Hotpants လို့ခေါ်တဲ့ အရမ်းတိုတဲ့ဘောင်းဘီတွေရဲ့ trend အစကတော့ ၁၉၅၀ ဝန်းကျင်လောက်ကစခဲ့ပြီး အဲ့တုန်းက “short shorts” လို့ ခေါ်ခဲ့ကြပါတယ်။ မိန်းကလေးငယ်တွေအတွက် Hotpants တွေရဲ့ trend ကို လန်ဒန်မှာ “Swinging London” အဖြစ်အပျက်ဖြစ်တဲ့အချိန် ၁၉၆၀ ဝန်းကျင်လောက်မှာ ဒီဇိုင်နာ Mary Quant အပါအဝင် ဒီဇိုင်နာတွေက စတင်ခဲ့တာပါ။ Hotpants တွေက မိန်းကလေးတွေအတွက်ဆိုပေမဲ့ ယောကျာ်းလေးတွေလည်းဝတ်လို့ရတယ်ဆိုတာကို David Bowie, Liberace, Elton John တို့က သက်သေပြသွားခဲ့ပါတယ်။ Hotpants တွေကို uniform အနေနဲ့လည်း ဝတ်ဆင်တာကိုတွေ့ရသလို အားကစားလုပ်တဲ့အခါမှာလည်းး ဝတ်ဆင်ကြပါတယ်။ ၁၉၇၁ ဝန်းကျင်မှာ Southwest လေကြောင်းလိုင်းက Hotpants ကို uniform အနေနဲ့ လေယာဉ်မယ်တွေကို ဝတ်ဆင်ခိုင်းခဲ့တဲ့အတွက် နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါသေးတယ်။ Hotpants ကို လက်ရှည်အင်္ကျီ၊ jacket, T-shirt, Crop top တွေနဲ့ အဆင်ပြေသလို တွဲဖက်ဝတ်နိုင်ပြီး လာမယ့် နွေရာသီမှာ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်မယ့် outfit မျိုးကို ဖန်တီးနိုင်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Hotpants #ShortShorts