Decoration ဆိုတဲ့စကားလုံးကို ကြားလိုက်ရင်ဖြစ်စေ၊ မြင်လိုက်ရင်ဖြစ်စေ ပထမဦးဆုံးခေါင်းထဲပြေး ၀င်လာတာကတော့ အိမ်ခန်း၊ အိပ်ခန်း၊ ဧည့်ခန်း စတာတွေပါပဲ။ တခြားသော အလှဆင်၊ ဖန်တီးမှုတွေများစွာမှာလည်း Decoration ဆိုတဲ့အသုံးကိုသုံးနှုန်းပါသေးတယ်။ အိမ်ခန်း၊ အိပ်ခန်းတွေ အလှဆင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်အကြိုက်တူကြမှာမဟုတ်တာတော့သေချာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရောင်တွေ၊ ပစ္စည်းအထားအသို ထားပုံထားနည်းတွေဟာလည်း ကွဲပြားပါလိမ့်မယ်။ တကယ့် နာမည်ကြီး Interior Designer တွေရဲ့ ဖန်တီးမှုတွေကိုတောင် သင့်အကြိုက်နဲ့ ထပ်တူကျချင်မှကျနေမှာပါ။
Have you ever dreamt of making your rooms groom with decoration? In here, the decoration can be anything related to your home such as decorating your living room, bedroom and some other decorations those create your home more glorious. When decorating, there might be different tastes of decoration: choice of colors, item placement. Even decoration by the interior designer may not be identical with your taste a hundred percent.
တစ်ခါတစ်ရံမှာလည်း ယေဘုယျအားဖြင့် လက်ခံရမယ့် Deco ဖြစ်ပေမယ့်လည်း၊ တကယ်တမ်း ကိုယ့်ရုံးခန်း၊ အိမ်ခန်းကို အဲဒီလိုဆင်ထားမယ်ဆိုရင် မနှစ်သက်တာမျိုးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အမြဲတမ်းတော့ စိတ်ခံစားမှုနောက်ကို လိုက်လို့မဖြစ်ပါဘူး။ မိမိအိပ်ခန်းကို မိမိကြိုက်တဲ့အရောင်ခြယ်၊ မိမိကြိုက်တဲ့ Accessories တွေသုံး၊ မိမိကြိုက်တဲ့ အိပ်ယာခင်းကိုသုံးလို့ရနိုင်ပေမယ့် သင့်လုပ်ငန်းရုံးခန်း၊ အိမ်ဧည့်ခန်းတွေကတော့ အများအတွက်လည်း အဆင်ပြေနိုင်အောင် လုပ်ထားဖို့လိုအပ်ပါတယ်။ ဧည့်ခန်းတို့၊ ရုံးခန်းတို့ဆိုတာ ဧည့်သည်မိတ်ဆွေတွေနဲ့ အ၀င်အထွက်ရှိတာဖြစ်တဲ့အတွက် အများအတွက်လည်း အဆင်ပြေပြီး ကိုယ့်အတွက်လည်း အမိုက်ဆုံးဖြစ်နေမယ့် ဒီဇိုင်းတွေကိုစဉ်းစားစေချင်ပါတယ်။ ဆိုလိုတာက သင့်အိပ်ခန်းမှာ အရိုးခေါင်းပဲချိတ်ထားချိတ်ထား၊ စိတ္တဇဆန်တဲ့အရာတွေအများကြီးနဲ့လုပ်ထားနိုင်ပေမယ့် သင့်ဧည့်ခန်း၊ ရုံးခန်းကိုတော့ Mainstream ဖြစ်တဲ့ Decoration တွေနဲ့ ဆင်ယင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအကြံဟာ ရာနှုန်းပြည့်မှန်ကန်မှုကို အားပေးအားမြှောက်မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် Luxury ဖြစ်စေမယ့် အခန်းတွေအတွက် Decorate လုပ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ Accessories တွေအကြောင်း၊ မရှိမဖြစ်ဆိုတာထက် အဲဒီ Accessories တွေရှိနေတဲ့အခါ ကိုယ့်ရုံးခန်း အိမ်ခန်းဟာ Luxury ဖြစ်နေမယ်ဆိုတာပါပဲ။
Sometimes, there are some decorations that you generally need to accept but you might not like the taste of how the decoration is made at your office or home. However, you might not follow what your heart says to decorate your office, as this is the place where you organize for meetings so it has to be suitable for everyone visits you. What I want to say is that you can place a skeleton canvas or any abstract artwork at your home as decorations but not at your office. You should decorate your office or living rooms with mainstream decorative items. I am not saying that you need to do the same steps as what I suggested but when decorating for luxurious rooms, these accessories are the necessities.
အိမ်ခန်း၊ ဧည့်ခန်းအတွက် ပထမဆုံးစဉ်းစားပေးရမယ့်အချက်ကတော့ အခန်းတွင်း မျက်နှာကျက်နဲ့နံရံအရောင်ပါပဲ။ အဲဒီအရောင်က သင့်စိတ်ကြိုက်ဖြစ်ပြီးတော့မှပဲ ကျန်တဲ့ ကော်ဇောတို့ဆိုဖာတို့အကြောင်းကို ဆက်စပ်စဉ်းစားရမှာပါ။ နောက်တစ်ချက် ဒီနေရာမှာ ပြဿနာဖြစ်စေတဲ့အချက်တစ်ခုက ကိုယ်တိုင်က ဘယ်လိုစတိုင်လ်ကိုလိုချင်တာလဲဆိုတာပဲ။ Classic လား၊ Modern လား၊ Vintage လား ဆိုတဲ့ စတိုင်လ်တွေက အားပြိုင်မှုတွေအမြဲတမ်းရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာကိုရွေးချယ်မလဲဆိုတာကို ပြတ်ပြတ်သားသားသိနိုင်ဖို့အရေးကြီးပါတယ်။ ရုံးခန်းဖြစ်စေ၊ အိမ်ခန်းဖြစ်စေ ဆက်တီပေါ်မှာထားတဲ့ Pillow တွေက အရင်ကထက်ပိုပြီး ခေတ်စားလာနေတာကို သင်လည်းသတိထားမိမှာပါ။ ဒါကြောင့် မဖြစ်မနေသုံးရမယ့်အထဲမှာ အဲဒီ Pillow တွေပါဝင်နေပါတယ်။ သင့်အိမ်ခန်း၊ ရုံးခန်းရဲ့ဂုဏ်တင့်တယ်မှုအမြင့်ဆုံးထိကို ဖော်ဆောင်ပေးမယ့် အရာတစ်ခုကတော့ ပန်းချီကားပါပဲ။ ပန်းချီဟာ အနုပညာရပ်အားဖြင့်လည်း ဂုဏ်ထည်ဂုဏ်ဝါကြီးမားသလို၊ သူ့ရဲ့ဂုဏ်ရောင်ဂုဏ်ဝါက သူ့ကိုပိုင်ဆိုင်သူတွေအပေါ်ကိုပါ အရောင်ဟပ်စေတာဖြစ်ပါတယ်။ ဒါကြောင့် ပန်းချီကားတွေဟာ အခန်းရဲ့ထည်ဝါမှုဂုဏ်ကိုမြှင့်တင်စေတာဖြစ်တဲ့အတွက် ပန်းချီကားတွေဝယ်ယူချိတ်ထားသင့်ပါတယ်။
Whether it is an office or a room, cushions that you use at your settee are now trending. So, don’t forget to put cushions as decorative items. There is always an item that makes your living room and office graceful. This is no other than paintings hang at your place. Paintings as art are very glory and it reflects the people who possess those painting. Hence, you should have one painting hang at your office or living room making your room more graceful.
နောက်တစ်ခုက မှန်ပါ။ မှန်ဟာ အခန်း Decorate လုပ်တဲ့နေရာမှာတော့ ဒီဇိုင်းမရွေး၊ ခေတ်မရွေး အကုန်လုံးနဲ့ လိုက်ဖက်တာဖြစ်ပါတယ်။ ဖွင့်ဆိုချက်အဓိပ္ပာယ်တွေအများကြီးနဲ့ ပြည့်နှက်နေတဲ့ နံရံကပ်မှန်တွေဟာ အခန်းရဲ့လှပမှုကို ကောင်းကောင်းကြီးအထောက်အပံ့ပေးနိုင်တာဖြစ်ပါတယ်။
Another item I would like to highlight is a mirror. Mirrors are a perfect match for any themes that you choose to decorate and also showcase the beauty of your room with numerous meanings behind.
ခေတ်အဆက်ဆက်ရဲ့ အဖိုးတန်ဆုံးအရာက အချိန်ပါပဲ။ အဲဒီ အချိန်ဆိုတာကို သတ်မှတ်ပြသပေးတဲ့ နာရီတွေဟာ တကယ့်ကြီးကျယ်ခမ်းနားလွန်းတဲ့အရာတွေပါ။ ဒီနေရာမှာ Classic ဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ Table Clocks တွေနဲ့ Godfather Clocks တွေကို ရွေးချယ်တာကတော့ အမိုက်ဆုံးပါပဲ။
As always there is a saying “Time is precious”, we need wall clocks as a piece of home decoration. Table clocks and Grandfather clocks with classic designs are the best to choose for clocks.
လာသမျှဧည့်သည်ကို ဆွဲဆောင်နိုင်ဆုံးနောက်ထပ်တစ်ခုကတော့ မီးအိမ်နဲ့ မီးဆိုင်းတွေပါ။ ဒီနေရာမှာ အခန်းအကျယ်အ၀န်း၊ အနိမ့်အမြင့်စသဖြင့် အခန်းနဲ့ ပနံသင့်မယ့် မီးအိမ်၊ မီးဆိုင်းတွေကို ရွေးချယ်ရမှာပါ။ Luxury တော့ဖြစ်နေဖို့လိုတာပေါ့နော်။
Another décor items attracting all your guests are lamps and chandeliers. When you come to choose for this décor, choose according to your room width and height but of course, needs to be luxury.
နောက်ထပ် အရာကတော့ အခန်းတွင်းစိုက်ပျိုးရတဲ့ သစ်ပင်တွေနဲ့ အခန်းတွင်းထားရမယ့် ပန်းပင်၊ ပန်းအိုးတွေဖြစ်ပါတယ်။ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုတ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတာဖြစ်တဲ့အတွက် အခန်းရဲ့လှပမှုအပြင် အခန်းတွင်း လေကောင်းလေသန့်ရရှိရေးကိုပါ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။
Last but not least, floral decoration is fundamental for creating a warm environment. There are many ways to decorate which give your home with chic touch where flowers absorb carbon dioxide and give off oxygen at night as well which are very great for indoor placements and also good for fresh air indoors.
ဒီလောက်ဆိုင်ရင်တော့ အခြေခံအားဖြင့် Luxury ဖြစ်စေမယ့် အခန်းဖန်တီးမှုတစ်ခုကို သင်ကိုယ်တိုင်လုပ်ဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
And so, I hope you can create your room as luxurious décor yourself with the above tips.
words by a el ti:
english translated by Eain Chu