LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

Fanny Pack တွေရဲ့ အလွန်မှာ ခေတ်စားလာနိုင်တဲ့ လည်ဆွဲအိတ်များ (သို့မဟုတ်) Necklace Bags

written by SuYiHtet April 9, 2019
Fanny Pack တွေရဲ့ အလွန်မှာ ခေတ်စားလာနိုင်တဲ့ လည်ဆွဲအိတ်များ (သို့မဟုတ်) Necklace Bags

အိတ်တွေဆိုတာ ခေတ်ရေစီးကြောင်းမှာတစ်မျိုးပြီး တစ်မျိုးပြီး မျောပါနေတဲ့ ဖက်ရှင် Accessories တွေထဲက တစ်ခုအပါအ၀င်ပေါ့။ အထူးသဖြင့် လူငယ်တွေအတွက် ဖက်ရှင်တစ်ခုကို Upgrade လုပ်တဲ့နေရာမှာ အိတ်တွေရဲ့ အရေးပါအရာရောက်မှုကို လျော့တွက်လို့မရပါဘူး။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် Dior ရဲ့ Saddle Bag တွေ၊ Balenciaga ရဲ့ သုံးထောင့်အိတ်တွေကစလို့ Streetstyle မှာ မပါမဖြစ် Fanny Pack တွေအဆုံး မရိုးအောင် တစ်မျိုးပြီး တစ်မျိုး ထွက်လာတာ တွေ့ရမှာပါ။ အထူးသဖြင့်တော့ Fanny Pack တွေဟာ လူငယ်တွေ ကြားထဲ ရေပန်းအစားဆုံးပေါ့။ ဒီနှစ်မှာတော့ Fanny Pack တွေအပေါ် လူတွေရဲ့ အာရုံစူးစိုက်မှု လျော့သွားပြီးနောက် ရေစီးကြောင်းထဲကို Necklace Bags လို့တင်စားခေါ်ဝေါ်ကြတဲ့ လည်ဆွဲအိတ်တွေက အစားထိုး ၀င်ရောက်ဖို့ တာဆူနေပါပြီ။

ဒီ လည်ဆွဲအိတ်တွေရဲ့ အစပျိုးမှုက Dad Shoes တွေကနေ ဖြစ်လာသလိုပါပဲ။ ငယ်ငယ်က ကျွန်မတို့ အဖေတွေ ဆွဲလေ့ရှိတဲ့ လည်ပင်းသိုင်းအိတ်တွေကနေ တစ်ကျော့ပြန်လာတာပါ။ Fanny Pack တွေ စခေတ်စားသလိုပါပဲ အရင်ကရှိပြီးသား Trend ထဲမှာ ပြန်လည် စီးမျောလည်ပတ်ရင်းက လည်ဆွဲအိတ်တွေဟာ Designer တွေဆီကနေ အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဒီလည်ဆွဲအိတ်တွေကို ပြီးခဲ့တဲ့ သုံးနှစ်ကျော်လောက်က  Gucci ရဲ့ Runway မှာ ပထမဦးဆုံး ပွဲထွက်ပြသခဲ့ပေမယ့် အခုချိန်မှာမှ ပြန်လည်ရေပန်းစားလာတာပါ။

အဲဒီနောက် Spring  2019 Season မှာတော့ အိတ်တွေနဲ့ ပတ်သက်ရင် နာမည်ကြီးဖြစ်တဲ့ Jacquemus ကနေ အကြွေစေ့ထည့်တဲ့ ပိုက်ဆံအိတ်အနေနဲ့ ဖန်တီးခဲ့ရာကနေ နောက်ပိုင်းမှာ Gabriela Hearst က ရွှေတွေနဲ့ အလှဆင်ထားတဲ့ လည်ဆွဲအိတ်အဖြစ် တစ်မျိုး၊ Burberry ရဲ့ တကယ့် Passport Holder အနေနဲ့ ထုတ်ထားတဲ့ပုံစံနဲ့ တစ်ဖုံ ရေစီးကြောင်းမှာ Brand တွေရဲ့ လည်ဆွဲအိတ်တွေက အသီးသီး ရောက်ရှိလာခဲ့ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Streetstyle မှာလည်း Neck Bag တွေက သူပုံစံနဲ့သူ နေရာယူထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် Street Fashion ကို နှစ်သက်သူတွေနဲ့ Hypebeast တွေ ကြားထဲမှာ တော်တော်လေးရေပန်းစားသလို Hypebeast တွေအနေနဲ့ကလည်း အရင်ခေတ်က ပုံစံတွေဘက်ရောက်တဲ့ Neck Bag တွေကို ပိုမို ၀တ်ဆင်တာ တွေ့ရမှာပါ။

Related image

Fanny Pack တွေ ပြီးတဲ့နောက်မှာတော့ ဒီလို သေးငယ်ပြီး သယ်ရလည်း လွယ်သလို အထာလည်းကျတဲ့ ဒီ Neck Bag တွေဟာ Festival Fashion တွေမှာလည်း မကြာခင်အချိန်အတွင်း မြင်တွေ့လာရဖွယ်ရှိပါတယ်။ အမျိုးသမီးတွေကြားထဲမှာတင်မက အမျိုးသားတွေဆီမှာရောပေါ့။ ကျွန်မတို့တွေ Neck Bag တစ်လုံးလောက်တော့ ပိုင်ဆိုင်ထားသင့်ပါပြီနော်။

Ref:elle

Editor:Su Yi Htet

LUSH April 2019LUSH DAILYlush fashion
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
ALLURE OF FUSION
next post
Three Destinations for Travel in April

Recommended

MICAM Milano 2026: Beyond the Footwear Fair, Into...

September 16, 2026

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း (အပိုင်း ၂)

July 21, 2020

2019 Halloween Costumes

October 30, 2019

Sims4 နဲ့ MAC တို့ collaborate လုပ်ထားတဲ့ Sims4 customized...

June 27, 2020

Friends ပရိတ်သတ်တွေအကြိုက်တွေ့မယ့် Revolution Beauty x Friends collection

September 16, 2020

PUMA ရဲ့ Training shoe အသစ်နဲ့အတူတွေ့ရမယ့် Selena

June 4, 2018

Fashion Vocabulary: Amethyst

February 13, 2020

FANTASY PUPPET SHOW BY MOSCHINO FOR SPRING SUMMER...

November 4, 2020

DISNEY x KITH x CONVERSE

November 19, 2019

Tiffany & Co ကို USD $16.2 Billion နဲ့...

November 27, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem