LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLIFE

Interview with Citta: Open Your Mind!

written by Maeve April 6, 2020
Interview with Citta: Open Your Mind!

အလှအပဆိုတာ အပြင်ပန်း ရုပ်ဆင်းအင်္ဂါ လှပဖို့လိုသလို အတွင်းစိတ်တွေ လှပနေဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်တွေ ကျန်းမာလှပနေမှ အပြင်ဘက်က ရုပ်ဆီကို လှပမှုတွေ ပို့ပေးနေနိုင်မှာပါ။ ဒါကြောင့် ဒီလ Beauty & Soul အတွက် Citta Consultancy Psychological Service က CEO မစုစုမောင်နဲ့ တွေ့ဆုံပြီး အမ်ိဳးသမီးတို႔ရဲ႕ စိတ်ကျန်းမာရေးအတွက် စကားလက်ဆုံကြခဲ့သမျှကို ပြန်ဝေမျှပေးလိုက်ပါတယ်နော်…

၂၀၁၇ ခုနှစ်မှာ ဘယ်လိုကြောင့် စတင်လုပ်ဖြစ်ခဲ့တာလဲ မစု

ကျွန်မက US မှာနေတာပါ။ တစ်နှစ်တစ်ခါ မြန်မာပြည်ပြန်လာဖြစ်တယ်။ ၂၀၁၇ မတိုင်ခင်မှာ ပြန်လာတော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ သူငယ်ချင်းရဲ့ မိခင်က ပါရမီဆေးရုံမှာ လုပ်နေတာ။ သူတို့က ကျမရောက်တုန်းအချိန်မှာ စိတ်ပိုင်းဆိုင်ရာ workshop လေး တစ်ခုလုပ်ချင်တယ်လို့ ဆိုလို့ လုပ်ဖြစ်ခဲ့တယ်။ လုပ်ဖြစ်တဲ့အခါမှာ စိတ်ဝင်စားတဲ့သူတွေလည်း များတာကို တွေ့ရတယ်။ လုပ်ရင်းနဲ့ သိလာရတာက workshop နဲ့ မလုံလောက်ဘူးဆိုတာကိုပေါ့။ လူမှုရေးပိုင်း၊ လုပ်ငန်းခွင်ပိုင်းမှာ စိတ်ဖိစီးမှု ရှိတဲ့သူတွေက workshop တစ်ခုတည်းနဲ့ မလုံလောက်ဘူးလေ။ အဲဒီမှာ Consulting Center ကို စတင်လုပ်ဖြစ်ခဲ့တာပါ။

မြန်မာပြည်နဲ့ ကိုက်ညီတဲ့ Consultancy Psychological Service ဖြစ်ဖို့ သီးသန့်လုပ်ရတာမျိုးရော ရှိသလား

ဟုတ်ကဲ့။ ကျွန်မက US မှာ Psychology ဘာသာရပ်ကို မာစတာဘွဲ့ယူခဲ့တာပါ။ မြန်မာပြည်မှာ လုပ်ဖို့အတွက်တော့တော်တော်လေး ပြင်ဆင်ရပါတယ်။ ဒီမှာက Consulting ဆိုတာ ကိုနားမလည်ကြတော့ တော်တော်လေး ရှင်းပြရပါတယ်။ ခုလိုသိလာကြတာလည်း ၅နှစ်လောက်ပဲရှိသေးတယ်။ ယုံကြည်မှုရှိဖို့လည်း ရှင်းပြရတယ်။ info section / Sharing section တွေ လုပ်ရတာပေါ့။ စိတ်ကျန်းမာရေးဆိုတာ ဘာလဲဆိုတာ သိအောင်၊ နောက် ဘယ်လိုအခြေအနေမှာ Consulting လုပ်သင့်တယ်ဆိုတာကို သိအောင် ကျမတို့က ကြိုးစားရတယ်။ သင့်တော်တဲ့အချိန်မှာ လုပ်နိုင်အောင် အသိပေးတာမျိုးတွေ လုပ်ရတာပေါ့။

တကယ်လို့ Consulting လုပ်ဖို့လိုအပ်နေတဲ့ လူတစ်ယောက်က မလုပ်ခဲ့ဘူးဆိုရင် ဘာဖြစ်သွားနိုင်လဲ.

ဒါကတော့ တစ်ယောက်ချင်းဆီမှာ မတူနိုင်ဘူးရှင့်။ တစ်ချို့မှာက ဖေးမကူညီပေးမယ့်သူတွေ ရှိနိုင်တယ်။ ဥပမာ မိသားစု၊ သူငယ်ချင်း၊ ဆရာ ဆရာမစသဖြင့်ပေါ့ ။ ဒီလိုရှိတဲ့အခါ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်၊ လမ်းညွှန်ပေးနိုင်မယ့်သူရှိတယ်ဆိုရင်တော့ သက်သာရာရနိုင်တာပေါ့။ ဒါပေမဲ့ တစ်ချို့အရာတွေကျတော့ ဖွင့်ပြောဖို့ခက်ခဲတာမျိုးရှိတယ်။ လူသိမခံချင်တဲ့ ကိစ္စမျိုးတွေ ရှိကြတယ်လေ။ ဒီတော့ လက်မခံနိုင်တဲ့အရာပဲဆိုပြီး တစ်ယောက်တည်း ဖြေရှင်းနေရရင် ကြာလာရင် ခက်ခဲလာနိုင်တယ်။ နောက်ပိုင်း စိတ်ကျန်းမာရေးထိခိုက်လာနိုင်တယ်။ Depression ဝင်တာတို့ Anxiety တို့ ဖြစ်လာနိုင်ပါတယ်။

မစုရေ ကိုယ်တိုင်ကအမျိုးသမီးမို့ အမျိုးသမီးတွေရဲ့ပြသနာတွေကို ဆွေးနွေးတဲ့အခါ ပိုလွယ်ကူတာမျိုး ရှိလား.

ဟုတ်ကဲ့ ပြောလို့ရပါတယ်။ ကိုယ်တိုင်ကအမျိုးသမီးဆိုတော့ ကိုယ့် Client ကအမျိုးသမီးဖြစ်တဲ့အခါ တစ်ချို့အတွေ့အကြုံတွေက ကိုယ်တိုင်ကြုံဖူးတာတွေ ရှိတာမျိုး နီးစပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းက ကိုယ်နဲ့မတူနိုင်ဘူးဆိုတာလည်း ရှိပြန်တယ်။ ဒီတော့ အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် Consultant တစ်ယောက်အနေနဲ့ သေချာဂရုစိုက်နားထောင်ပြီး ဆွေးနွေးဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးဖြေရှင်းပေးရတာများလဲ။

လူမှုရေးပြသနာတွေပေါ့။ မိသားစုပြသနာထဲမှာ လင်နဲ့မယား၊ သားသမီးနဲ့ မိဘ နောက် အလုပ်မှာ ဝန်ထမ်းတွေကြား ဖိအားတွေနဲ့ပတ်သက်ပြီး လူမှုရေးအခက်အခဲတွေကိုတော့ ပိုပြီး ဆွေးနွေးရတာ များပါတယ်။

အမျိုးသမီးတွေက စိတ်ခံစားမှုပြသနာပိုဖြစ်တတ်လား။ အဲဒါဆို ဘာကြောင့် ဖြစ်ရကြတာလဲ

အမျိုးသမီးနဲ့ အမျိုးသားမှာ ဘယ်သူက စိတ်ခံစားမှုပြသနာပိုဖြစ်တယ်လို့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ အမျိုးသမီးတွေက စိတ်ဖိစီးမှု ပိုခံစားရနိုင်တဲ့ အခြေအနေတွေတော့ ရှိတယ်။ ဒါက မိသားစုတာဝန်၊ အလုပ်ပါလုပ်တယ်ဆိုရင် အလုပ်မှာ ဖိစီးမှုပေါ့၊ အလုပ်နဲ့ အိမ်မှာ ညီမျှမှုမရတော့တဲ့အခါမျိုးမှာ ပိုဖိစီးမှုကိုခံရတာပေါ့။ သားသမီးပါရှိတယ်ဆိုရင် သားသမီးတာဝန်ပါ ပိုယူရတဲ့အခါ ဖိစီးမှုတွေက ဆက်တိုက်ဖြစ်လာမယ်။ ဒီလိုအခါမှာ စိတ်ဖိစီးမှုက ပိုရလာနိုင်တာပေါ့။ အမျိုးသားတွေမှာလည်း မရှိဘူးလို့ ပြောလို့မရဘူး။ သူတို့လည်း စိတ်ဖိစီးမှု ရနိုင်တာပဲ။ ဒါပေမဲ့ အပြင်ပန်းအရဆိုရင်တော့ အမျိုးသမီးတွေက ပိုပြီးဖြစ်နိုင်ခြေများတာပေါ့။ နောက် အမျိုးသမီးတွေမှာ အားသာချက်လည်း ပိုရှိကြတယ်လို့ ထင်ပါတယ်။ ကျမတို့ဆီက အမျိုးသမီးတွေက မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ ပိုပြီး ဆက်ဆံရေးကောင်းကြတယ်။ ဒီတော့ ရင်ဖွင့်စရာလူက အမျိုးသမီးမှာ ပိုများတာမို့ ပိုအခွင့်အရေးသာသလိုဖြစ်တယ်ဆိုတော့ ညီမျှသွားတယ်လို့ပဲ သုံးသပ်ရပါမယ်။

အမျိုးသမီးနဲ့ Relationship ကိစ္စတွေက သူတို့စိတ်ကို ဘယ်လောက်သက်ရောက်မှုရှိနိုင်လဲ။

ဒါကိုပြောရရင်တော့ နိုင်ငံတိုင်းတော့မတူနိုင်ဘူး။ US မှာ သုတေသနပြုကြတဲ့အခါမှာ အမျိုးသမီးတွေရဲ့ မိမိကိုယ်ကိုယ်အမြင် self-esteem နဲ့တန်ဖိုးထားမှုတွေက လူမှုရေးကိစ္စ relationship ကိစ္စတွေနဲ့ ပိုဆက်စပ်မှုရှိကြတယ်လို့တွေ့ရတယ်။ အမျိုးသမီးတွေက သူတို့ရဲ့ ရည်းစား၊ အိမ်ထောင်ဖက်တွေမှာ ပြသနာဖြစ်လာပြီဆိုရင် သူတို့စိတ်မှာ ထိခိုက်လာတယ်ပေါ့။ relationship မှာ ပြသနာဖြစ်လာပြီဆိုရင် အမျိုးသားထက်ပိုပြီး ခံစားလာရတာရှိတယ်။ ဒါကလည်း သူရဲ့ self-esteem ကြောင့်လို့ပြောလို့ရတာပေါ့။ ဥပမာ- သူ့မှာများ ချွတ်ယွင်းချက်ရှိနေလို့လား ဆိုတာမျိုး စသဖြင့်ပေါ့လေ။ အမျိုးသားတွေကလည်း မခံစားရဘူးလို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမျိုးသားတွေရဲ့ self-esteem အရကျတော့ သိပ်ပြသနာမဖြစ်ဘူးပေါ့နော်။ ဒါက ခံယူသူရဲ့ self-esteem နဲ့ သက်ဆိုင်သွားတယ်လို့ လည်းပြောလို့ရပါတယ်။

မစုပြောခဲ့တဲ့ လုပ်ငန်းခွင်က ပြသနာတွေကိုလည်းဆွေးနွေးရတာများတယ်ဆိုတော့ ဘယ်လိုအခြေအနေတွေ ပိုဆွေးနွေးဖြစ်လဲ

ကျမတို့က အဖွဲ့အစည်းနဲ့လုပ်တာများလို့လားတော့မသိဘူး။ ဒီပြသနာက ပိုများသလိုပဲ။ ခုနောက်ပိုင်း အလုပ်ခွင်တွင်း ဆက်ဆံရေးပြသနာတွေ ပိုများတယ်။ သူတို့က လုပ်ငန်းခွင်တွင်း ဖိအားတွေရလာရာက အိမ်မှာရောက်တဲ့အခါ ထပ်ကြုံရတာတွေပေါ်မှာ ထပ်ခံစားရပြန်တယ်။ ဒီလို ဆက်တိုက်ဖြစ်တဲ့သဘောကို တွေ့လာရတယ်။ အဲဒီအတွက် အလုပ်ခွင်တွင်း ဆွေးနွေးပေးရမှုတွေလည်း ခုနောက်မှာ ပိုများလာပါတယ်။

Social media က စိတ်ကျန်းမာရေးအပေါ် ဘယ်လောက်သက်ရောက်မှု ရှိနိုင်မယ်လို့ မစုထင်လဲ။

Social media ကလည်း စိတ်ကျန်းမာရေးအတွက် ဆိုးတာရှိသလို ကောင်းတာလဲ ရှိတယ်။ သူက ပေါင်းသင်းဆက်ဆံရေးကို ချိတ်ဆက်ပေးနိုင်တဲ့အတွက် ကောင်းတဲ့ အရာဖြစ်ပြီး ထောက်ပံ့ပေးသလိုဖြစ်တာမျိုးလည်းရှိသလို တစ်ချို့ သတင်းဆိုး သတင်းမှားတွေ ကလည်း အနှောင့်အယှက်ဖြစ်စေနိုင်တာပဲ။ နောက် ကိုယ်မခံစားနိုင်တဲ့ အခြေအနေမှာ ထွက်ပေါက်ပေးရေးမိခဲ့တာရှိမယ် ဒါကို ပြန်ဖျက်လိုက်ပေမဲ့ ဖတ်တဲ့သူကဖတ်ပြီးသွားမယ် ပေါ့နော်။ အဲဒီအခါ နောက်ပိုင်း ဖြစ်လာတဲ့အရာတွေကို ဆက်ပြီး ကိုယ်ပဲဖြေရှင်းရတာမျိုးတွေ ရှိလာနိုင်တဲ့အတွက် ဒါတွေကလည်း ကိုယ့်ရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်သွားစေတာပေါ့။ ပေါင်းသင်းဆက်ဆံရေးထပ်ရလာနိုင်သလို ရှိပြီးသား ပေါင်းသင်းဆက်ဆံမှုတွေကို ဂရုမစိုက်နိုင်ဖြစ်ပြီးလည်း ပျောက်ဆုံးရတာမျိုးလည်း ရှိလာတတ်တယ်။

အိမ်ထောင်ရေးပြသနာတစ်ခုကို ဆွေးနွေးတဲ့အခါ အမျိုးသမီးဘက်က တွေးပြီး ဆွေးနွေးဖြစ်တာရှိသလား။

Consultant တစ်ယောက်အနေနဲ့ကတော့ ကိုယ့်ဆီလာတဲ့ Client ကို ဦးစားပေးတွေးပေးရတာပေါ့။ ဒါပေမဲ့ လူမှုရေးပြသနာတစ်ခုမှာ အနည်းဆုံး ၂ယောက်ရှိတာဆိုတော့ လိုအပ်ရင် နှစ်ယောက်လုံးနဲ့ ဆွေးနွေးပေးတာမျိုးလည်း လုပ်ပေးရပါတယ်။ တစ်ယောက်ကပြုပြင်ပေမဲ့ နောက်တစ်ယောက်က မပြင်ဘူးဆိုရင်လည်း ပြေလည်နိုင်မှာ မဟုတ်တဲ့ အတွက် သေချာ အသေးစိတ် ဂရုတစိုက်ဆွေးနွေးရပါတယ်။ မိသားစုပြသနာဆိုရင်တော့ မိဘရော သားသမီးကိုပါ ခေါ်ပြီး ဆွေးနွေးရတာမျိုး လုပ်ပေးရမျိုးတွေလည်း ရှိပါတယ်။ အဲတော့ သူတို့လည်း သိရတာပေါ့နော်။ ဘယ်နည်းလမ်းနဲ့ ဖြေရှင်းလို့ရလဲ၊ ဖြေရှင်းကြရင်းနဲ့ နောက်တစ်နည်း ဘယ်လိုစဉ်းစားလို့ရလဲဆိုတာ အချင်းချင်းသိလာရတာပေါ့။

မစုကိုယ်ယ်တိုင် စိတ်ဖိစီးမှုဖြစ်တာရှိလား။ အဲဒီအခါ ဘယ်လို ဖြေရှင်းလဲ

ရှိလာတာပေါ့နော်။ စိတ်ဖိစီးမှုဆိုတာထက် စိတ်ခံစားချက်တွေ များလာရတာပေါ့။ စာနာရတယ်၊ နားလည်မှုတွေလည်း ထားပေးရတယ်ဆိုတော့ ကြာလာတဲ့အခါ ကိုယ်တိုင်မှာ စိတ်ခံစားချက်တွေ များလာတယ်။ Consultant တစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ဖို့၊ အမြဲမပြတ်ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်နေဖို့လည်း လိုတယ်။ ကိုယ်တိုင်က အဆင်မပြေဖြစ်နေရင် မရဘူးဆိုတော့လေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း အထူးလေ့လာနေရတယ်။ ကိုယ့်မှာ စိတ်ခံစားမှုများလာပြီဆိုရင်လည်း ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကြိုသိနေဖို့ သတိထားထားနေရတာပေါ့။ US မှာရှိတဲ့ ကိုယ့်အသိမိတ်ဆွေ Consultant တစ်ယောက်နဲ့ရင်ဖွင့်ဆွေးနွေးတာမျိုးလုပ်ရတာပေါ့။ ကိုယ့်အတွက်ပဲ ဆွေးနွေးတာပါ။ ကိုယ့် Client ကိစ္စကိုဆွေးနွေးတာမဟုတ်ပါဘူး။ ဒါကိုရှင်းအောင် ပြောပြတာပါနော်။

ဟုတ်ကဲ့ စိတ်ခံစားမှုတွေအတွက် ဖြည့်စွက်ပြောချင်တာရှိ့ရင်

ဟုတ်ကဲ့။ ခု မြန်မာပြည်မှာ Consulting Center တွေရှိလာပါပြီ။ လူတိုင်းမှာတော့ စိတ်ခံစားမှုတွေရှိတာပေါ့။ စိတ်ဖိစီးမှုဆိုတာတွေလည်း တချိန်ချိန်မှာ ကြုံရတတ်တာဖြစ်လို့ ဒီလိုတွေဖြစ်ရင် ကျွန်မတို့ဆီမှာ လာရောက်မေးမြန်းနိုင်ပါတယ်။ အခြား Consulting Center တွေမှာလည်း သွားရောက်မေးမြန်းတာမျိုး လုပ်ပေးစေချင်ပါတယ်။ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေဆီမှာ ကိုယ့်မိသားစုဆီမှာ ရင်ဖွင့်ပြောပြတာမျိုးလုပ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့စိတ်ဖိစီးမှုကို လျော့ချဖို့ လုပ်ပေးစေချင်ပါတယ်။ သင့်တော်တဲ့ ဖြေသိမ့်မှုမရဘူးဆိုရင် Consulting လုပ်ဖို့ လိုပါတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ဂရုစိုက်ဖို့ပါပဲ။ ကိုယ့်စိတ်ကျန်းမာရေးဟာ အရေးကြီးတယ်ဆိုတာ ကိုယ်တိုင်အလေးထားပြီး နေသွားဖို့ ပြောချင်ပါတယ်။

Interviewed by Aye Myat Khin

LifeStyleLUSH Beauty & SoulLUSH Magazine MyanmarLUSH March 2020
1
Facebook Twitter Google + Pinterest
Maeve

previous post
The shine collection by Swiss watchmaker RAYMOND WEIL
next post
The Designer and the Goldsmith

Recommended

PRETTY PLAYBOOK

January 18, 2019

2019 Oscars ဆုပေးပွဲက ငွေကြယ်ပွင့်တို့ရဲ့ Makeup ပြင်ဆင်မှုများ

February 25, 2019

Coolest Places For New Year Eve

December 23, 2019

Living In Paradise

October 17, 2017

Short Hair Trends of 2019

November 5, 2019

စိတ်အပန်းပြေစေခြင်း အနုပညာ

June 4, 2020

ဆံပင်ကို ပန်းရောင်ဆိုးပြီး A Star is Born တစ်နှစ်ပြည့်ကို Celebrate...

October 24, 2019

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

Bringing in bright colours

May 29, 2020

May Myat Warso—She who modernizes tradition

April 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem