LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
TRAVEL

Be a Fashionable Traveler

written by Maeve May 3, 2019
Be a Fashionable Traveler

Be a Fashionable Traveler

ခရီးသွားတာပဲ သက်တောင့်သက်သာရှိဖို့က အဓိကပါ ..ဖက်ရှင်ကျတာ မကျတာ အရေးမကြီးပါဘူးလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ တကယ်တော့ ခရီးသွားတဲ့အခါ ဖက်ရှင်ကျကျ ဘယ်လိုဝတ်ဆင်ပြီး သွားမလဲဆိုတာ ကောင်းကောင်းသိထားရင် သင့်အတွက် ထင်ထားတာထက်တောင် အများကြီး အလုပ်ဖြစ်ပါတယ်။ ရက်သတ္တပတ်ပိတ်ရက်မှာပဲ ခရီးသွားသွား၊ လများ ကြာရှည် ခရီးပဲ ထွက်ထွက် ဘာတွေကို ဘယ်လို ထုပ်ပိုးပြီး ဘယ်လိုဝတ်ဆင်ရမလဲ၊ ဘယ်လို တွဲဖက်ရမလဲဆိုတာသိရင် သင်က ခရီးစဉ်တစ်ခုလုံးမှာ ဖက်ရှင်ကျကျနဲ့ အမှတ်တရကောင်းကောင်းလေးတွေ ဖန်တီးနိုင်မှာ ငြင်းစရာမရှိပါဘူး။ လူအများစု သဘောတူတာကတော့ ခရီးသွားတဲ့အခါ ၀တ်ဆင်မယ့်အ၀တ်အစားတွေကို ရိုးရိုးရှင်းရှင်းနဲ့ စုံလင်အောင် ထုပ်ပိုးပြီး သယ်သွားတာက အဓိကသော့ချက်ဆိုတာပါပဲ။ ဒါဖြင့်ရင် ဖက်ရှင်ကျကျ ခရီးသွားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်တွေ သိထားသင့်၊ပြင်ဆင်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်။

You might think that traveling should be more comfortable than to be fashionable, but it will be super expedient if you know how to be fashionable while traveling. It is also important to know the match of your outfits on short trips or long trips so that you can create beautiful memories along your trip. Most people accept that when they travel it is best to pack simple outfits to wear. However you should also aware of what a fashionable tripper will need to prepare, and we want to tell you how.

စစချင်း ခရီးသွားတော့မယ်ဆိုရင် ကြိုတင် ပလန်ချထားတာ အကောင်းဆုံးပါ။ ကိုယ့်ရဲ့ ခရီးဆောင်အိတ်ထဲ ဘာတွေ ဘယ်လိုထည့်မလဲ၊ ဘယ်လို ၀တ်စုံမျိုးတွေ အသားပေးဝတ်မလဲ၊ အ၀တ်အစားဘယ်နှစ်စုံယူသွားမှာလဲ စသည်ဖြင့် ကိုယ့်ရဲ့ Travel Wardrobe ကို ပြီးပြည့်စုံအောင် ပြင်ဆင်ဖို့ကို နံပါတ်တစ်နေရာမှာ ထားပြီး ပြင်ဆင်သင့်ပါတယ်။ ပစ္စည်းတွေ ထုပ်ပိုးတဲ့အခါ မကျန်ခဲ့ရလေအောင် List လေးလုပ်ပြီး ချရေးထားတာတော့ အကောင်းဆုံးပေါ့။

Firstly, it is not wrong to take the planning of how you will pack, what kind of outfits are prioritized, how many clothes you will be taking, etc. And make a list of the stuff for your trip.

ဒီလို ပြင်ဆင်တဲ့အခါ ကိုယ်သွားမယ့်နေရာ၊နိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်မယ့်အ၀တ်အစားက လိုလာပြန်ပါရော။ အထူးသဖြင့် ပြည်တွင်းမဟုတ်ဘဲပြည်ပ ခရီးစဉ်သွားမယ်ဆိုရင် ကိုယ်သွားမယ့်နိုင်ငံ၊ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ရာသီဥတုတို့ကို သေချာထည့်သွင်းစဉ်းစားပြီးမှ ကိုယ့်ဝတ်မယ့် အ၀တ်အစား၊ ဖက်ရှင်ကို ရွေးချယ်သင့်ပါသလို လတ်တလော ရေပန်းစားနေတဲ့ Fashion Trend တွေက မဖြစ်မနေ ကိုယ်သိထားသင့်တဲ့ အရာတွေပါ။ အအေးပိုင်းဒေသတွေဆို Coat အရောင်လှလှထူထူထဲထဲလေးတွေ၊ လည်ရှည် Boot နဲ့ Jean တွေ၊ ကမ်းခြေဆို အရောင်ဖျော့ပြီး အသားပါးတဲ့ ဂါဝန်လေးတွေ၊ ပွင့်ရိုက်ဆင်တွေ စသည်ဖြင့် သူ့နေရာနဲ့ သူ အံဝင်ခွင်ကျဖြစ်အောင် ရွေးချယ်တတ်ပြီဆိုရင် ခရီးသွားတဲ့အခါ အော်တို ဖက်ရှင်ကျပြီးသားဖြစ်နေစေပါလိမ့်မယ်။

By doing this, you must realize the relationship between outfit and destination, especially, traveling abroad rather than traveling in your country. You must consider the country, their culture, and weather, as well as the current fashion trend before you pack. You shall bring thick and colored coats, jeans and long boots to cold regions; pale colored thin frocks to the beaches. You will be fashionable once you have the ability to choose the right outfits to the right destination.

တချို့က ခရီးတစ်ခါထွက်ရင် အ၀တ်အစားကို အသစ်မှ၊ အထပ်ထပ်နဲ့ ဟိုဟာနဲ့ ဒီဟာ တွဲဝတ်လိုက်မှ ၊အသစ်ပေါ်တာ မှန်သမျှ ၀တ်သွားလိုက်ရမှ ဖက်ရှင်ကျတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရိုးရှင်းမှုသည်သာ အကောင်းဆုံးဖြစ်သလို အဆန်းဆုံးလည်း ဖြစ်တဲ့အတွက် ခရီးထွက်တဲ့အခါ ရိုးရှင်းမှုကို ဦးစားပေးဖို့ မမေ့ပါနဲ့။ ဒီလိုဆိုလို့ တီရှပ်နဲ့ ဂျင်းပဲ ၀တ်ရမယ်မဟုတ်ပါဘူး။ ကိုယ့်အတွက် အထပ်ထပ် Layer တွေဝတ်၊ဟို အဆင်ကျားနဲ့ ဒီပွင့်ရိုက်နဲ့ တွဲဝတ်ဆိုတာမျိုးထက်စာရင် ကိုယ်ရောက်နေတဲ့နေရာနဲ့ လိုက်ဖက်ပြီး ကိုယ်လည်း သက်သောင့်သက်သာရှိမယ်၊ ဖက်ရှင်လည်း ကျမယ်ဆိုတဲ့ ရိုးရိုးရှင်းရှင်း ၀တ်စုံလေးတွေ ရွေးချယ်ဖို့ ဆိုလိုတာပါ။ အရိုးဆုံးက အဆန်းဆုံးဆိုတဲ့ စကားလေးကို မမေ့ပါနဲ့။

Some people think that only new clothes are more fashionable, but we think simply the best.  Simply is not only the best and also the most bizarre. We are not saying you to wear Tee and jeans only. Depending on your destination, you must choose comfy, fashionable and simple clothes. Remember, “Simply the best”.

နောက်တခုအနေနဲ့က ကိုယ်ယူသွားတဲ့ အ၀တ်အစားတွေကို တစ်မျိုးတည်းနဲ့တင် သုံးလေးမျိုးလောက် တွဲဝတ်လို့ ရတာမျိုး ပြင်ဆင်ဖို့ပါ။ ဥပမာ ဘောင်းဘီတိုနဲ့ ၀တ်ဝတ်၊အရှည်နဲ့ ၀တ်ဝတ်၊ စကပ်နဲ့ ၀တ်ဝတ် လိုက်ဖက်တဲ့ တီရှပ်တစ်ထည် ထည့်တာမျိုး၊ ဂျင်းဘောင်းဘီတစ်ထည်တည်းကိုပဲ အင်္ကျီသုံးလေးမျိုးနဲ့ တွဲဝတ်လို့ရတာမျိုးဆို အကောင်းဆုံးပါပဲ။ အပြင်တစ်ခါထွက်ဖို့ အ၀တ်အစားရွေးရတာ အချိန်ကုန် သက်သာစေသလို သယ်ရတာလည်း သက်သာစေတယ်လေ။

Another option is to take clothes you can use differently. For instance, a shirt, which can go well with, shorts, trousers or skirts and jeans that can wear different shirts are an excellent idea. It will make you save your time and energy.

Accessories တွေက သင့်ရဲ့ ဖက်ရှင်ကို ပိုပြီး ပြည့်စုံသွားစေမယ်ဆိုတာကိုလည်း သတိရဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရှိရှိသမျှ Accessories တွေကို သယ်သွားဖို့တော့ မလိုပါဘူး။ ကိုယ့်အတွက် မရှိမဖြစ်လည်းဖြစ်သလို ကိုယ်ဝတ်မယ့် ၀တ်စုံတိုင်းနဲ့ လိုက်မယ့် Accessories တွေကိုပဲ ရွေးချယ်သွားရင် လုံလောက်ပါပြီ။ ဖိနပ်ဆိုလည်း တစ်ရံတည်းနဲ့ ၀တ်စုံမရွေး လိုက်ဖက်တဲ့အပြင် လမ်းလျှောက်ရတာ သက်သာစေတဲ့ ဖိနပ်မျိုး၊ ခါးပတ်ဆိုလည်း ခရီးစဉ်တစ်ခုလုံးမှာ ဂါဝန်နဲ့ တွဲတွဲ၊ ဘောင်းဘီမှာပတ်ပတ် တစ်ခုတည်းနဲ့ အဆင်ပြေတာမျိုး၊ မျက်မှန်ဆိုလည်းနေရောင်ကို အပြည့်အ၀ကာကွယ်ပြီး ခေတ်စားနေတဲ့ Trend ထဲက မျက်မှန်လိုမျိုး စသည်ဖြင့် ကိုယ်ရွေးလိုက်တဲ့ Accessories က ထောင့်ပေါင်းစုံက အသုံးဝင်မှာမျိုးကို ထည့်သယ်သွားပါ။ အထူးသဖြင့် ဖိနပ်၊မျက်မှန်၊ ပုဝါ၊ အိတ်စတာတွေက မပါမဖြစ် Accessories တွေပေါ့။

Moreover, accessories can complete your fashion, but not all of them at the same time. It is enough to take accessories that are necessary and match your outfit: shoes that are comfortable and go well with any clothes, belts which can be used in both frocks and pants, and sunnies that has U.V protection and in trend. Accessories, like shoes, sunnies, scarfs, and bags, should be useful in many ways.

ဒီတစ်ချက်ကတော့ တော်တော်များများ ဂရုတစိုက် သတိထားမိချင်မှ ထားမိမယ့် Personal Grooming ပါ။ ကိုယ်က ဘယ်လောက်ပဲ လန်ပျံနေအောင်ဝတ်စားစေဦးတော့ ဆံပင်နဲ့ မျက်နှာကိုသေချာမပြင်ဆင်ဘူးဆိုရင် ကိုယ့်ရဲ့ ဖက်ရှင်ကလျော့သွားမှာ အသေအချာပါပဲ။ ခရီးသွားနေတုန်းမှာ နေ့စဉ်ပြင်ဆင်သလောက် ပြင်ဖို့ မလွယ်ကူဘူးဆိုပေမယ့် ဆံပင်အတွက် သေချာ ဖြီးလိမ်းသင့်သလို မိတ်ကပ်ကိုလည်း ရိုးရိုးရှင်းရှင်းလေး ပြင်သင့်ပါတယ်။ လိုတာထက် ပိုပြင်တဲ့အခါ သွားရင်းလာရင်း ချွေးထွက်ပြီး မိတ်ကပ်ပျက်တာ၊ ကွက်တာတွေ ဖြစ်တတ်တယ်လေ။ လိုတာလောက်ပဲ ပြင်ဆင်ပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းဖို့ကို ဦးစားပေးပါ။ ကိုယ်သုံးနေကျ Skincare တွေ၊ ရေမွှေးတွေကို Travel Kit လေးတွေနဲ့ ခွဲသယ်သွားသင့်သလို လက်သည်းနီ၊ လက်သည်းညှပ်စတဲ့ ပစ္စည်းလေးတွေကိုပါ ထည့်ဆောင်သွားပါ။

The following point will be unnoticeable for many people but it is “personal grooming”. No matter how trendy your outfit is, you will not be outstanding and attractive if you failed to prepare for your face and hair. It is not easy to embellish your face and hair while traveling, but it should be done simply. There is nothing more stressful thing than having your bad day with thick make-ups on sunny days on your trip. You should pack your usual skincare and perfume in a travel kit, as well as nail colors and nail clipper.

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ဘယ်နေရာ ဘယ်ခရီးပဲသွားသွား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပျော်ရွှင်မှုကို ခံစားဖို့ပါပဲ။ ဒီလိုသာဆိုရင် ကိုယ်သွားခဲ့တဲ့ ခရီးစဉ်တစ်ခုရဲ့ အမှတ်တရတွေ အားလုံးက တစ်သက်သာ ချိုမြိန်နေတော့မှာပါ။

Finally, you must have your confidence and excitement with you, no matter where you travel. So, the memories of your trip will surely last forever.

words by Su Yi Htet

English translated by Oakkar Thin

LUSH Magazine MyanmarLUSH March 2019LUSH Travel
0
Facebook Twitter Google + Pinterest
Maeve

previous post
Decorating in a dream
next post
Traveling the jewel

Recommended

ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

August 31, 2023

အားကျစရာကောင်းသော အသက်အငယ်ဆုံး ကမ္ဘာပတ်ခဲ့သူ အမေရိကန်မိန်းကလေး

June 7, 2019

How to stay updated on Travel regulations

June 10, 2020

Outlander actors to star in new travel show

June 18, 2020

Cities Of Fashion

July 13, 2018

Merguri or An Untouched Paradise

November 29, 2019

Rent an island in the Maldives – for...

June 25, 2020

Bacalar – Maldives of Mexico

March 11, 2019

မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

August 26, 2023

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem