ဒီသတင်းက Toy Story fan တွေအတွက်တော့ သတင်းကောင်းပါပဲ။ BAIT ရယ် Reebok ရယ် ပူးပေါင်းပြီး Reebok Instapump ကို Disney Pixar ရဲ့ Toy Story ကို inspired ယူပြီး ထုတ်လုပ်လိုက်ပါတယ်။ Reebok Instapump ဆိုတာကတော့ သူ့ကို စစချင်း running sneaker အနေနဲ့ ဒီဇိုင်းထုတ်ခဲ့ပြီးတော့ ၁၉၉၄ ခုနှစ်မှာ ဈေးကွက်ကိုစသွင်းခဲ့တာပါ။ သူ့ရဲ့ PUMP နည်းပညာက သက်သောင့်သက်သာရှိပြီး ဝတ်ရတာ အံ့ဝင်ခွင်ကျဖြစ်အောင်လုပ်ပေးနိုင်တဲ့ လေထိုးထားတဲ့ အကန့်လေးပါတာပါ။
အခုထွက်ရှိလာတဲ့ Toy Story theme မှာဆို Buzz နဲ့ Woody တို့ကို inspire ယူပြီး ထုတ်လုပ်ထားတာကို တွေ့ရမှာပါ။ sneaker တစ်ဖက်မှာ Buzz ရဲ့ Space Ranger ဝတ်စုံရဲ့ iconic ဖြစ်တဲ့အရောင်တွေ၊ detail တွေကိုထည့်ထားပြီး နောက်တစ်ဖက်မှာ Woody ရဲ့ Cowboy ဝတ်စုံရဲ့အရောင် နဲ့ cow-print pattern တွေကို ထည့်သွင်းထားပါတယ်။ ဖိနပ်အပြင် Buzz နဲ့ Woody တို့ပါတဲ့ t-shirts တွေလည်း ထုတ်သွားမှာပါ။
Sneaker ရဲ့ ဈေးကတော့ 200 USD ဝန်းကျင်ဖြစ်ပြီး ဂျပန် က BAIT ဆိုင်တွေမှာပဲ ဝယ်လို့ရမှာပါ။ BAIT ရဲ့ website မှာတော့ ဒီ sneaker ကို ကံစမ်းလို့ရပါသေးတယ်။
Photo: BAIT
Editor: Maeve