LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StorySOCIAL ETIQUETTE

Find yourself in the social environment!

written by Lush Editor January 25, 2019
Find yourself in the social environment!

လူမှုနယ်ပယ်ဆိုတာဟာ ကိုယ်ဝင်ဆံ့နိုင်သလောက်ကို အဆုံးမရှိကျယ်ပြောတဲ့ ၀န်းကျင်ကမ္ဘာတစ်ခုဖြစ်ပါတယ်။ ဒီလောက်ကျယ်ပြောတဲ့ လူမှုဝန်းကျင်မှာ သင်ကရော ဘယ်လောက်ထိဝင်ဆံ့နိုင်သလဲဆိုတာ ပြန်ဆန်းစစ်စရာပါ။ ဒီဆောင်းပါးတိုလေးဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ လုပ်သင့်ရှောင်သင့်၊ ဆောင်ရွက်သင့်တဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ရှိထားသင့်တဲ့ စိတ်ဓာတ်ကလေးတချို့ကို အကြံပြု ပြောပြပေးထားတာဖြစ်ပါတယ်။ လူမှုနယ်ပယ်မှာ အလိုက်သင့်စီးမျောစွမ်းဆောင်နိုင်သူဟာ သူ့လုပ်ငန်းရဲ့တစ်ဝက်သော အောင်မြင်မှုကိုရယူ ထားနိုင်ပြီးဖြစ်တယ်လို့ပြောကြတာရှိပါတယ်။ ဒီနေရာမှာ အလိုက်သင့်စီးမျောစွမ်းဆောင်နိုင်တယ်ဆိုတာ အပေါ်ယံ အပိုဆာဒါးတွေနဲ့ စကားဆိုခြင်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ နှုတ်ခမ်းရွဲ့၊ ပါးရွဲ့၊ အောက်လဲဆွဲအသံ ပျော့တိပျော့ဆွဲနဲ့ အစ်မရေလှလာလိုက်တာ၊ အစ်ကိုရေလှလာလိုက်တာ ဆိုတာမျိုး လူ့သဘင်လူ့လောကမှာ ပွဲလမ်းသဘင်အခမ်းအနားတွေသွားရတဲ့အခါ တစ်စုံတစ်ယောက်လောက်ဟာ အမြဲတမ်းလိုလိုတွေ့ကြရပါတယ်။ ဒါတွေကတော့ အတော်စိတ်ညစ်စရာကောင်းလှပါတယ်။

Social environment is a world which has unlimited space where you can get on well with. It is also needed to be considered how much you could get well in it. This short article advised some of the suitable morals on wards Dos and Don’ts for behavior and way of speaking in the social relations.

ဒီလိုမျိုး အလိုက်သင့်စီးမျောတာကတော့ အပေါစားဖြစ်လွန်းအားကြီးပါတယ်။ ကဲ လူမှုဝန်းကျင်တစ်ခုမှာ သင်ဟာ အဖော်မွန်ဆုံးနဲ့ ခင်မင်ဖွယ်လူသား တစ်ဦးဖြစ်ဖို့ဆိုရင် . . . ပွဲလမ်းသဘင် အခမ်းအနားတစ်ခုခုကို သွားပြီဆိုရင် ခန်းမအတွင်းကို သင့်အပြုံးတွေနဲ့နှုတ်ဆက်ဝင်ရောက်သင့်ပါတယ်။ တချို့တွေက တကယ့်နိုင်ငံကျော်တွေလို၊ ကမ္ဘာကျော်တွေလို၊ သူ့လောက် ဘယ်အရာမှမသာတဲ့ သူတွေကို တွေ့မြင်နေရသလို မျက်နှာထားနဲ့ ရောက်လာတာမျိုးကို မြင်ဖူးမှာပါ။ သင်ကတော့ အဲလိုဖြစ်မနေတာ ပိုကောင်းပါတယ်။ သင့်အပြုံးက သင်သွားရောက်တဲ့ပွဲလမ်းသဘင် အခမ်းအနားကို ပိုမိုလှပအောင် စွမ်းဆောင်နိုင်တာလည်းဖြစ်ပါတယ်။

It is said that a person has already conquered half of his success when he could relate appropriately in the social relation. You should enter to the hall with smiles and greet the people when you attend an occasion. Some of the people might come in like celebrities and showing their faces that they are higher than the others. You better not to be like that. Your smile could do the event more beautiful.

လက်ဆွဲနှုတ်ဆက်တာရယ်၊ ဖက်တာရယ်၊ ကိုယ်ချင်းအပ်ပြီး ပါးချင်းကပ်နှုတ်ဆက်တာတွေက ဒီမှာခေတ်စားတဲ့ မိတ်ဆက်ပုံတွေဖြစ်ပါတယ်။ ဒီလို နှုတ်ဆက်တဲ့နေရာမှာ ၀တ္တရားအရ နှုတ်ဆက်တာမျိုးထက် ခင်မင်စိတ်အပြည့် နဲ့ နှုတ်ဆက်ပေးတာက သင့်ကို လူတွေပိုခင်မင်စေတဲ့ အချက်ကလေးတစ်ခုပါပဲ။ ပြီးတော့ နှုတ်ဆက်ပြီးပြီးချင်း လှည့်ထွက်တာမျိုးမဟုတ်ဘဲ၊ ကိုယ့်အကြောင်းဖြစ်စေ၊ သူ့အကြောင်းဖြစ်စေ စကားစပြီး ဒိုင်ယာလော့ခ်အသွား အပြန်အလှန်လုပ်လိုက်နိုင်တာက သင့်အလေးထားမှုကို သိသာစေချက်အချက်လည်းဖြစ်ပါတယ်။

Shaking hands, hug and greeting by touching by cheek to cheek are the popular forms of greetings, nowadays. In that kind of greeting, people will be more friendly with you if you greet with full of friendship minded rather than doing as a responsible. Moreover, you could start a dialogue mutually about yourself or himself will make your respect more noticeable instead of leaving as soon as you have finished greeting.

ဝေဖန်တတ်တဲ့အကျင့်ရှိရင်ချိုးနှိမ်ထားပေးပါ။ ဝေဖန်တတ်တဲ့အကျင့်ကကောင်းတဲ့အကျင့်တစ်ခုတော့မဟုတ်ပါဘူး။ အထူးသဖြင့် အကြောင်းအရင်းသေချာမသိဘဲ လွှတ်ဝေဖန်တဲ့အကျင့်ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေဆီမှာ အတွေ့ရအများဆုံးသော အပြုအမူတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း “မပြီးခင် ဗမာမမြင်စေနဲ့” စကားပုံတောင်ရှိသေးတယ်မို့လား။ ဒါကြောင့် ဆင်ခြင်သင့်တဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမယ့် မဝေဖန်ဘဲ အေးတိအေးစက်နေတာကကော ကောင်းတာလားဆိုတော့ မဟုတ်ပါဘူး။ အခြေအနေအချိန်အခါကိုကြည့်ပြီး ဝေဖန်စကားကိုဆိုတတ်ဖို့ပါ။

Suppress down your habit of criticizing. Criticizing is not a good habit. Especially, criticizing only without knowing the fact surely. It is also a most common behavior in our Myanmar people. That’s why a proverb said that, “Don’t let Bamar see, if things haven’t finished yet”. So, this is a behavior which we should restrain. But, it is not good by staying uninterestedly without doing criticize. It needs to say the criticized words in suitable situation.

အိမ်လည်သွားရင် လက်ဆောင်ယူသွားပါ။ အိမ်တစ်အိမ်သို့အလည်သွားတာ၊ ဒါမှမဟုတ် ပါတီတစ်ခုခုကို ၀င် Join မယ်ဆိုရင် လက်ဆောင်လေးတစ်ခုခုယူသွားတာက သင့်ရဲ့ပုံရိပ်ကို မြင့်တက်စေပါတယ်။ ဈေးကြီးတယ် နည်းတယ်ဆိုတာက သိပ်တော့အရေးမကြီးပါဘူး။ သင့်ရဲ့ အလေးထားတဲ့သိတတ်မှုလေးတစ်ခုကသာ အရေးကြီးတာပါ။ ဘယ်လိုပစ္စည်းမျိုးကို ယူသွားသင့်တယ်ဆိုတာကတော့ သင့်ရဲ့စကေးတစ်ခုပါပဲ။ သူငယ်ချင်းတွေအချင်းချင်း အချိန်းအချက်ပြုလုပ်တဲ့အခါ အပိုလူပါလာမယ်ဆိုရင် ကြိုတင်အသိပေးထားသင့်ပါတယ်။ ကျွန်တော်တို့အချင်းချင်းတွေ့ကြတဲ့အခါ ဆိုင်ထိုင်တယ်၊ ပါတီသွားတယ်၊ စားကြ သောက်ကြတယ် စသဖြင့် တစ်နေရာရာကို ရောက်သွားတတ်ကြပါတယ်။ အဲဒီအခါ အကြောင်းသိမဟုတ်ဘဲ ပါလာတဲ့ အပိုလူက Foul တာမျိုးတွေ ခဏခဏ ကြုံဖူးပါတယ်။ အဲဒါကြောင့် အပိုလူပါမယ်ဆိုရင် ကြိုတင်အသိပေးထားဖို့ လိုအပ်ပါတယ်။

Bring a present when you visit a house. Bringing a present increase your image when you visit a house or join a party. It is not important to bring an expensive present or not but, only your perceptiveness is important. It is also one of your skills which present to give. Inform in advance if you bring extra people when you make appointment with your friends. We usually go to a restaurant, join to a party or meeting in a place during our appointments. We have experience often that the extra person (not know very well) is foul to others. So, it is needed to be informed ahead if we have extra person to bring.

အချိန်မှန်ပါ။ အချိန်နောက်ကျတဲ့အကျင့်တွေက စတိုင်လ်တစ်ခုလို၊ ခေတ်တစ်ခုလိုဖြစ်လာတာတွေက အတော်ဝမ်းနည်းစရာကောင်းပါတယ်။ အဲဒါဟာ ဂုဏ်ယူစရာတစ်ခုမဟုတ်မှန်းတော့ နှလုံးသွင်းသင့်ပါတယ်။ အခုဆို အကုန်လုံးက အချိန်ကို နောက်ကျပြီးတွက်ချက်တတ်လာကြတယ်။ ဥပမာ ညနေ ၄ နာရီလို့ သတ်မှတ်ချက်တစ်ခုပေးထားရင် ၄ နာရီခွဲမှ ဒါမှမဟုတ် ၅ နာရီမှ အရောက်လာတတ်တယ်။ သွားတတ်တယ်။ တကယ်တော့ အဲဒါဟာ ဘယ်လိုမှ ကောင်းတဲ့အဆင်ပြေတဲ့အလေ့အထတစ်ခုမဟုတ်တာ သေချာပါတယ်။ တတ်နိုင်သမျှ အဲဒီစိတ်တွေ အမူအကျင့်တွေကို ဖယ်ရှားသင့်ပါတယ်။

Be punctual. It is very sad to see that the habits of coming late become a style or an era. Now, all calculate the time by taking late. For example, if we make appointment at 4 PM, people come or go only at 4:30 or at 5. Actually, this is not really a good and acceptable habit to practice it. We should avoid those kind of behavior as much as we can.

ကလေးစိတ်နဲ့အတ္တစိတ်။ တဖြည်းဖြည်းနဲ့ တစ်စိမ့်စိမ့်အမြင်ကတ်စရာကောင်းလှတဲ့ အပြုအမူတွေဟာ အဲဒီစိတ်ရှိတဲ့လူတွေဆီမှာတွေ့ရလေ့ရှိပါတယ်။ တစ်ကိုယ်ကောင်းဆန်တာ၊ အတ္တကြီးတာ၊ ထင်ရာမြင်ရာ ကလေးစိတ်နဲ့တစ်စွတ်ထိုးလျှောက်လုပ်တာဟာ ဘေးပတ်ဝန်းကျင်နဲ့ မိတ်ဆွေအပေါင်းအသင်းကို စိတ်အနှောင့် အယှက်ဖြစ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုလူမျိုးတွေကို အလုပ်ထဲကမိတ်ဆွေတွေရော၊ ပြင်ပ အပေါင်းအသင်းတွေရော အကုန်လုံးက ရှောင်ခွာချင်လာကြပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်ကိုယ်ကောင်းဆန် တတ်တဲ့စိတ်၊ အတ္တစိတ်တွေကို အတတ်နိုင်ဆုံးပြုပြင်ပေးဖို့လိုအပ်ပါတယ်။

Being childish and selfish. Gradually, we can see the unbearable behaviors in those kinds of people. Being self-oriented, selfish and doing whatever they want by their own thoughts make disturbs to other friends in the surrounding. Days by days, people from the work and other friends want to keep away from them. So, you need to set right those kinds of selfishness and being self-oriented only.

မုဒိတာပွားပါ။ အလှူအဒါန်းရက်ရောတဲ့နေရာမှာ အင်မတန်နာမည်ကြီးပါတဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ မရှိဆုံးသောအရာတစ်ခုလို့တောင် ပြောလို့ရနိုင်ပါတယ်။ မုဒိတာတရားပါ။ တစ်ဦးတစ်ယောက်က ထူးချွန် သွားရင်၊ တစ်ဦးတစ်ယောက်က ကောင်းစားသွားရင်၊ တစ်ဦးတစ်ယောက်က ကြီးမားတဲ့အခွင့်အရေးကိုရရှိသွားရင်၊ တစ်ဦးတစ်ယောက်က ကြီးပွားချမ်းသာသွားရင် မုဒိတာပွားဖို့မတတ်နိုင်ကြပါဘူး။ မုဒိတာစိတ်ကင်းမဲ့တဲ့ နှလုံးသားဟာ ကြီးမြတ်လှပတဲ့နှလုံးသားမဟုတ်ပါဘူး။ ဒါကြောင့် ကြီးမြတ်လှပတဲ့ နှလုံးသားပိုင်ရှင်လေးဖြစ်ဖို့ မုဒိတာတရားလေးကို ၀င်သက်ထွက်သက်တစ်ခုလို နှလုံးသွင်းတတ်ဖို့ မျှော်လင့်ပါတယ်။

Rejoice. This is the thing that even we, Myanmar people who are generous in donations, don’t have. It is not able to rejoice others when someone become outstanding, doing well, get a big chance, or become rich. So, it is needed to have a heart to rejoice other as a normal breath to become a big kind hearted person.

တကယ်တော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျွမ်းကျင်စွာနဲ့နေတတ်ဖို့ဆိုရင် အလိုက်သိတတ်စရာတွေက များပြားလွန်းလှပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ အချက်တွေက ဒီလိုကျယ်ပြောလှတဲ့ လူ့ဝန်းကျင်ထဲမှာ ကျင်လည်ဖို့ သင့်ကိုအထောက်အပံ့တစ်ချို့တော့ ဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Actually, there are many things to be aware of if you want to live skillfully in the social relations. I hope that the facts I mentioned could be some supports to live in this big human society.

words by a el ti:
LUSH January 2019LUSH Magazine MyanmarLUSH social etiquette
1
Facebook Twitter Google + Pinterest
Lush Editor

previous post
New Deco for 2019
next post
Creating the SUV era

Recommended

A MODERN ROMANCE

February 7, 2019

Old But Gold

October 18, 2020

Chit Thu Wai “Promise” Album Cover Teaser

February 13, 2019

5 Things you don’t know about Paing Phyoe...

January 15, 2019

Bodysuit: Fashion Vocabulary

March 5, 2020

လူအများစိတ်ဝင်စားမှုကို ခံနေရတဲ့ တကယ့်လူမဟုတ်တဲ့ CG မော်ဒယ်လေး Imma

January 23, 2019

Nyan Kyal Say; known as the Animator from...

January 21, 2019

LUXURY’S STATEMENT OF DESIGNER MINN THET SAEN

May 13, 2019

Spain’s new Lord of the Rings inspired hiking...

July 24, 2020

December Cover Story BTS & Interview with Aung...

December 22, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem