LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryLUSH DAILYTRAVEL

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

written by Aung Lynn Thit July 2, 2019
မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

မိုးရာသီမှာ ကမ်းခြေသွားရတာကို တော်တော်များများနှစ်သက်လေ့တော့ သိပ်မရှိကြပါဘူး။ အများစုသော ကမ်းခြေသွားကြသူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အပန်းဖြေဖို့ပါ။ Adventure ဆိုရင် Snorkeling တို့၊ Diving တို့ပြုလုပ်နိုင်ပေမယ့် ဒီလို Adventure လုပ်ချင်တဲ့သူတွေက အဲဒီဝန်ဆောင်မှုရတဲ့နေရာကိုပဲ တန်းသွားကြတာပါ။ ကမ်းခြေသွားသူအများစုဟာလည်း နွေနဲ့ဆောင်းကိုသာ များသောအားဖြင့် ရွေးချယ်မှုပိုများပါတယ်။ တချို့သော Travel Company တွေတောင်မှ မိုးရာသီ ကမ်းခြေ Package တွေကိုရောင်းချခြင်းမရှိကြတော့ပါဘူး။

မိုးရာသီမှာ ကမ်းခြေကိုသွားရတာဟာ Risk ယူရတာမျိုးဖြစ်ပါတယ်။ တခြားရာသီဥတုထက် မိုးရာသီက ပိုပြီးတော့ ပင်လယ်ပြင်အန္တာရာယ်ပိုများပါတယ်။ ကမ်းခြေတချို့မှာဆိုရင် မိုးရာသီ ပင်လယ်ပြင်သို့ ရေဆင်းမကူးဖို့အတွက် လာရောက်တဲ့ဧည့်သည်ခရီးသွားတွေကိုတားမြစ်ထားတာတွေရှိပါတယ်။ ဒါပေမယ့် တအားစိုးရိမ်စရာမလိုပါဘူး။ မုန်တိုင်းအန္တာရာယ်ရှိမရှိကိုပဲ မိုးလေ၀သခန့်မှန်းချက်တွေကနေ လေ့လာပြီး ကိုယ်သွားမယ့်နေ့ကို ရွေးချယ်နိုင်ဖို့ပါပဲ။ မိုးရွာတဲ့အချိန်သွားလာရတဲ့အခါ ကသိကအောက်ဖြစ်ရတာကိုလည်း စိတ်မညစ်တတ်ဖို့လိုပါတယ်။

မိုးရာသီကမ်းခြေရဲ့အရသာ တစ်မျိုးတစ်ဖုံဆန်းသစ်နေမယ်ဆိုတာတော့ မမေ့သင့်ပါဘူးလေ။ မိုးရွာနေတဲ့ ကမ်းခြေဟာ ဘ၀ရဲ့မေ့ပျောက်နေတဲ့အရသာနဲ့ အမှတ်တရတွေကို ပြန်လည်ယူဆောင်ပေးလာနိုင်ပါတယ်။ မိုးရွာနေတဲ့ ကမ်းခြေရဲ့ mood ဟာ ပျော်ရွှင်မှုနဲ့ ၀မ်းနည်းမှုတွေကို ညီတူညီမျှပေးစွမ်းနိုင်ပါတယ်။ သောက်တတ်စားတတ်သူအဖို့လည်း ကမ်းခြေရဲ့ မိုးရေပြင်ဟာ လိုအပ်တဲ့ mood ကောင်းကောင်းကိုပေးနိုင်ပါတယ်။ မိုးရာသီဆိုတိုင်း နေ့တိုင်းမိုးရွာနေတာမှမဟုတ်တာလေနော်။ မိုးရွာမယ့်အချိန်ကိုထည့်တွက်ထားရုံပါပဲ။ ပြီးတော့ ပင်လယ်ကမ်းစပ်နားက မိုးရေစက်တွေဟာ လေတိုက်ခတ်နေတဲ့အတွက် ခန္ဓာကိုယ်ပေါ်ကိုတိုက်ရိုက်ထိရင် သာမန်မိုးရေစက်နာကျင်မှုကို ခံစားရစေပါတယ်တဲ့။ ဒါကြောင့် မိုးရွာနေတဲ့ကမ်းခြေမှာ လမ်းလျှောက်မယ်ဆိုရင် Rain Coat သို့မဟုတ်၊ ထီးတို့လို့ အကာအကွယ်ယူသွားဖို့လိုအပ်ပါမယ်။ ပြီးတော့ ကမ်းခြေမိုးရေဟာ သာမန်ထက်ပိုအေးတတ်ပါတယ်။ မိုးမရွာပဲ နေသာမိုးအုံ့အနေအထားကတော့ ကမ်းခြေရဲ့အလှအပကို ပြောဖွယ်ရာမရှိတော့ပါဘူး။

မိုးရွာနေတဲ့အသံနဲ့ ကမ်းခြေကိုရိုက်ခတ်နေတဲ့ ပင်လယ်ပြင်ရဲ့ အသံဟာလည်း ဇိမ်ခံစရာအနေအထားတစ်ခုကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ မိုးရာသီမှာ ကမ်းခြေသွားသူအချို့ဟာ လုံးဝအပြည့်အ၀အနားယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သွားကြတာများပါတယ်။ အကြည့်ချင်ဆုံးရုပ်ရှင်တွေယူသွားတယ်။ ကိုယ်သုံးမယ့် ဘတ်ဂျတ်ပမာဏထဲကနေအကောင်းဆုံးသုံးမယ်။ Spa သွားမယ်။ ဇိမ်ခံတယ်။ ရေကူးတယ်။ သောက်မယ်စားမယ်။ ပင်လယ်ကနေကမ်းခြေကိုဖြတ်လာတဲ့ မိုးရနံ့ပါလာတဲ့လေကို တစ်ဝကြီးရှူရှိုက်ခံစားမယ်။

မိုးရာသီကမ်းခြေခံစားမှုအတွက် တစ်ညအိပ်နှစ်ရက်စတာမျိုးတွေကိုတော့ အားမပေးပါဘူး။ အနည်းဆုံး ၂ ညအိပ် ၃ ရက်ခရီးတော့ဖြစ်သင့်ပါတယ်။ ဒါမှ သင်လည်း ကောင်းကောင်းအနားရမှာပါ။

Lin Takhon

LUSH TravelLUSH Travel July 2019
1
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
L’Oreal Paris Red Carpet Special Collection (30% Off Promotion)
next post
၁ လတိတိကျင်းပသွားမယ့် Junction Shopping Centre တွေက Grand Yangon Sale

Recommended

Men Belt – Fashion Vocabulary

October 10, 2019

Disney ချစ်သူတွေအကြိုက်တွေ့စေမယ့် Snow White Makeup Brush Collection

November 12, 2018

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Lego to release build-your-own Lamborghini Kit

June 7, 2020

2019 British Fashion Awards’ Fashion

December 4, 2019

DAY DREAMERS

February 14, 2019

What is kombucha?

June 4, 2020

New Normal Business Casual for Rainy Season

June 15, 2020

LUSH June 2019 Issue Cover Story BTS &...

June 15, 2019

ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

June 26, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem