LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

အာမေးနီးယန်းတွေရှိခဲ့ဖူးတဲ့ ရန်ကုန်

written by Lush Editor September 27, 2020
အာမေးနီးယန်းတွေရှိခဲ့ဖူးတဲ့ ရန်ကုန်

ဘာသာရေးပေါင်းစုံက အဆောက်အအုံတွေ မြို့လယ်မှာ စုနေတာမျိုး သိပ်ကိုရှားပါးပေမယ့် ရန်ကုန်မြို့လယ်မှာတော့ ရှိနေခဲ့တယ်လေ။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာဟိုးရှေးခေတ်တွေကတည်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ခဲ့တာက အထင်းသားပါပဲ။ အာမေးနီးယန်းလူမျိုးတွေလည်း ရန်ကုန်မှာ အခြေချနေထိုင်ခဲ့ဖူးတာကို ရန်ကုန်မြို့လယ်ဗိုလ်အောင်ကျော်လမ်းနဲ့ ကုန်သည်လမ်းထောင့်က အာမေးနီးယန်းလူမျိုးစုတွေရဲ့ဘာသာရေးအဆောက်အအုံ စိန့်ဂျွန်းဘုရားရှိခိုးကျောင်းက သက်သေပြနေတာပါပဲ။

စိန့်ဂျွန်းဘုရားရှိခိုးကျောင်းဟာ မင်းတုန်းမင်းကြီးက အာမေးနီးယန်းလူမျိုးတွေအတွက် လှူတဲ့မြေနေရာပေါ်မှာဆောက်ထားတာဖြစ်ပြီးတော့ 1862 ခုနှစ်က ဆောက်ပြီး 1863 ခုနှစ်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

အာမေးနီးယန်းလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ ဟိုးရှေးကတည်းက နေထိုင်လာခဲ့တာဖြစ်ပြီးတော့မှတ်မှတ်သားသားရှိတာပြောရရင်တော့အင်းဝခေတ်နေပြည်တော်မှာ အာမေးနီးယန်း-မြန်မာ လူမျိုးတွေရာနဲ့ချီပြီး တာဝန်ထမ်:ဆောင်ခဲ့တဲ့မှတ်တမ်းရှိပါတယ်။

နောက်ပိုင်းမှာတော့ အာမေးနီးယန်း-မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံက မန္တလေး၊ အမရပူရနဲ့ရန်ကုန်တို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် နေထိုင်ခဲ့ကြပါတယ်။ ဒီအတွက် သိသာတဲ့အရာတစ်ခုကရန်ကုန်မြို့ကမ်းနားလမ်းက စထရန်းဟိုတယ်ကို အာမေးနီးယန်း ညီအစ်ကိုနှစ်ယောက်က
တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ကတော့ အာမေးနီးယန်းလူမျိုး Peter Aratoon ဆိုသူပိုင်ဆိုင်ခဲ့တဲ့ ရန်ကုန်မြို့ဘဏ်လမ်းပေါ်က ဘယ်လ်သဇာ (Balthazar) အဆောက်အအုံက ယခုထိရှိနေဆဲသက်သေတစ်ခုပဲဖြစ်ပါတယ်။

အာမေးနီးယန်းလူမျိုးတွေဟာ ဂျပန်ခေတ်က ရန်ကုန်ကို ဗုံးတွေကြဲကြတဲ့အချိန်တွေတုန်းကထွက်ပြေးတိမ်းရှောင်သွားကြသလို 1962 ခုနှစ်ကလည်း ထွက်ခွာသွားကြတာတွေ ရှိတဲ့အခါ ယခုမြန်မာနိုင်ငံမှာ အာမေးနီးယန်းလူမျိုး အနေနဲ့ အတော်လေး ရှားပါးသွားပါပြီ။

ရန်ကုန်မြို့လယ်က အာမေးနီးယန်းတို့အတွက် ဆောက်လုပ်ခဲ့တဲ့ စိန့်ဂျွန်းဘုရားကျောင်းကို လာရောက်တဲ့သူတို့လူမျိုးစုဟာ အနည်းအကျဉ်းပဲရှိပါတော့တယ်။ သွေးမနှောတဲ့ အာမေးနီးယန်းလူမျိုးအစစ်တစ်ယောက်ဟာ 2013 ခုနှစ်မှာ ကွယ်လွန်သွားခဲ့လို့ နှစ်ပေါင်း 400ကျော် နေထိုင်ခဲ့တဲ့ လူမျိုးစုတစ်ခု ကွယ်ပျောက်လုနီးဖြစ်နေခဲ့ပါပြီ။

ရန်ကုန်မြို့လယ်မှာတော့ တစ်ချိန်က နေထိုင်ခဲ့ဖူးကြတဲ့ အာမေးနီးယန်းမျိုးနွယ်စုတွေရဲ့ ကိုးကွယ်ရာစိန့်ဂျွန်းဘုရားရှိခိုးကျောင်းကြီး၊ ဂေါ့သစ်လက်ရာနဲ့ ပေါင်းစပ်ထားတဲ့ ဗိသုကာလက်ရာ ရှေးဟောင်းအဆောက်အအုံကြီးကတော့ နှစ်ပေါင်း ၁၅၀ ကျော်ပြီမို့ ရှေးဟောင်းမြို့ပြအမွေအနှစ်အဖြစ်ဂုဏ်ယူဖွယ်ရာ တည်ရှိနေပါတယ်။

ArmenianHeritage BuildingLUSH DAILYLUSH Magazine MyanmarLUSH September 2020
1
Facebook Twitter Google + Pinterest
Lush Editor

previous post
လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ
next post
စိတ်ခွန်အားတိုးတက်ရာ မြင်းစီး  လေ့ကျင့်အပန်းဖြေပါ

Recommended

Gigi Hadid ရဲ့ပိုင်ဆိုင်မှုတန်ဖိုးထက် ၃ဆပိုများတဲ့ Ariana Grande

June 26, 2018

Mother of Pearl Furniture can brighten up your...

June 5, 2020

Gucci က အသစ်ထုတ်လိုက်တဲ့ Minimalist Bag 

June 4, 2018

Milan Fashion Week FW20 က celebrities တှရေဲ့ fashion...

February 26, 2020

2020 MTV VMAs မှာ ဖျော်ဖြေသွားမယ့် Lady Gaga

August 14, 2020

တကျော့ပြန် ရှင်သန်လာတော့မယ့် သိုးမွေးဖက်ရှင် (သို့) crochet fashion

August 28, 2020

10 Things You Should Know When You Are...

June 19, 2019

Unusual Decorations to put around the house

June 22, 2020

Outlander actors to star in new travel show

June 18, 2020

Virtual Tour of National Parks and Attractions

May 29, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem