LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

နှစ်ပေါင်း 100 ကျော် အမွေနှစ်ဟောင်း ဆိုဖဲအဆောက်အအုံ (သို့) လောကနတ်အဆောက်အအုံ

written by Lush Editor May 27, 2020
နှစ်ပေါင်း 100 ကျော် အမွေနှစ်ဟောင်း ဆိုဖဲအဆောက်အအုံ (သို့) လောကနတ်အဆောက်အအုံ

ရန်ကုန်မှာ ဂျူးသင်္ချ ိုင်း ရှိတယ်ဆိုတော့ ဂျူးတွေ နေထိုင်သွားတာ သေချာခဲ့ပါတယ်။ ဂျူးလူမျိုးတွေကို နာဇီခေါင်းဆောင် ဟစ်တလာက သုတ်သင်လိုက်တဲ့အခါမှာ ပိုပြီးသတိထားမိသွားရတာပါ။ မြန်မာပြည်မှာ ဂျူးတွေနေထိုင်သွားတယ်ဆိုတာ ဂျူးသင်္ချ ိုင်းရှိခဲ့ဖူးတယ်ဆိုတာထက် ဂျူးတွေပိုင်ဆိုင်ခဲ့တဲ့ အဆောက်အဦတွေ ကျန်ရှိနေခဲ့တာက ကျမစိတ်ကို ပိုသေချာစေခဲ့သလို ပိုပြီး ဆွဲဆောင်ခဲ့ပါတယ်။

ရန်ကုန်မြို့က ပန်းဆိုးတန်းလမ်းဟာ အနုပညာ စာပေသမားတို့ မလျောက်မဖြစ်လျောက်ရတဲ့လမ်းတစ်ခုဆို မမှားပါဘူး။ ပန်းဆိုးတန်းလမ်းကို စာပေချစ်မြတ်နိုးသူတွေသာမက ပန်းချီမြတ်နိုးသူတွေလည်း နှစ်သစ်ကြပါတယ်။ ဘာကြောင့်ဆို မြန်မာပြည်ရဲ့ သက်တမ်းရင့်ဆုံးဖြစ်တဲ့ လောကနတ်ပန်းချီပြခန်းက ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်မှာ ရှိတာကြောင့်လည်း ဖြစ်နေပြန်ပါတယ်။

ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်က လောကနတ်အဆောက်အအုံလို့ လူသိများတဲ့ ဆိုဖဲ (ဘိုဖဲအဆောက်အအုံ) အဆောက်အအုံကြီးဟာ တစ်ချိန်က မြန်မာပြည်မှာနေထိုင်သွားတဲ့ ဂျူးလူမျိုး ဒေးဗစ်ဆိုဖဲ (David Sofaer) ရဲ့ အဆောက်အအုံကြီးပါပဲ။

၁၉ ရာစုမှာကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျူးလူမျိုးတွေဟာ ဘဂ္ဂဒက် (Baghdadi) ဂျူးလူမျိုးတွေ ပိုများကြပါတယ်။ ၂၀ ရာစု အစပိုင်းတုန်းက ရန်ကုန်တစ်မြို့တည်းမှာ ဂျူးလူမျိုးပေါင်း ၂၃၀၀ ကျော်နေထိုင်ခဲ့ကြဖူးပါတယ်။ (ထိုစဉ်က ရန်ကုန်လူဦးရေမှာ လေးသိန်းခန့်သာရှိသည်ဟု သိရပါတယ်)။

ဆိုဖဲ အဆောက်အအုံကြီး (Sofaer’s Building) ကိုတော့ ၁၉၀၆ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့တာပါ။ ထူးထူးခြားခြား အီတာလျံအဆောက်အအုံကြီးလိုဖြစ်အောင် ဘဂ္ဂဒက်မြို့ ကလာတဲ့ ကုန်သည် Isaac A Sofaer က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်က နာမည်ကျော် ဗိသုကာပညာရှင် Thomas Swales က ဆောက်လုပ်ခဲ့တဲ့ ဆိုဖဲ အဆောက်အအုံကြီးကို Sofaer မိသားစုက နေအိမ်အဆောက်အအုံနဲ့ ရုံးခန်းအဖြစ် အသုံးပြုခဲ့ကြတာပါ။ ဆိုဖဲ မိသားစုဟာ အဲဒီခေတ်က ရန်ကုန်မှာ အထင်ကရ ဂျူးမိသားစုဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဆိုဖဲ (David Sofaer) ဟာ ခေတ္တ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ဖူးပါသေးတယ်။

၁၉၃၀ ပြည့်နှစ်မှာတော့ အိန္ဒိယကုန်သည်မိသားစု Surti က ဝယ်ယူလိုက်တဲ့အခါ “Randeria Building” ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခုချိန်ထိ ဆိုဖဲအဆောက်အအုံကြီး (သို့) လောကနတ်အဆောက်အအုံလို့ပဲ လူသိများပါတယ်။ ကိုလိုနီခေတ်က အီဂျစ်ဆေးပြင်းလိပ်တွေ မြူးနစ်ဘီယာတွေ အင်္ဂလန်ကလာတဲ့ ချိုချဉ်တွေလို ဇိမ်ခံပစ္စည်းတွေ လာရောက်ဝယ်ယူရတဲ့ အဆောက်အအုံကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဖဲအဆောက်အအုံကြီးကို အစိုးရက ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ နောက် လူနေအိမ်ခန်းတွေ၊ အစိုးရရုံးခန်းတွေနဲ့ တခြားရုံးခန်းတွေအဖြစ် အသုံးပြုခဲ့တာပါ။ ၁၉၇၁ ခုနှစ်မှာ လောကနတ် ပန်းချီပြခန်းကို ဖွင့်လှစ်ခဲ့ရာက လောကနတ်အဆောက်အအုံလို့ လူသိများလာခဲ့တာပါ။

နိင်ငံခြားခရီးသွားများ မဖြစ်မနေသွားရောက်ရတဲ့ နေရာထဲမှာ လောကနတ်ပန်းချီပြခန်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ မော်ဒန်ပန်းချီနဲ့ ရိုးရာပန်းချီ ဆိုပြီး အခန်းနှစ်ခန်း ထားပေးတာကလည်း လောကနတ်ရဲ့ ထူးခြားမှုတစ်ခုပါပဲ။ ဘာကြောင့်ဆို မော်ဒန်ပန်းချီကို လက်မခံကြသေးတဲ့ အချိန်မျာ ဒီပြခန်းဟာ မော်ဒန်ပန်းချီနဲ့ ရိုးရာပန်းချီကို တွဲဖက်လက်ခံခဲ့တဲ့ ပထမဆုံးပြခန်းပဲ ဖြစ်ပါတယ်။

လောကနတ်ပန်းချီပြခန်းက ပန်းချီလောကအတွက် ရည်ရွယ်ဖွင့်ခဲ့တဲ့ အနုပညာအသိုက်အမြုံတစ်ခုပါ။ အစိုးရအဖွဲ့အစည်းမဟုတ်ဘဲ အဖွဲ့ဝင် ၉ ဦးရဲ့ အဖွဲ့ဝင်ကြေး 500 ကျပ်နဲ့ စတင်ခဲ့တဲ့ အနုပညာအမွေအနှစ်တစ်ခုဖြစ်ပါတယ်။

ဦးခင်မောင် (ဘဏ်) က မော်ဒန်ပန်းချီ၊ ဦးစံဝင်းကတော့ ရိုးရာပန်းချီနဲ့ လိုဂိုကို ပေါင်းစပ်ရေးဆွဲခဲ့တဲ့ နှစ်လိုဖွယ်ပေါင်းစပ်မှု အနုပညာပြခန်း လောကနတ်ဟာ ခုဆို မြန်မာ့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ၃၀ထဲမှာ ပါဝင်လာခဲ့ပါပြီ။ ရန်ကုန်မြို့ရဲ့တစ်ခုတည်းသော သက်တမ်းအရင့်ဆုံး အနုပညာပြခန်းရှိရာ ဂျူးလူမျိုးတို့ဆောက်လုပ်ခဲ့တဲ့ ရှေးအမွေအနှစ်လက်ရာ အဆောက်အအုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။

References;
https://myanmar.mmtimes.com/news/115523.html
https://www.lostfootsteps.org/
yangonheritagetrust.org

Heritage BuildingLUSH DAILYLUSH Magazine MyanmarLUSH May 2020RewindSofaer Building
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Quay နဲ့ Lizzo တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Sunglasses Collection
next post
စိတ်ကျန်းမာရေးအတွက် နေ့စဉ်စောင့်ရှောက်မှုများ

Recommended

SONY Mid-Year Promotion

July 10, 2019

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

March 5, 2019

မျက်မှန်တပ်ရတဲ့သူတွေ mask တပ်တဲ့အခါ အငွေ့ရိုက်တာမဖြစ်ရအောင်…

May 15, 2020

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

Revlon ကနေ မကြာခင်မှာမိတ်ဆက်ပေးတော့မယ့် Foundation Shade ၄၀ ပါတဲ့ Flesh...

June 6, 2018

မြန်မာငွေ ငါးသိန်းဝန်းကျင်တန် Louis Vuitton ရဲ့ Air Pods Earrings

July 22, 2020

Reem Acra Bridal Spring 2021

December 21, 2020

Fashion Vocabulary: Tiered skirt

February 6, 2020

Unusual Decorations to put around the house

June 22, 2020

Engagement Rings of TIFFANY & CO.

November 23, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem