga mat တို့ပါ။ တစ်ပတ်ကို အနည်းဆုံး ၃ရက်ကနေ ၅ရက်ထိ လုပ်ဆောင်နိုင်ပြီးတော့ တစ်နေ့ကို အချိန်၁နာရီပေးပါ။ လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာလည်း တစ်ပတ်အတွင်း ဘယ်လို လေ့ကျင့်ခန်းတွေ စလုပ် သင့်သလဲ။ တစ်ပတ်မှာ ၇ရက်ရှိရင် ၅ရက်လောက်ကို တစ်နေ့ အချိန် ၁နာရီလောက် ပေးပြီး work out လုပ်ပါ။ work out လုပ်တဲ့အခါမှာ ဘယ်ရက်ကို ဝမ်းဗိုက်ပိုင်းအတွက်လေ့ကျင့်မယ် ဘယ်ရက်ကို အပေါ်ပိုင်းအတွက် လေ့ကျင့်မယ် ဘယ်ရက်ကိုအောက်ပိုင်းအတွက် လေ့ကျင့်မယ် ဆိုပြီးလည်း အစီအစဉ်တွေ ခွဲချနိုင်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်တိုင်းမှာ ၁၀မိနစ်ခန့် သွေးပူလေ့ကျင့်ခန်း လုပ်ပါ။ ဝမ်းဗိုက်ပိုင်း abs အတွက်ကို တစ်မျိုးစီ ၁၀ကြိမ် ၃ကျော့ (အနည်းဆုံး၃မျိုးခန့်) အပေါ်ပိုင်း ရင်ဘတ် လက်မောင်းနဲ့ ပခုံး အောက်ပိုင်း တင်ပါးပေါင် ခြေသလုံးတို့ကိုလည်း အဲဒီ့နည်းအတိုင်း လေ့ကျင့်ပေးပါ။ ဒါ့အပြင်အလုပ်အားလပ်ရက်များကို မိနစ် ၃၀ ကနေ ၄၀ထိ လမ်းလျှောက်တာ ဒါမှမဟုတ်စက်ဘီးစီးတာတို့ကိုလည်း ပြုလုပ်ပေးပါ ပျိုမေတို့ရေ။
အခု ဒီဆောင်းပါးလေး ထဲမှာတော့ ပျိုမေတို့အလွယ်တကူ အိမ်မှာလိုက်လုပ်နိုင်အောင်လေကျင့်ခန်းလေး ဖြော်ပပေးထားပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေထဲကမှ ကိုယ့်ဘာသာ တခြားလေ့ကျင့်ခန်း အမျိုးအစားတွေကို ထည့်ပေါင်းနိုင်သလို မိမိနှစ်သက်ရာ အခြားလေ့ကျင့်ခန်း အမျိုးအစားတွေနဲ့လည်း အစားထိုးပြုလုပ်နိုင်ပါတယ်။ ပြီးတော့ စစလုပ်ချင်းမို့ အကြိမ်ရေများများ မလုပ်နိုင်တဲ့သူတွေကလည်း စစချင်းအပတ်မှာ အကြိမ်ရေ လျှော့လုပ်နိုင် ပါတယ်။ကဲလေ့ကျင့်ခန်း မလုပ်ခင် အထက်မှာပြောခဲ့တဲ့အတိုင်း သွေးပူ လေ့ကျင့်ခန်းလေး၁၀မိနစ်တော့ လုပ်ဖို့လိုအပ်မယ်နော်။ သွေးပူ လေ့ကျင့်ခန်းလေး လုပ်ပြီးပြီဆိုရင်တော့ ထိုင်ထလေ့ကျင့်ခန်းလေး (body weight squart) နဲ့စလိုက်ပါ။ ဒီလေ့ကျင့်ခန်းလေးကို ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်ပြီးတော့ ဘာကိရိယာမှလည်း မလိုတဲ့အတွက် လူတိုင်းနီးပါး လုပ်ဆောင်နေကြတဲ့လေ့ကျင့်ခန်းလေး တစ်ခုပါ။ ပုံမှန်ထိုင်ထ လေ့ကျင့်ခန်းမျိုး မဟုတ်ပဲ တင်ပါးနဲ့ခါးတဖြောင့်တည်း ရှိနေတဲ့ထိုင်ထဖြစ်ပြီး ခါးကို မတ်မတ်ထားရပါမယ်။ ပခုံးတွေကိုဖြန့်ထားပြီး ခြေထောက်တွေကိုလည်း ပခုံးနဲ့ တတန်းတည်း ကားလိုက်ပါ။ ပြီးရင် ရှေ့တည့်တည့်ကိုကြည့်ပြီး ဒူးတွေကို ဖြည်းဖြည်းချင်း ကွေးလိုက်ပါ။ အဲဒီ့အခါမှာ ခြေဖနောင့်ကို ကြမ်းပြင်နဲ့ တစ်သားတည်းဖြစ်နေပါစေ။ ပြီးရင်တော့ခန္ဓာကိုယ် အနောက်ပိုင်းကို အားပြုပြီး ပြန်ထပါ။ ဒီထိုင်ထပုံစံအတိုင်းအခါ(၂၀) ပြုလုပ်ပေးရမှာဖြစ်ပြီး ပြုလုပ်ပုံကိုတော့ အောက်မှာပုံလေးတွေနဲ့တကွဖော်ပြထားပါတယ်။
နောက်တစ်ခုကတော့ ဒိုက်ထိုးလေ့ကျင့်ခန်း (push up) ပါ။ Push up လေ့ကျင့်ခန်းတွေ အမျိုးရှိတဲ့ထဲက အလွယ်ကူဆုံးနဲ့ ထိရောက်တဲ့ knee push up လေးလုပ်ပုံကို ပြောပြချင်ပါတယ်။ knee push up ဆိုတဲ့အတိုင်းပဲဒူးကိုအားပြုပြီး တွန်းထရမှာပါ။ ပထမဦးဆုံး ယောဂဖျာပေါ်မှာ မှောက်လျှက် တတန်းတည်း အိပ်ပါ။ လက်တွေကို ပခုံးအကျော်ထိအောင် ထားပြီး နံရိုးတွေထက် ကျယ်အောင် ဖြန့်ထားပါ။ ထို့နောက် သင့်ကိုယ်ကို မတင်လိုက်ပါ။ တချိန်တည်းမှာပဲ သင့်ရဲ့ ဒူးခေါင်းကို ထောက်လိုက်ပါ။ တံတောင်ဆစ်တွေက ၉၀ ဒီဂရီ ရှိပါစေ။ အဲဒီ့နည်းအတိုင်း (၁၀) ကြိမ်ပြုလုပ်ပေးပါ။
နောက်လေ့ကျင့်ခန်း တစ်မျိုးကတော့ walking lungs ပါ။ ဒါကိုလုပ်ဖို့အတွက်အရင်ဆုံး မတ်တပ်ရပ်ပါ။ ပခုံးတွေကို ကျယ်ပြန့်စွာ ဖြန့်ပြီး လက်တွေကိုတင်ပါးစုံ တစ်ဖက်စီမှာထားပါ။ ခြေထောက် တစ်ဖက်ထုတ်ပြီး ရှေ့ကိုလှမ်းပါ။ တင်ပါးစုံအောက်ကို နိမ့်သွားစေဖို့ အဲဒီ့ခြေထောက်ရဲ့ ဒူးကိုကွေးလိုက်ပါ။ ကျန်ခဲ့တဲ့ ခြေထောက်ရဲ့ ဒူးခေါင်းကြမ်းပြင်သို့ ကျသည်အထိ ဖြေလျှော့ပါ။ အဲဒီ့နည်းအတိုင်း ခြေထောက် တစ်ဖက်ကို (၁၀)ကြိမ်စီ ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းလေး မှာတော့ dumbbell လေးပါမှာ ဖြစ်ပါတယ်။ သူ့ကို dumbbells rows လို့ခေါ်ပြီး
ပြုလုပ်ပုံကတော့ ပထမဦးဆုံး dumbbell တစ်စုံကို ယူလိုက်ပါ။ တင်ပါးစုံနှင့် ဒူးကိုကွေးလိုက်ပါ။ အပေါ်ပိုင်းကို ကြမ်းပြင်နဲ့ တပြေးတည်း ဖြစ်သည်အထိ နှိမ့်လိုက်ပါ။ ထို့နောက် dumbbell ကောက်ယူထားသော လက်ကို ပခုံးနောက်ကိုကွေးလိုက်ပါ။ ထိုနည်းအတိုင်း ၁၀ကြိမ်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုက plank ပါ။ plank ကိုဘယ်လိုလုပ်မလဲ။ သူ့ကို စက္ကန့် (၃၀)လေ့ကျင့်ခန်းလို့ ခေါ်လိုက်ရအောင်။ ပထမဦးဆုံး ကြမ်းပြင်ပေါ်မှာ လက်နှင့်ဒူးထောက်လိုက်ပါ။ အဲဒီ့နောက် လက်မောင်းကို နှိမ့်လိုက်ပြီး တံတောင်နဲ့ထောက်လိုက်ပါ။ ပခုံးတွေကို ဖြန့်ထားပါနော်။ လက်မောင်းတွေဟာ ဘေးကကြည့်ရင်၉၀ဒီဂရီ ဖြစ်နေရပါမယ်။ ခြေထောက်တွေကို နောက်ပြန်ကန်ပါ။ အဲဒီ့ပုံစံအတိုင်း (၃၀) စက္ကန့်နေပြီး (၃) ကြိမ်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းတွေဟာ အဆီကို လောင်ကျွမ်းစေနိုင်တဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပါ။ work out လုပ်ပြီးတိုင်းမှာ အကြောလျှော့ လေ့ကျင့်ခန်းလေးကိုလည်း ပြန်လည်လုပ်ဆောင်ဖို့ မမေ့ပါနဲ့နော်။ လေ့ကျင့်ခန်း လုပ်ချိန်အတွင်းမှာ ခန္ဓာကိုယ်တွင်း ကြွက်သားတွေဟာ ကျုံ့တာ၊ ဆန့်တာတွေကို အခါခါ လုပ်ဆောင်ထားရတဲ့အတွက် ဒီကြွက်သား အကြောတွေကိုပြန်လည် ဖြေလျှော့ပေးဖို့က မဖြစ်မနေ အရေးကြီးပါတယ်။
အကယ်လို့ ပျိုမေတို့ဟာ အဓိက ဝိတ်ကျချင်တာ ဆိုရင်တော့ diet လုပ်ဖို့လည်းလိုအပ်ပါတယ်။ diet လုပ်တဲ့အခါမှာ protein ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အသီးအရွက်တို့ကို မျှတစွာ စားပါ။ ကိုယ်တစ်နေ့ စားလိုက်တဲ့ calories ကို သေချာတွက်ချက်ပြီး စားသောက်နိုင်တာ အကောင်းဆုံးပါ။ ရေများများသောက်ဖို့ ထပ်တိုက်တွန်းပါရစေ။ လေ့ကျင့်ခန်း လုပ်တာဟာ ၃လလောက်ကြာမှ သိသာတာလို့ ပြောကြပေမယ့် တကယ်ကို အစားအသောက်လည်းထိန်းပြီး လေ့ကျင့်ခန်းလေးလည်း ပုံမှန်လုပ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်တစ်ခုထိတော့ ရှိနိုင်ပါလိမ့်မယ်။ ရေရှည် လုပ်ဆောင်တော့ ကျန်းမာတဲ့ ဘဝကိုတစ်သက်လုံး ပိုင်ဆိုင် ရှိနိုင်တာပေါ့နော်။ ကဲဒါဆိုရင် ကျန်းမာလှပစွာနဲ့မင်္ဂလာပွဲလေးကို ဆင်နွှဲလို့ရပြီလေ။
(English Version)
Every girl wants to look the best on her wedding day. Preparations such as detox, skincare, hair care are a long list to do in the pre-wedding preparation for the brides and even grooms. Even with the army of specialists, you will still need to work out and exercise if you want to look toned and fit in your wedding dress. This is the time for many brides to be excited over her wedding day and trying to lose weight becomes the main goal. After all, you can only wear your beautiful wedding dress once on your wedding day. There are many reasons why you may not be able to go to Gym. To busy, too tired and some people just hate gyms. However, choosing weight loss pills are also not the solution for looking great in your wedding dress. They may give quick results but with unknown side effects. Which is why LUSH would like to advise you to lose weight naturally by following the workout plans below..
First of all, do get yourself hydrated before workout. Do your cardio and strength training in balance. To workout at home, do keep kettle bell, dumbbells, yoga mat and such. Just give yourself one hour a day to exercise and you can do three to six days a week. You will need to decide what are the workouts you will do for your abs, upper body (arm, shoulder and chest) and lower body (hips, legs..). Do at least 3 work out for each body part in 3 sets for each type. Moreover, please walk or bike for 30 to 40 minutes on the weekends.
In this article we are featuring a set of workouts for you to try. And for the girl who for cannot do many rounds for every exercise can start with a shorter in the beginning of your first week. You can increase the time slowly. First of all, please do warm up exercise about 10 minutes before doing workouts. Start with Body weight squats. Most of these workouts are equipment free and you can do it anywhere. Keep your feet shoulder-width apart. Pull your lower abs and keep your eyes forward. Slowly bend the knees and keep your heels flat on floor. Then strongly push back to the starting position. Do this 20 times for each round.
Push up
Lie flat on the yoga mat and face down. Place your hand at shoulder height and little wider than ribs. Press up using your arms and rest on the top of the knees. Be sure that you bend your elbows at 90 degree angle. Do this exercise 10 times for each round.
Walking lungs
Begin by standing on your feet, shoulders should be wide apart and hands are on your hips. After that, step forward with one leg and flex the knee and drop your hips. Descend the remaining leg until your knee nearly touches the ground. Do this exercise 10 times for each round.
Dumbbell Row
First, grab a pair of dumbbells and bend your hips and knees. Then lower your upper body until it’s almost parallel to the floor. Then bend your arm by holding the weights. Do this exercise 10 times for each round.
Plank
Start on the floor on hands and knees, lower your forearms to the floor with elbows positioned under shoulder. Be sure that your shoulders are wide apart. If someone looks at you from the side, your arm must be at the 90 degree. Do this exercise for 30 seconds for each round.
The most important part is that whenever you finish your workout, you need to relax your muscles again. This is because your muscles had been contracting so many times during your workout routine.
If weight loss is the priority, you will need to look after your diet too. Your meal should be rich in protein and vegetables. It will be good to keep track of the calories you eat during the months before the wedding. We would remind you again about the need to drink water as much as you can. There are some sayings that the workouts will be effective only after 3 months. However, if you follow your workout and diet strictly, you would see significant changes even if it is shorter than 3 months. If you continue these lifestyles, you will live a healthier life. So ladies, by following these steps, you all can celebrate your wedding in great health and in great shape.
words by Pyae Phyo