LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

ရန်ကုန်မြို့လယ်က ခေတ်ဟောင်း စာတိုက်ကြီး

written by Lush Editor September 4, 2020
ရန်ကုန်မြို့လယ်က ခေတ်ဟောင်း စာတိုက်ကြီး

ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ ချက်ချင်းဆက်သွယ်လို့ရ၊ စာပို့မယ်ဆိုလည်း ဖုန်းထဲကနေ စာရိုက်လိုက်တာနဲ့ တဖက်ကိုရောက်သွားပြီးသား ခေတ်ထဲက သူတွေကတော့ စာတိုက်ဆိုတာကို ရောက်ဖူးကြမယ်တောင် မထင်ဘူး။ အဲဒါကြောင့်လည်း စာတိုက်တွေက ခေတ်ဟောင်းနေရာတွေ ဖြစ်ကုန်ပြီး ရှေးဟောင်းပစ္စည်းတွေပဲ ရှိတဲ့နေရာလို ထင်နေကြပြီ။

အရင်ခေတ်တွေကတော့ အဆက်အသွယ်လုပ်ဖို့ စာတွေရေး၊ စာတိုက်ကိုသွားပို့၊ မျှော်သူအဖို့လည်း စာပို့သမားအလာကို စောင့်နေရတဲ့ ဖီလင်မျိုးက ခုခေတ်မှာပြောရင် ရယ်စရာလို ဖြစ်နေရပြီ။

အဲဒီလို ဖီလင်အဟောင်းနဲ့ တန်ဖိုးရှိလာတဲ့ ရှေးဟောင်းအဆောက်အအုံ စာတိုက်ကြီးတစ်ခု ရန်ကုန်မြို့လယ်မှ ခန်းနားဝံ့ထည်ရှိနေသေးတာ ရတနာတပါးလိုပါပဲ။

အဲဒါကတော့ရန်ကုန်မြို့တော်ကြီးရဲ့ သမိုင်းမှတ်တမ်းဝင် ဗဟိုစာတိုက်ကြီးပဲ ဖြစ်ပါတယ်။

သမိုင်းအဆက်ဆက် အရေးကြီးအခမ်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အဆောက်အအုံတစ်ခုဆိုလည်း မမှားဘူးပေါ့။

သမိုင်းတစ်ခုချင်းစီတိုင်းမှာ အရေးကြီးတဲ့ ဆက်သွယ်ရေးကဏ္ဍကို လုပ်ဆောင်ခဲ့တဲ့ ဂန္ထဝရန်ကုန်မြို့လယ်မှာ ကြက်သွေးရင့်ရောင်နဲ့ ဗြိတိသျှခေတ်လက်ရာ အဆောက်အအုံကြီးတစ်ခု ခိုင်ခိုင်မာမာရှိနေတုန်းပါပဲ ။

င် အဆောက်အအုံကြီးတစ်ခုဆိုလည်း မမှားပြန်ပါဘူး။

ရှေးဟောင်းအဆောက်အအုံတွေထဲမှာ တမူထူးခြားပြီး ခိုင်ခံတောင့်တင်းတဲ့ ပုံစံနဲ့ ခံ့ညားလှပမှုကလည်း ဗဟိုစာတိုက်ကြီးရဲ့ ဆွဲဆောင်မှု တစ်ခုဖြစ်နေပါတယ်။

အဲဒီလို ဆွဲဆောင်မှုရှိနေဆဲ ရှေးဟောင်းအဆောက်အအုံကြီး တစ်ခုဖြစ်တဲ့ ဗဟိုစာတိုက်ကြီးကို ရန်ကုန်မြို့ရဲ့ ကမ်းနားလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာ တွေ့ရမှာပါ။ ဗဟိုစာတိုက်ကြီးကို 1908 ခုနှစ်က ဆောက်ခဲ့တာဖြစ်ပြီးတော့ အဲဒီအချိန်က

ဗဟိုစာတိုက်အဖြစ် စတင်ဆောက်ခဲ့တာမျိုး မဟုတ်ဘဲ Bulloch Brothers &Co. ၏ ရုံးအဖြစ် ဒီဇိုင်းဆွဲခဲ့တာပါ။ Bulloch Brothers &Co. ဆိုတာကတော့ စကော့တလန်က James Bulloch နှင့် George Bulloch ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သက်တမ်းအရင့်ဆုံး ကုန်သွယ်လုပ်ငန်းတစ်ခုအဖြစ် ရှိခဲ့တာပါ။ အဲဒီခေတ်အခါက အရှေ့တိုင်းရဲ့အကြီးမားဆုံးဆန်စက်လုပ်ငန်းကို တည်ထောင်ခဲ့ကြပြီးတော့ လန်ဒန်နဲ့ ရန်ကုန်ကိုကုန်သွယ်တဲ့ သဘောၤလိုင်းကိုတစ်လိုင်းပါ လုပ်ဆောင်ပြီးတော့ ဗြိတိသျှနိုင်ငံထုန်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကိုတင်သွင်းသလို မြန်မာပြည်ကနေ ဆားနဲ့ အခြားကုန်ပစ္စည်းတွေကို တင်ပို့ခဲ့ကြတဲ့အထိ လုပ်ဆောင်ခဲ့တဲ့ Bulloch Brothers &Co.ပဲ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမှာတော့ အခြားနိုင်ငံခြားကုမ္ပဏီတွေနဲ့အတူ Bulloch Brothers &Co.လည်း မြန်မာနိုင်ငံက ထွက်ခွာသွားပါတယ်။ အဲဒီအဆောက်အအုံကြီးဟာ ခုချိန်ထိ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုအဖြစ် ရှိနေခဲ့ရာက 2015ခုနှစ် မေလမှာတော့ Yangon Heritage Trust (YHT)ရဲ့ အပြာရောင်ကမ္ဗည်းပြားကို တပ်ဆင်လိုက်ပြီး ရှေးဟောင်းအမွေအနှစ် အထင်ကရအဆောက်အအုံအဖြစ် သတ်မှတ်လိုက်တဲ့ဗဟိုစာတိုက်ကြီးပဲ ဖြစ်ပါတော့တယ်။

 

LifeStyleliteratureLUSH DAILYLUSH Magazine Myanmarpost-officeVintageYangon
1
Facebook Twitter Google + Pinterest
Lush Editor

previous post
မှန်ထဲကို မြင်အောင်ကြည့်တဲ့အခါ (Self-Acceptance )
next post
The future of award shows

Recommended

Baby-G ရဲ့ new collection အနေနဲ့ထွက်ရှိတော့မယ့် Jimisu Series

June 12, 2018

Etiquette rules to follow when you’re dining at...

May 22, 2019

မျက်မှန်တပ်ရတဲ့သူတွေ mask တပ်တဲ့အခါ အငွေ့ရိုက်တာမဖြစ်ရအောင်…

May 15, 2020

2019 CFDA Fashion Awards ပြဲက ဖက္ရွင္ပံုရိပ္မ်ား

June 5, 2019

Best Fashion Looks of MTV Video Music Awards...

August 27, 2019

အားလုံးကိုပျော်ရွှင်စေခဲ့တဲ့ Moschino Resort 2019 Collection

June 14, 2018

New Trendy Style of R&B star Mabel

November 18, 2020

Top 5 Jewelry Brands For Every Types of...

November 16, 2020

ကိုလိုနီခေတ်ဒီဇိုင်းနဲ့ ခန့်ထည်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့လယ်က စကော့ဈေးကြီး

June 8, 2020

Chromatica is the name, Slaying is her game

June 9, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem