LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesCover StoryLUSH DAILY

ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

written by Lush Editor October 19, 2020
ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

 

အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ကျကျဖြစ်ဖို့ အဝတ်အစား၊ ဖိနပ်နဲ့ အိတ်တွေပဲ လိုအပ်တာမဟုတ်ပါဘူး။ ဒီအရာတွေထက် သူ့ရဲ့ကြိုးစားအောင်မြင်မှုတွေကို တစ်ပါတည်း ဖော်ပြပေးတဲ့အပြင် ဖက်ရှင်ကိုပါ အထောက်အပံ့ဖြစ်ပေးတဲ့အရာကတော့ လက်ပတ်နာရီ ကောင်းကောင်းပါပဲ။ နာရီကို တန်ဖိုးကြီးကြီး ဝတ်စရာမလိုဘူး အချိန်မှန်ရင်ပြီးရောလို့ တွေးရတဲ့ခေတ်က ကုန်လွန်ခဲ့ပြီလို့ အောင်မြင်တဲ့ မိန်းကလေးတစ်ယောက်က တပ်အပ်ပြောမှာ သေချာပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေ၊ ကြိုးစားနေထိုင်မှုတွေကို တန်ဖိုးကြီးနာရီကို မြင်တိုင်း ဂုဏ်ယူနေရမှာ မို့လို့ပါပဲ။

ကမ္ဘာပေါ်က အမျိုးသမီးတိုင်းကို နာရီဝတ်ဆင်ရာမှာ ရွေးချယ်ပါလို့ပြောရင် မပါမဖြစ် Brand ကတော့ အမျိုးသမီးတွေရဲ့ အနှစ်သစ်ဆုံး ဒီဇိုင်းတွေကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေတဲ့ ELLE ပါပဲ။

အမျိုးသမီးတစ်ယောက်ရဲ့ အလှအတွက် အင်္ကျီ၊ ဘောင်းဘီ၊ လက်ကိုင်အိတ်နဲ့ ဖိနပ်တွေလိုသလို လက်ကောက်ဝတ်အလှတရားအတွက် ELLE နာရီတစ်လုံးကလည်း မရှိမဖြစ် တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

ELLE က ကမ္ဘာတဝှမ်းက အမျိုးသမီးတို့အတွက် စိတ်လှုပ်ရှားဖွယ်ရာ ဒီဇိုင်းအသစ်တွေကို အစဉ်အမြဲ ဖန်တီးနေတာမို့ ခုလည်း ELLE ရဲ့ New Collection နှစ်ခုအကြောင်းကို ပြောပြချင်မိတယ်။

ELLE ကတော့ အမျိုးသမီးတွေရဲ့ လှပတင့်တယ်မှုတွေနဲ့ ပျော်ရွှင်တဲ့ကမ္ဘာကြီးကို တည်ဆောက်ဖို့ ရည်ရွယ်တာမို့ အောင်မြင်တဲ့ အမျိုးသမီးတွေရဲ့ အလှတင့်တယ်မှုအတွက် နာရီဒီဇိုင်းအလန်းတွေကို ဖန်တီးမြဲ ထုတ်လုပ်မြဲ ဖြစ်တာကြောင့် ခုလည်း ကမ္ဘာတဝှမ်းက အမျိုးသမီးထုကို ဆွဲဆောင်မယ့် နာရီတွေကို ထုတ်လုပ်လိုက်ပြန်ပါပြီ။

အရင်ဆုံး Rivoli Collection အကြောင်းကို ပြောပြချင်မိတယ်။ ခုလို အချိန်ကာလမှာ လူတွေအားလုံးရဲ့ မျှော်လင့်တောင့်တမှုက သဘာဝပတ်ဝန်းကျင်ကောင်းကောင်းကို မြင်ချင်တွေ့ချင်ကြသလို သဘာဝတောတောင်ရေမြေမှာ သဘာဝဆန်ဆန်နေထိုင်လိုစိတ်တွေ များနေကြတယ်လေ။ ELLE ရဲ့ ဖန်တီးသူဒီဇိုင်နာတွေကလည်း ဒီဆန္ဒတွေကို သူတို့ရဲ့ ဒီဇိုင်းတွေနဲ့ ဖြည့်ဆည်းပေးချင်ကြပုံပါပဲ။

Rivoli ရဲ့ ထူးခြားမှုက သဘာဝကိုချစ်မြတ်နိုးသူတိုင်း မငြင်းဆန်နိုင်အောင် စတိုင်လ်ကျလှပပြီး အနုပညာပြည့်ဝလွန်းပါတယ်။ ပဲရစ်ရဲ့ အနုပညာလက်ရာတစ်ခုလို့ ခံစားလို့ရမယ့် လက်ပတ်နာရီတစ်လုံးကို ဘယ်အမျိုးသမီးကမှ ငြင်းနိုင်မယ်မထင်ပါဘူး။ Rivoli Collection ရဲ့ ပါးလွှာတဲ့ နာရီဒီဇိုင်းကိုမြင်တာနဲ့ နေ့စဉ်ဘဝမှာ အလှအပနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေအတွက် ဝတ်ဆင်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်သွားစေမှာပါပဲ။

Rivoli မှာ သဘာဝကို အနုပညာဆန်ဆန်ခံစားနိုင်မယ့် သစ်စိမ်းရောင်၊ Navy ကာလာ မျက်နှာပြင်နဲ့ ရိုးရှင်းလွန်းတဲ့ နာရီလက်တံလေးတွေဟာ ELLE စာလုံးတွေအကြား ဂန္ထဝင်ဆန်ရိုးရှင်းလှပလွန်းတဲ့ Rose Gold ကာလာနဲ့ ငွေရောင် နာရီအညွှန်းလေးတွေနဲ့ တင့်တယ်လှပနေတဲ့ ဒီဇိုင်းကို တွေ့ရတာဟာ တကယ့်ကိုရင်သပ်ရှုမောဖွယ်ပါပဲ။ လူငယ်၊ လူကြီး မငြင်းဆန်နိုင်တဲ့ ရိုးရှင်းမှုနဲ့ အနုပညာဆန်လှတဲ့ နာရီလေးတွေအဖြစ် မြင်တွေ့ရမှာပါ။

နောက်ထပ်ထူးခြားမှုတစ်ခုကတော့ Rivoli ရဲ့ လက်ပတ်ကြိုးမှာ ELLE ရဲ့ Logo ‘E’ စာလုံးထွင်းထားတဲ့ ငွေရောင်၊ Rose Gold ကာလာ လက်ပတ်ကြိုးက ဝတ်ဆင်သူ အမျိုးသမီးတိုင်းရဲ့ လက်ကောက်ဝတ်အလှတရားကို ပြီးပြည့်စုံစေမယ့် ရတနာတစ်ပါး ဖြစ်စေပါလိမ့်မယ်။ ရွေးချယ်စရာများတာမို့ ကမ္ဘာတဝှမ်းက အမျိုးသမီးထုကို Rivoli က ဆွဲဆောင်နိုင်ဦးမှာ သေချာပါတယ်။

နောက်ထပ် ELLE ရဲ့ ဒီဇိုင်းအသစ် Odéon အကြောင်းကိုလည်း ပြောပြမှ ဖြစ်မယ်လေ။ အကြိုက်မတူကြတဲ့သူတွေအဖို့ နောက်ထပ်ရွေးချယ်စရာတစ်ခုဟာ အမြဲရှိနေရအောင် ELLE ရဲ့ ဖန်တီးသူတွေက လက်ရာမြောက်တဲ့ ဒီဇိုင်းနဲ့ ထပ်မံဖန်တီးထားကြတယ်။

Odéon ရဲ့ ထူးခြားမှုကတော့ ကာလာစုံ နာရီလက်ပတ်ကြိုးလေးတွေနဲ့ တူညီတဲ့ကာလာကိုဖန်တီးထားတဲ့ နာရီဒိုင်ခွက်ရဲ့ ကာလာလေးတွေပါပဲ။ ဖန်စီဆန်ဆန် ပေါ့ပါးသွက်လက်ဟန်အပြည့်နဲ့ ဆွဲဆောင်နေတဲ့ Odéon ဆိုလည်း မမှားပြန်ပါဘူး။ မိန်းကလေးဆန်ဆန် နူးညံ့လှတဲ့ ပန်းရောင်သားရေကြိုးကိုလည်း ထူးခြားတဲ့ ဒီဇိုင်းအဖြစ် တွေ့ရပါသေးတယ်။ ခရင်မ်ကာလာနဲ့ ခရမ်းရောင်တို့ကိုပါ ရွေးချယ်ဖို့ရှိသေးတယ်လို့ပြောရင် အံ့အားသင့်စရာများဖြစ်သွားမလားမသိပေမဲ့ တကယ့်ကို မိန်းကလေးသဘာ၀ နူးညံ့မှုတွေကို အနုပညာဆန်ဆန် ဖန်တီးထားတဲ့ လက်ရာမြောက်တဲ့ အဆင်တန်ဆာပါလို့ ပြောရင် မလွန်ပါဘူး။

ဒီလို ရိုးရှင်းမှုတွေကို ဆန်းသစ်ခံစားရအောင် ဖန်တီးထားတဲ့ ELLE ရဲ့ Collection တွေကို  မြန်မာအမျိုးသမီးတွေလည်း အောင်မြင်မှုရဲ့ မှတ်ကျောက်အဖြစ်နဲ့ ဖက်ရှင်ကျကျဝတ်ဆင်မယ်ဆိုရင်  Time Square Fashion Watch Gallery  မှာရရှိနိုင်သလို Cherry Oo Premium နဲ့ Cherry Oo Stores ဆိုင်များလည်း ဝယ်ယူရရှိနိုင်ပါတယ်။

Time Square Fashion(Myanmar Plaza)

Unit 117,ပထမထပ်၊မြန်မာပလာဇာ၊၁၉၂ ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Ph – 09977122540

Elle WatchesfashionLifeStyleLUSH DAILYlush fashionLUSH Magazine MyanmarOdéonRivoliTime Square Fashion Watch Gallery
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Old But Gold
next post
တီထွင်မှုများဆင့်ကဲပြောင်းလဲပြီး ဆန်းသစ်နေဆဲ Tissot

Recommended

The Wonderful World Of Resin Art

June 10, 2020

Boost your skills with these online classes

May 30, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

Hoop Earrings for this era

June 10, 2020

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

Beret: Fashion Vocabulary

December 26, 2019

မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

July 11, 2019

Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား

June 1, 2020

Relationship Etiquette

February 15, 2019

The Do’s and Don’ts of Placing Rugs 

June 18, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem