LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

အခုချိန်ထိ လူကြိုက်အများဆုံး Vanilla အနံ့ ရေမွှေးများ

written by Maeve August 18, 2023
အခုချိန်ထိ လူကြိုက်အများဆုံး Vanilla အနံ့ ရေမွှေးများ

အလှအပကြောင်းပြောတဲ့အခါ ချန်ထားလို့မရတဲ့အထဲ ရေမွှေးတွေလည်းပါပါတယ်။ ရေမွှေးအမျိုးအစားတွေအများကြီးရှိတဲ့ထဲကမှ အနံ့ရလိုက်တာနဲ့ နွေးထွေးပြီး သက်သောင့်သက်သာနဲ့လုံခြုံတယ်လို့ ခံစားရစေတဲ့ Vanill‌a အနံ့ရေမွှေးတွေအကြောင်းနဲ့ အကောင်းဆုံး Vanilla Perfumes တွေကို ဒီတခေါက် article လေးမှာ မျှဝေပေးသွားချင်ပါတယ်။

Vanilla အနံ့ပါတဲ့ရေမွှေးတွေရဲ့ထူးခြားတဲ့အချက်က အနံ့ကြောင့် တခြားသူကို အရမ်းကြီးလွှမ်းမိုးနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးကိုမရစေပဲ နွေးထွေးမှုနဲ့ရင်းနှီးတဲ့ခံစားမှုမျိုးကို ရစေတာပါပဲ။ နောက်ပြီး သူ့ရဲ့အနံ့က အရမ်းကြီး sweet ဖြစ်တဲ့ဘက်မျိုးမသွားပဲ ယဉ်ယဉ်လေးနဲ့ confident ကို boost လုပ်ပေးတဲ့အနံ့မျိုးပါ။ ဒါကြောင့်လည်း လူအကြိုက်အများဆုံးအနံ့ထဲမှာ ပါနေတာပေါ့။

Black Opium Eau de Parfum - Yves Saint Laurent | Sephora

နောက်ပြီး Vanilla က သစ်ခွမျိုးစိတ်ထဲမှာ တခုတည်းသော စားလို့ရတဲ့အရာတခုလည်းဖြစ်သလို တခြားအနံ့တွေနဲ့လည်းတွဲဖက်လို့အရမ်းကောင်းတာမို့လို့ Vanilla ကို အနံ့ဖော်စပ်တာတွေမှာဆိုလည်း အမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။

Vanilla အနံ့ရေမွှေးတွေတိုင်းက အချိန်တိုင်းနေရာတိုင်းစွတ်လို့အဆင်ပြေကြတာများပါတယ်။ အဲ့ထဲကနေမှ ပိုပြီးမိုက်၊ ပိုပြီးလူကြိုက်များတဲ့ ရေမွှေးတွေကို မျှဝေပေးသွားချင်ပါသေးတယ်။ Vanilla အနံ့ရေမွှေးဝယ်ဖို့စဉ်းစားထားတယ်ဆိုရင်တော့အခု list ထဲကနေ ရွေးကြည့်လို့ရပါတယ်။ ဒီ List ထဲက ရေမွှေးတွေကို စွတ်မယ်ဆိုရင် လူတွေရဲ့ ချီးကျူးဒဏ်ကိုတော့ ခံနိုင်မှရမယ်နော်။

1. Maison Margiela Replica Coffee Break Eau de Toilette

သူ့ရဲ့အဓိက fragrance notes တွေက pepper essence, orange flower petals, patchouli, cypriol, tonka bean absolute, vanilla, cedarwood, and vetiver

REPLICA' Coffee Break Eau de Toilette - Maison Margiela | Sephora

Maison Margiela ရဲ့ Eau de Toilettes လိုင်းထဲက Replica တံဆိပ်က ကမ္ဘာတဝှမ်းမှာရော မြန်မာနိုင်ငံမှာပါ စွတ်ဖူးတဲ့သူတိုင်း ကြိုက်ကြတဲ့ထဲမှာပါပါတယ်။ ဒီ Replica က ထုတ်တဲ့ Coffee Break ကလည်း အရမ်းကိုနာမည်ကြီးပါတယ်။ နာမည်အတိုင်းပဲ ကော်ဖီအနံ့လေးပါမယ်၊ အဲ့ဒါကိုမှ Pepper, Vanilla, လိမ္မော် နဲ့ သစ်ကတိုးခေါက်အနံ့တွေကိုရောထားတာမို့ အနံ့က စားချင်စရာလေးနဲ့ ဆွဲဆောင်မှုရှိနေတာပါ။ ဒီအနံ့က ကော်ဖီကြိုက်တဲ့သူတွေအတွက်လည်း တော်တော်ကို ကြိုက်မယ့်အနံ့မျိုးပါ။

2. Dior Vanilla Diorama Fragrance

သူ့ရဲ့အဓိက fragrance notes တွေက Vanilla, Orange, Pink Pepper and Lemon

Vanilla Diorama Fragrance La Collection Privée Christian Dior | DIOR

ဒီရေမွှေးက ယောကျာ်းလေးရော၊ မိန်းကလေးပါ သုံးလို့ရပါတယ်။ သူ့ရဲ့နာမည်က Christian Dior ရဲ့ အကြိုက်ဆုံးအချိုပွဲတွေထဲကတခုဖြစ်တဲ့ Diorama Gourmand ကို အစွဲပြုပြီး ပေးထားတာပါ။ ဒီရေမွှေးရဲ့အနံ့က အချိုပွဲမုန့်လေးလိုပဲ စားချင်စရာအရမ်းကောင်းတဲ့ Vanilla, Cocoa နဲ့ လိမ္မော်သီးစိတ်လေးတွေပေါင်းထားတဲ့အနံ့လေးပါ။ အနံ့ပေါင်းစပ်ထားတာက အချိုးအစားညီလွန်းသလို Spicy and Warm ဖြစ်တဲ့အနံ့လေးတွေကြိုက်တဲ့သူဆို ဒါလေးကတော့ Recommended ပါပဲ။

3. Lancôme Idôle Eau de Parfum

သူ့ရဲ့အဓိက fragrance notes တွေက citrus, rose, jasmine, white musk, and vanilla

Lancome Idole Eau de Parfum Vaporisateur Spray 75 ml / 2.5 oz - Walmart.com

Lancôme Idôle ကိုရေမွှေးချစ်သူတိုင်း မသိတဲ့သူမရှိပါဘူး။ ဒီရေမွှေးက တခါစွတ်ဖူးတာနဲ့ လူတိုင်းရဲ့ Favorite ဖြစ်လို့နေပါရော။ ဖြစ်ဆို သူ့ရဲ့အနံ့လေးက ပန်းနံ့လေးကိုမှ ချိုချိုသင်းသင်းလေးနဲ့ အနံ့ရလိုက်တာနဲ့ နွေးထွေးတဲ့ခံစားမှုမျိုးကိုပေးနိုင်သလို သူ့ကိုစွတ်ထားရင် လူတိုင်းဆီက ချီးကျူးသံကိုလည်း ဝေဝေဆာဆာကြားရတယ်လေ။

4. Jo Malone Vanilla & Anise Cologne

သူ့ရဲ့ fragrance note တွေက Top: star anise, Heart: purple vanilla orchid, Base: vanilla bourbon

Three Fine Vanilla Fragrances - Fashion For Lunch.

သူ့ရဲ့ Top Note ဖြစ်တဲ့ စမုန်နက်နဲ့ လေးညှင်းပွင့်တွေရဲ့အနံ့ကိုမှ Heart Note ခရမ်းရောင် vanilla သစ်ခွအနံ့လေးတွေထိ တဆင့်ချင်းစီ ဆွဲဆောင်မှုရှိရှိနဲ့ ခေါ်ဆောင်နိုင်တာက ဒီရေမွှေးရဲ့ အားသာချက်ပါပဲ။ အနံ့က Fresh ဖြစ်လွန်းလို့ နွေလိုရာသီဥတုမှာ တအားလိုက်ဖက်ပါတယ်။ နောက်ပြီး ဒီရေမွှေးက Gender Neutral ဖြစ်တာကလည်း တော်တော်ကိုမိုက်ပါတယ်။

5. Juliette Has a Gun Vanilla Vibes

သူ့ရဲ့အဓိက fragrance note တွေက sea salt, vanilla နဲ့ sandalwood

Vanilla Vibes – Juliette has a gun

2010 ခုနှစ်မှာစပြီးဖြစ်တည်လာတဲ့ Juliet Has A Gun ရဲ့ Not A Perfume EDP က ဒီနှစ်နှောင်းပိုင်းတွေမှာ တော်တော်များများလူသိများလာသလို လူကြိုက်လည်းများလာပါတယ်။ သူ့ရဲ့ Vanilla Vibes ရေမွှေးကတော့ Vanilla အနံ့ကြိုက်သူတိုင်း ကြိုက်ကြမှာသေချာပါတယ်။ ဒီရေမွှေးက နွေးထွေးတဲ့ vanilla အနံ့ကိုမှ စူးရှရှ Sea Salt Note နဲ့ပေါင်းထားတာမို့ One of a Kind လို့တောင် တင်စားကြပါတယ်။ ဒီရေမွှေးစွတ်လိုက်ရင် ပေါ့ပါးလွတ်လပ်ပြီး နွေးထွေးတဲ့ခံစားမှုကို သေချာပေါက်ရမှာပါ။

6. Chanel Paris-Venise Les Eaux de Chanel Eau de Toilette Spray

သူ့ရဲ့အဓိက fragrance note တွေက Lemon, Orange, Bergamot, Petitgrain, and Pink Pepper

PARIS - VENISE Les Eaux de CHANEL - Hair and Body Shower Gel - 6.8 FL. OZ.  | CHANEL

ဒီရေမွှေးအကြောင်းမပြောခင် သူ့ရဲ့ history လေးကိုအရင်ပြောပြချင်ပါတယ်။ ဒီရေမွှေးက Gabrielle Chanel တယောက် သူ့ရဲ့ချစ်သူ Boy Capel ဆုံးပြီးနောက်မှာ ထပ်တွေ့ခဲ့တဲ့ချစ်သူနဲ့ ချစ်ကြိုက်ခဲ့ကြတဲ့ မြို့တွေထဲကတမြို့ဖြစ်တဲ့ Venice မြို့ကို inspired ယူပြီး ထုတ်ခဲ့တာပါ။ ဒီရေမွှေးလေးစွတ်လိုက်တာနဲ့ သက်သောင့်သက်သာဖြစ်ပြီး အဖက်ခံလိုက်ရသလိုနွေးထွေးတဲ့ခံစားမှုကို စွတ်တဲ့သူရော၊ ဘေးနားကလူပါ ခံစားရစေပါတယ်။ ဒီရေမွှေးရဲ့အနံ့က Classy ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးတယောက်ရဲ့အသွင်အပြင်ကို ဖော်ကျူးနိုင်တာမို့ ကြိုက်တဲ့သူလည်းအရမ်းများပါတယ်။

7. YVES SAINT LAURENT Black Opium Eau de Parfum

သူ့ရဲ့အဓိက fragrance note တွေက black coffee, white flowers, and vanilla

YSL Beauty Black Opium Eau de Parfum Spray 90ml

Last but not least… Vanilla Perfume လို့ဆိုရင် နာမည်ကြီး YSL Black Opium ကို ချန်ထားလို့ဘယ်ဖြစ်မလဲနော့်။ Vanilla နံ့သင်းသင်းလေးနဲ့ အရမ်းကို သိမ်မွေ့ပြီး classy ဆန်တဲ့အနံ့မျိုးကို ပေးနိုင်တဲ့ YSL Black Opium ကို မကြိုက်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ အနံ့က ချိုမြသလို နွေးထွေးမှုကိုပါ တခါတည်းပေးနိုင်တဲ့ ဒီရေမွှေးက အရမ်း sexy လည်းဖြစ်သလို တည်ငြိမ်တဲ့ခံစားမှုမျိုးကိုပါ ရစေတာက သူ့ရဲ့ အားသာချက်လို့ပြောရင်လည်းမမှားပါဘူး။ ဒါကိုစွတ်ထားရင် confident ကိုလည်း boost ဖြစ်သလို မိန်းကလေးချင်းတောင် ကြွေမိတဲ့အထိပါပဲ။

LUSH beautyPerfumesVanilla Perfumes
0
Facebook Twitter Google + Pinterest
Maeve

previous post
ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle
next post
မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

Recommended

သင်္ကြန်အတွက် ရိုးမသွားနိုင်တဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်များ

April 4, 2019

Pronovias နဲ့ Ashley Graham တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Plus Size...

January 8, 2020

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

LUSH Beauty Program – Less is more EP4...

March 20, 2019

LUSH Beauty Program – Less is more EP6...

July 23, 2019

နောက်လဆန်းမှာ ထွက်ရှိလာတော့မယ့် Selena Gomez ရဲ့ Rare beauty

August 24, 2020

Disney ချစ်သူတွေအကြိုက်တွေ့စေမယ့် Snow White Makeup Brush Collection

November 12, 2018

Winterize Your Skin

January 3, 2019

Runway ပေါ်က Makeup Looks များနဲ့ Editorials

March 25, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem