ကဲ အခုဆိုရင် ပူပြင်းတဲ့ နွေရာသီထဲကို ရောက်မှန်းမသိရောက်လာပြန်ပါပြီ။ တချို့ကတော့ နွေရာသီကို ကြိုက်ကောင်း ကြိုက်နိုင်ပေမယ့် မိန်းကလေးအများစုကတော့ နွေရာသီရောက်ရင် စိုးရိမ်တတ်တဲ့အရာ တစ်ခုရှိနေပြန်ရော။ အဲဒါကဘာလဲဆိုတော့ တခြားမဟုတ်ပါဘူး…နွေနေပူပူကြောင့် ကိုယ့်ရဲ့ မိတ်ကပ်တွေ လျော့ပြီး ချွေးသံ တရဲရဲနဲ့ ဟိုနားကွက် ဒီနားကွက် ဖြစ်နေမှာကိုပါပဲ။ သင်ကိုယ်တိုင်လည်း ဒီလိုခံစားချက်မျိုး ရဖူးမှာပါ။ ဒီနှစ်နွေအတွက်တော့ စိတ်ပူမနေပါနဲ့..ဘာတွေ ဘယ်လို ပြင်ဆင်ရမလဲဆိုတာ တဆင့်ချင်းပြောပြပေးသွားမှာမို့ စိတ်ပူပန်မှုတွေ မရှိဘဲ Summer Girl လေး ဖြစ်နိုင်ပါပြီနော်။
Right now, the summer is here. Some people may like it but most of the girls don’t. Why so? The reason is that the concern of their make-ups being havoc on the skin according to the summer sun and sweats. Also it can lead to dark sport, pigmentation and tan. I am sure you will want to know the answer to prepare make up for this summer. So, We are going to present the beauty tips for you steps by steps to follow and be the stunning summer girl with no worries.
နွေနေပူပူမှာ မိတ်ကပ်လိမ်းမယ်ဆိုရင် အရင်ဆုံး အသားအရေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီး ကြာရှည်ခံသလို ကြည်လင်နေစေဖို့ အရင်ဆုံး အသားအရေကို သန့်ရှင်းအောင်ထားသင့်ပါတယ်။ ဘာ Skincare ဘာမိတ်ကပ်မှ မလိမ်းခင် မျက်နှာမှာ ရှိတဲ့ အဆီတွေကို သေချာ သန့်စင်သင့်ပြီးတော့ အဲဒီအဆင့်ပြီးမှသာ Toner,Moisturizer စသည်ဖြင့် ကိုယ့် အဆင့်အတိုင်း Skincareကို လုပ်သင့်တာပါ။
First, you will need to cleanse you skin before applying make-ups. In order to last long and look glow, your skin needs to be clean. For that, you need to exfoliate to slough away dead skin cells. After it, use toners and moisturizers according to your skin care steps.
Skincare ပြီးတဲ့နောက် မိတ်ကပ်စလိမ်းတော့မယ်ဆိုရင် အရေးကြီးတဲ့ Primer ကို တကယ်ကိုယ်နဲ့ ကွက်တိဖြစ်နေဖို့ကို ဦးဆုံး စဉ်းစားပါ။ Primer သည် မိတ်ကပ်ကြာရှည်ခံဖို့နဲ့ ပေါ်လွင်နေစေဖို့ အရေးကြီးတဲ့ အဓိကသော့ချက်ဖြစ်လို့ Primer သုံးတဲ့အခါ Quality ကောင်းမွန်တဲ့ အထဲက ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ Tinashe နဲ့ Samira Wiley တို့ကို လိမ်းပေးတဲ့ Makeup Artist ကတော့ “Smashbox Photo Finish Oil-Free Foundation Primer” ကို ညွှန်းပါတယ်။ ကိုယ့်ရဲ့ မိတ်ကပ်တွေ နေရာတကျဖြစ်ဖို့နဲ့ အဆီမပါတဲ့ Primer ကို ရှာနေတယ်ဆိုရင် သင့်တော်တယ်လို့ ဆိုပါတယ်။
After skin care steps, never forget to apply a relevant primer for summer. It will hold your foundation and summer is the time when your foundation can easily melt and get blotchy. So, you need to choose the better quality primer. Makeup artist of Tinash and Samira Wiley recommended using “Smashbox Photo Finish Oil-Free Foundation Primer as it keeps the foundation well with oil free.
နေကလည်း ပူရတဲ့ ကြားထဲ မိတ်ကပ်တွေကလည်း ထူနေတယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအတွက် အရေးကြီးတာက အောက်ခံ မိတ်ကပ်ကို Lightweight ဖြစ်ပြီး ပေါ့ပေါ့ပါးပါး လိမ်းလို့ ရတာမျိုးကို ရွေးချယ်ဖို့ပါ။ အထူးသဖြင့် နွေရာသီမှာလိမ်းမယ်ဆိုရင် Cushion၊ BB စတာတွေက အဆင်ပြေဆုံး ဖြစ်ပြီးတော့ ပါးပါးလျလျ လိမ်းလို့ရတဲ့ အောက်ခံမိတ်ကပ်မျိုးကိုပဲ လိမ်းသင့်ပါတယ်။ နောက်တခုက အောက်ခံမိတ်ကပ်ကို Dewy နည်းနည်းဖြစ်တာမျိုး၊ ပြောင်ပြောင်လေး ဖြစ်နေတဲ့ Type မျိုးထဲက ရွေးချယ်လို့ရပါတယ်။ ကိုယ်ကအောက်ခံ မိတ်ကပ် လိမ်းရတာ မကြိုက်တဲ့သူဆိုရင်တော့ 2 Ways Powder တို့၊ Cushion Powder တို့ကို သုံးလိုက်လို့ရပါတယ်။
Summer is the time to shift to lighter shades of makeup. Therefore, choose the lightweight makeup foundations such as cushion and BB Cream or you can choose Dewy or Glow makeup foundation type. If you are not a foundation user – you can choose 2 Ways Powder or Cushion Powder.
မျက်လုံးအလှကလည်း အရေးကြီးတဲ့အထဲမှာ ပါတယ်ဆိုတော့ သူ့ကို မေ့ထားလို့ မရပါဘူး။ အထူးသဖြင့် နွေရာသီဟာ အရောင်တောက် Shadow လေးတွေနဲ့ ကစားဖို့ အကောင်းဆုံး အချိန်ပေါ့။ ဒီနှစ်ထဲမှာတော့ ပန်းရောင်၊ အ၀ါရောင်၊ခရမ်းရောင်တွေဟာ ခေတ်စားနိုင်မယ့် အရောင်တောက်လေးတွေဖြစ်သလို နွေရာသီနဲ့လည်း လိုက်ဖက်တဲ့ အရောင်လေးတွေပါ။ နွေရာသီအတွက်ဆို အကောင်းဆုံးက Eyeshadow ကို တတ်နိုင်သမျှ Cream Type မသုံးဘဲနေပါ။ မျက်လုံးနားတစ်ဝိုက် အဆီပြန်တဲ့သူဆိုရင် Cream Type က သိပ်အဆင်မပြေနိုင်ပါဘူး။ Eyeshadow မသုံးခင် Eye Primer ခံဖို့လည်း မမေ့ပါနဲ့ဦး။ ဒါမှ မျက်ခွံပေါ်က Eyeshadow လေးတွေက အချိန်ကြာကြာ လှနေနိုင်မှာပါ။
Don’t forget that eyeshadow also plays an important role for summer look. During summer, it is the best to play eyeshadows with brighter colors. Pink, Yellow and Purple are trending colors for this year as well as matching colors for summer. Try not to use Cream Type during summer for the oily skin people. And also put eye primer before shading eyeshadows to make them long lasting.
Eyeshadow ပြီးတဲ့နောက်မှာတော့ Eyeliner နဲ့ Mascara ကို Waterproof ဖြစ်တာမျိုး ရွေးသုံးဖို့လည်း သတိပြုရပါမယ်။ နွေအပူဒဏ်ကြောင့် ချွေးထွက်တဲ့အခါ Mascara တွေ ၊ Liner တွေ ပျံ့တတ်ပြီး Panda Eye လို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Waterproof Mascara နဲ့ Eyeliner က မရှိမဖြစ်ပါ။
It’s a common sense to choose waterproof eyeliner and mascara in summers because along with the heat of summer, your mascara and liner will run down your face if it is not waterproof and might look like panda eyes. So, a nourishing mascara and a waterproof eyeliner are essentials for summer look.
ပါးနီရွေးချယ်မယ်ဆိုရင်တော့ Cream Type ၊ Liquid Type လေးတွေက ပိုအဆင်ပြေပြီး အစိုဓာတ်ရတဲ့ Look ပိုပေါ်လွင်စေပါတယ်။ အရောင်ကိုတော့ တအားတောက်တဲ့အရောင်တွေ လိမ်းခြယ်စရာမလိုပါဘူး။ ပန်းဖျော့ရောင်၊ မက်မွန်သီးရောင်နဲ့ လိမ္မော်ဖျော့ရောင်တွေဆို နွေရာသီနဲ့ လိုက်ဖက်မှုရှိပါတယ်။
When choosing the blushers, you’d better choose cream type or liquid type to hold your sun-kissed skin glow. While selecting colors, use light pink, peach and/or light orange color to match the summer look. It’s all about going natural so don’t use brighter colors for blushers.
နောက်ထပ် လိုအပ်တာကတော့ Facial Mist နဲ့ Blotting Paper ပါ။ ဒီပစ္စည်းလေးတွေက သင့်အတွက် အကူပစ္စည်းကောင်းလေးတွေဆိုရင်လည်း မမှားပါဘူး။ အပူရှိန်ကြောင့် အဆီပြန်တဲ့အခါ Blotting Paper လေးနဲ့ T-Zone တွေ၊ အဆီပြန်တဲ့နေရာတွေကို အသာအယာ လိုက်ဖိပြီး အဆီတွေကို အရင်ဖယ်ရှားနိုင်ပြီးတော့ မိတ်ကပ်တွေ ပါမသွားအောင် ထိန်းထားပေးနိုင်ပါတယ်။ ရေဓာတ်လိုနေတဲ့အချိန်၊ မျက်နှာလေး နွမ်းလျလျဖြစ်နေတဲ့အချိန်မှာတော့ Facial Mist လေး ဖြန်းလိုက်တာနဲ့ လန်းသွားသလို မျက်နှာကို စိုစိုဝင်းဝင်းလေး ဖြစ်သွားစေတယ်လေ။ ဒီပစ္စည်းနှစ်ခုကလည်း နွေရာသီအတွက် မရှိမဖြစ်တွေပါပဲ။
Other essential items for summer are facial mist and blotting paper. Blotting paper soaks up oily secretions at your T-zone and oily areas and also help your make up stay. A cool facial mist works wanders on a hot and humid summer day as it helps soothing and makes your skin look fresh and dewy.
words by Su Yi Htet
english translated by Eain Chu