LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
TRAVEL

Adventurous Trip for Girl Groups

written by Maeve May 20, 2019
Adventurous Trip for Girl Groups

သူငယ်ချင်းတွေနဲ့ ခရီးသွားရတာဟာ တကယ်တော့ ဘ၀မှာ အသက်ရှင်နေတုန်း မဖြစ်မနေကို လုပ်ကြည့်သင့်တဲ့အရာတွေထဲက တစ်ခုပါ။ အုပ်စုလိုက်ခရီးသွားတယ်ဆိုတာ ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့မှ သွားလို့လာလို့ကောင်းသလို ခရီးသွားရင်းကနေ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ယုံကြည်ရင်းနှီးအားကိုးမှုကိုလည်း ပိုတိုးပွားစေပါတယ်။ ဒါ့အပြင် ကိုယ်မသိသေးတဲ့ နေရာဒေသအသစ်တွေက အတွေ့အကြုံတွေကိုလည်း အတူတူ မျှဝေခံစားလို့ရပြီးတော့ နောက်ထပ် ပိုစိတ်ဝင်စားကောင်းတဲ့ ခရီးစဉ်တွေကိုလည်း ရှာဖွေနိုင်သေးတယ်လေ။ ဒီ့အတွက် LUSH က ဒီလမှာ မိန်းကလေးတွေအတွက် ကိုယ့်သူငယ်ချင်းတွေနဲ့အတူတူ အုပ်စုလိုက်သွားပြီး စွန့်စွန့်စားစား ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရကောင်းလေးတွေ ဖြစ်စေမယ့် Adventurous Group Trip လေးတွေကို ပြောပြပေးချင်ပါတယ်။ နည်းနည်းခက်ခဲပင်ပန်းတာတွေရော၊ ပျော်ရွှင်စရာတွေရော ပါဝင်မယ့် ခရီးပုံစံလေးတွေဖြစ်ပြီး ဒီခရီးတွေကနေ မိန်းကလေးသူငယ်ချင်းအချင်းချင်း ကူညီရိုင်းပင်းမှုလေးတွေ၊ ချစ်ခင်ရင်းနှီးမှုတွေကို ပိုတိုးပွားစေပြီး Friendship ကိုလည်း ပိုခိုင်မြဲစေမှာပါ။

Taking trips with friends is indeed one of the musts while you still live. The group trip is good with those who share the same hearts. Also, we can get to know one another very well, which can build trust. Moreover, you can share the experience of the new destinations and even also search for other interesting places to go to. For this, LUSH will present you the Adventurous Group trip, which intended for the groups of young girls. It will be a type of trip that is both harsh and fun. Such trips can give girls collaboration, loves, and friendship among them.

Hiking

ဒီခရီးစဉ်က လှလှပပ နုနုရွရွလေးနေပြီးသွားလို့ရတဲ့ ခရီးမျိုးမဟုတ်ပါဘူး။ အပင်ပန်းခံနိုင်ဖို့လိုအပ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းမှုတွေနဲ့သွားနိုင်မှ အဆင်ပြေချောမွေ့တဲ့ စိတ်ချမ်းသာစရာခရီးလေးတစ်ခုဖြစ်စေမှာပါ။ တောင်တက်လမ်းလျှောက်ခရီးစဉ်ဖြစ်တဲ့အတွက် အုပ်စုလိုက်သွားတာက ပျော်ဖို့ကောင်းသလို သွားတဲ့လမ်းတစ်လျှောက်က မြင်ကွင်းတွေကို အတူတူခံစားလို့ရပါတယ်။ ကိုယ် Target ထားထားတဲ့နေရာကို  တက်နိုင်ပြီဆိုရင် သူငယ်ချင်းတွေနဲ့အတူ အမှတ်တရ တစ်ခုခုချန်ရစ်ထားတာမျိုးတို့၊ အုပ်စုလိုက်အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့တာမျိုးတို့ လုပ်လို့ရပြီး အဲ့ထက်ပိုတာက ခရီးစဉ်တစ်လျှောက်လုံးက အမှတ်တရတွေ၊ စွန့်စားခန်းတွေက တစ်ယောက်ချင်းစီတိုင်းမှာ ကျန်ရစ်နေမှာပါ။

This is not a kind of trip that can take softly and beautifully.  You need to be durable and collaborate with one another to be convenient. As it is a mountain hiking trip, it is more fun with the group and also you can share the scenery along the way. Once you get to your targeted point, you can capture the moment with friends and more than that, the memories and adventures along the trip will last in your heart.

Mountain Biking

ဒါကတော့ တကယ်ကို စွန့်စွန့်စားစားကိုမှ ကြိုက်တဲ့သူတွေ စမ်းကြည့်သင့်တဲ့ခရီးပုံစံဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်သွားမယ့်နေရာဒေသမှာ Mountain Biking လုပ်လို့ရတယ်ဆို အဆင်ပြေပြီးတော့ အမောခံနိုင်၊အပင်ပန်းခံနိုင်ပြီး စက်ဘီးကောင်းကောင်းစီးတတ်မယ်ဆိုရင် Mountain Biking ပါတဲ့ ခရီးစဉ်မျိုးကို စီစဉ်ကြည့်သင့်ပါတယ်။ Mountain Biking သွားမယ်ဆိုရင်တော့ နွေရာသီထက်စာရင် ဆောင်းရာသီလိုအချိန်မျိုးက ပိုသင့်တော်ပါတယ်။

Only those who like adventures should try this kind of trip. It should be planned if the destination you are taking is suitable for mountain biking, and also you should be decent in stamina; resistant to exhaustion also should know how to ride a bike. It is better to take in winter rather than in summer.

Horseback Tours

ကိုယ်သွားတဲ့ခရီးစဉ်မှာ မြင်းစီးလို့ရတဲ့ Tour ပါတာကလည်း ခရီးစဉ်ကို ပိုပြီး ပျော်ရွှင်ကျေနပ်မှုရစေပြီး အတွေ့အကြုံသစ်တွေကို ခံစားရမှာပါ။ အထူးသဖြင့် မြေပြန့်တောင်ပေါ်ဒေသတွေကို ခရီးထွက်မယ်ဆိုရင် ညနေပိုင်းမှာ မြင်းစီးထွက်ရင်း ပတ်ဝန်းကျင်အလှအပကို ခံစားလို့ရသလို မြင်းစီးထွက်တာက သင့်အတွက် စိန်ခေါ်မှုတစ်ခုလည်းဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ ဘာကြောင့်စိန်ခေါ်မှုတစ်ရပ်ဖြစ်တာလဲဆိုတော့ မြင်းတွေက စိတ်ခံစားမှုရှိတဲ့သက်ရှိတိရစ္ဆာန်ဖြစ်နေတာကြောင့် သင်နဲ့ အပေးအယူမျှမျှနဲ့ ခရီးဆက်စေနိုင်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် ဒါဟာ သိပ်တော့ စိတ်ပူစရာကိစ္စတော့မဟုတ်ပါဘူး။ မြင်းစီးဝန်ဆောင်မှုပေးတဲ့ မြင်းစခန်းတွေကတော့ အယဉ်ကျေးဆုံးမြင်းတွေ၊ အဆင်အပြေဆုံးမြင်းတွေကို သင့်အတွက်စီစဉ်ပေးမှာပါ။ ဒါကြောင့် မြင်းထိန်းတွေပြောပြတဲ့ အခြေခံအချက်လေးတွေကို မှန်မှန်ကန်ကန်လိုက်နာမယ်ဆိုရင် အဆင်ပြေချောမွေ့သွားမှာပါ။ မြင်းစီးပြီး သွားရတဲ့ခဏတာကိုတော့ သင့်အတွက်တစ်ဘ၀စာအမှတ်တရဖြစ်နေစေမှာပါ။

Including horseback riding tour in your trip will satisfy and give you much pleasure and new experience. Once you take a trip to the mountains, in the evening, you can enjoy the environment while riding a horse, which is also a new challenge for you. The reason is that since horses have emotions, you can be accustomed to the horse you are riding in a short time. The agents will arrange you with the best and tamest horse for the tour. You just need to follow the basics of what trainers say. You will surely remember the short moment of horseback riding.

Snorkeling

ကမ်းခြေဘက်ကို ရွေးချယ်ထားပြီဆိုရင်တော့ သမားရိုးကျ ကမ်းခြေမှာအနားယူရင်း ရေကူးတာမျိုး မဟုတ်ဘဲကျွန်းစုတွေဆီ အလည်သွားပြီး ရေအောက်မှာ Snorkeling Experience ကို ရယူနိုင်ပါတယ်။ Snorkeling လုပ်ခြင်းအားဖြင့် ရေအောက်က အလှတရားတွေကို သူငယ်ချင်းတွေ အုပ်စုလိုက် ခံစားနိုင်ပြီးတော့ ကိုယ်က Snorkeling မလုပ်ဖူးဘူးဆိုရင်လည်း လွယ်လွယ်ကူကူ သင်ယူလို့ရပါတယ်။ ဖြစ်နိုင်ရင် မနက်ပိုင်းမှာ Snorkelling လုပ်တာက အကောင်းဆုံးဖြစ်ပြီးတော့ ရေပိုကြည်လင်တဲ့အချိန်၊ ရေအောက်သတ္တ၀ါတွေ ပိုပြီး လှုပ်ရှားသွားလာတဲ့အချိန် ဖြစ်ပါတယ်။

If you choose beaches, you shouldn’t waste your time resting on the beach. Instead, you could visit the islands to experience the snorkeling. By doing this, you can enjoy underwater beauty with friends. If you can’t snorkel, you can easily learn it. Mornings are the best times for snorkeling since the water is clearer and you can see the animals move.

Camping

သူငယ်ချင်းတွေ အုပ်စုလိုက်သွားသင့်တဲ့ နောက်ထပ်ခရီးစဉ်တစ်ခုကတော့ Camping Trip ပါ။ တောထဲတောင်ထဲမှာ အုပ်စုလိုက် Tent လေးတွေထိုးပြီး လူသိပ်မသိသေးတဲ့ တောတောင်ရေမြေအလှတွေကို ခံစားတာကလည်း တစ်မျိုး ပျော်စရာကောင်းပါတယ်။ ကိုယ်က တောထဲမှာ Camping လုပ်တာကို မကြိုက်ဘူးဆိုရင်လည်း တောင်ကုန်းလေးတွေပေါ်မှာ Camping ပုံစံမျိုး လုပ်ပြီး ညဘက် အသားကင်ပါတီတွေ၊ မီးပုံပွဲတွေ လုပ်ရင်း သူငယ်ချင်းတွေ စကားပြောလို့ အချိန်ကုန်ဆုံးနိုင်ပါတယ်။

Another trip with friends group is camping trip. Building tents and enjoying nature’s view is kind of fun. If you are not much of forest fan, you can also go to the hills to camp. At night, you can make a campfire and have a BBQ party where you can spend your time having fun with friends.

Hot – Air Balloon Tour

ဒါကတော့ ကိုယ်သွားမယ့်ခရီးမှာ ထပ်ထည့်လို့ရမယ့် Tour လေးပါ။ အခုနောက်ပိုင်းမှာ Air-ballooning လုပ်တာကပိုပြီးခေတ်စားလာသလို လူငယ်တော်တော်များများလည်း စမ်းကြည့်ချင်ကြတယ်လေ။ သူငယ်ချင်းတွေ အုပ်စုလိုက် Air-balloon Tour လုပ်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှုကို အတူတူ တစ်ပြိုင်နက်ရစေချင်သလို မြေပြင်ရဲ့ အမြင့်ထက်ကနေ ရှုခင်းအမိုက်စားတွေကို ကြည့်ရတဲ့ စိတ်ခံစားချက်က ဘာနဲ့မှ လဲလို့မရပါဘူး။ အခုဆို ပုဂံ၊ အင်းလေးစတဲ့ နေရာတွေမှာ Hot – Air Balloon Tour တွေလုပ်လို့ရနေပြီဆိုတော့ ပြည်တွင်းခရီးမှာပဲ စမ်းကြည့်ချင်တဲ့သူတွေအတွက်လည်း ကွက်တိပါပဲ။

This is an additional plan for your trip. Lately, Air-ballooning is getting popular and many youngsters want to try. You can get excited along with your friends and enjoy the scenes high above the ground. Hot air ballooning is available now in Bagan and Inle, so it is so expedient for those who want to try this in the country.

words by Su Yi Htet

english translated by Okkar Thin

LUSH Magazine MyanmarLUSH May 2019LUSH Travel
1
Facebook Twitter Google + Pinterest
Maeve

previous post
FLUTTER BUM
next post
LUSH INSTYLE | MAY 2019

Recommended

How to stay updated on Travel regulations

June 10, 2020

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

Three Destinations for Travel in April

April 10, 2019

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Norway The Land of Beautiful Landscapes

December 29, 2018

ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

December 8, 2023

Bridge hotel opens in South Africa

July 14, 2020

Virtual Tour of National Parks and Attractions

May 29, 2020

AirAsia unveils ‘AirAsia Unlimited Pass’

July 2, 2020

လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ

September 26, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem