LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

Home Remedies for Acne

written by Lush Editor December 24, 2018
Home Remedies for Acne

ဒီဘက်ခေတ်ရဲ့ အလှအပရေးရာအကြောင်းပြောမယ်ဆိုရင် အသားအရည်ကောင်းမွန်မှုကို ချန်လှပ်ခဲ့လို့ မရပါဘူး။

အသားအရည်အကြောင်းစဥ်းစားလိုက်ရင်တော့ ကျွန်မတို့ကို စိတ်အနှောက်အယှက်အမြဲပေးနေတဲ့အရာတစ်ခု ရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ ကျွန်မတို့ အားလုံး လူပျိျုေဖာ် အပျိုဖော်ဝင်စကတည်းက စတင်မိတ်ဆက်ခြင်းခံရတဲ့ ၀က်ခြံပါ။ တစ်ဦးခြင်းစီရဲ့ အသားအရည်နဲ့ ဇီဝကမ္မဖြစ်စဉ်ပေါ်မူတည်ပြီး blackheads ၊ whiteheads ၊ papules ၊ pustules ၊ nodules နဲ့ cysts စသည်ဖြင့် ၀က်ခြံအမျိုးအစားများစွာရှိပါတယ်။

ဝက်ခြံကို အဆီပြန်တဲ့အသားအရည်ပိုင်ရှင်မျိုးမှာ အဖြစ်များတယ်လို့ ဆိုသော်လည်း ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်နဲ့ Combination skin တွေမှာလည်း တွေ့ရတတ်ပါတယ်။

ဝက်ခြံတွေက ပုံမှန်အားဖြင့် မျက်နှာမှာ အပေါက်များသော်လည်း အချို့ကတော့ ကိုယ်ခန္ဓာကိုယ်မှာ ပေါက်ကြပါတယ်။ အချို့သူများကတော့ လုံးဝ ၀က်ခြံမပေါက်ဘဲ ၀က်ခြံဆိုတာ ဘယ်လိုမျိုးလဲလို့ ပြန်မေးယူကြတဲ့ ဘုရားပေးလက်ဆောင်ကို ပိုင်ဆိုင်ထားတဲ့သူအချို့လည်းရှိပါတယ်။

ဝက်ခြံဟာ ရာသီဥတုမရွေး အချိန်အခါမရွေး မိမိတို့ သတိမထားမိတဲ့ အချိန်ခဏလေးအတွင်းမှာတင် ရောက်ရောက်လာတတ်ပါတယ်။ မနက်မိုးလင်းလို့ မှန်ကြည့်လိုက်ချိန် မိမိတို့ မျက်နှာပေါ်မှာ အဖုလေး တစ်ခု တွေ့လိုက်ရပြီဆိုရင်တော့ စိတ်ထဲမှာ ၀ုန်းဒိုင်းကြဲသွားတဲ့ ခံစားချက်မျိုး ခံစားဖူးကြမှာပါ။ သူများမမြင်အောင် ဖုံးဖိဖို့ထက် လုံးဝအရှင်းပျောက်သွားချင်တာကတော့ အားလုံးရဲ့ ဆန္ဒပါ။

မိမိတို့ အသားအရေက အဆီထုတ်မှူများခြင်း၊ bacteria ပေါက်ဖွားခြင်း၊ ဆဲလ်အသေများ၊ မွေးညှင်းပေါက်များအောင်းနေခြင်းနဲ့ ဟော်မှုန်းအပြောင်းအလဲတို့ကြောင့် ၀က်ခြံပေါက်နိုင်သလို တစ်ခါတရံ မိမိတို့သောက်သုံးနေတဲ့ ဆေးဝါးမျာ၏ ဆိုးကျိုးများကြောင့်လည်း ၀က်ခြံပေါက်နိုင်ပါတယ်။

အခုဆို ဆောင်းရာသီထဲ ၀င်လာပြီဆိုတော့ လေအေးအေးလေးနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ မျက်နှာနဲ့နှုတ်ခမ်းသားတွေက ကျန်အသားအရေအစိတ်အပိုင်းတွေထပ် ပိုပြီးခြောက်သွေ့စေပါတယ်။ ဒီလိုအချိန်မှာ အသားအရည်ရောင်ရမ်းမှုနဲ့ ၀က်ခြံပေါက်မှူကိုသက်သာစေမဲ့ home redemy လေးတွေပြောပြချင်ပါတယ်။

နည်းလေးတွေမပြောပြခင်မှာ မိမိတို့အသားအရည်နဲ့ ခံနိုင်ရည်ကို သိရှိဖို့ လက်ဖမိုးလိုမျိုးမှာ အရင်စမ်းသပ်စေချင်ပါတယ်။ နီရဲလာတယ်၊ ယားယံလာတယ်၊ရောင်ရမ်းလာတယ်၊စပ်လာတယ် ဆိုရင်တော့ လုံးဝ ဆက်မသုံးဖို့အကြံပြုပါရစေ။

ဝက်ခြံနဲ့ ပတ်သတ်ပြီး Home Remedy လေးတွေများစွာရှိတဲ့အထဲကမှ ဆောင်းရာသီအတွက် အသင့်တော်ဆုံး Tea-Tree Oil လေးအကြောင်း ပြောပြချင်ပါတယ်။ tea-tree oil က beauty product တော်တော်များများမှာအရေးကြီးတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းခြင်းကိုတော့ ရှောင်ရှားစေလိုပါတယ်။ မိမိတို့ အသုံးပြုလိုတဲ့နေရာကို ပမာဏအနည်းငယ်သာ cotton pad လေးနဲ့ ယူလိမ်းသင့်ပါတယ်။ Tea-tree oil နည်းတူ oil တွေကပြင်းတာကြောင့် နူးညံ့တဲ့မျက်နှာပေါ်တင်တဲ့အခါ အချိုးအစားနည်းနည်း သာသုံး စေချင်ပါတယ်။

Tea-Tree Oil and Honey

အသားအရည် ပျက်စီးမှုကို ထိန်းသိမ်းပေးနိုင်တဲ့ ပျားရည်နဲ့ bacteria တွေကိုသေစေနိုင်တဲ့ Tea-Tree Oil တို့ ပေါင်းစပ်လိမ်းပေးခြင်းဖြင့် ၀က်ခြံဖြစ်လာမှာကို ကာကွယ်ပေးနိုင်ပြီးလေ။

Tea- Tree Oil and Aloe Vera

ရှားစောင်းလက်ပက်ရဲ့ အစွမ်းအာနိသင်က အသားအရည်ကို စိုပြေစေတဲ့အပြင် sensitive အသားအရည်ပိုင်ရှင်တွေအတွက်ပါအထူးသင့်တော်တာပါ။ ဒါလေးကို Tea-Tree Oil နဲ့ ရောစပ်လိမ်းပေးရင် ၀က်ခြံဖြစ်လာမှာကိုတားဆီးပေးနိုင်ပြီပေါ့။

Lemon Juice

Citric acid ဖြစ်တဲ့ လီမွန်ရည်ကို မျက်နှာမှာလိမ်းပေးခြင်းဖြင့် အဆီပြန်ခြင်း နဲ့ မျက်နှာပြင် ရေဓာတ်ခမ်းခြောက်ခြင်းတို့ကို ထိန်းသိမ်းပေးပါတယ်။

Baking Soda

မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်းတဇွန်းကို ရေ အနည်းငယ်ရောပြီးမျက်နှာပေါ်ညင်သာစွာလိမ်းပေးပါ။ ခြောက်သွားသောအခါ ခပ်နွေးနွေးရေနဲ့ မျက်နှာသစ်ပေးလိုက်ရင် နူးညံ့ပြီး အမဲစက်လေးတွေ ပျောက်ကင်းစေပါတယ်။

 

Honey

အရမ်းကို အသုံးဝင်တဲ့ ပျားရည်၊သံပုရာနဲ့ သကြားလေးကို လက်ဖက်ရည်ဇွန်းတဇွန်း အညီအမျှရောပြီှး မျက်နှာပေါ်ဖြေးညင်းစွာလိမ်းပေးပါ။ ခြောက်သွေ့သွားတဲ့အခါမျက်နှာသစ်လိုက်ပါ။ သိသိသာသာ အိဖက်သွားတဲ့ အသားအရည်နဲ့အတူ သင့်မျက်နှာကို ၀က်ခြံရန်မှကင်းဝေးစေမှာပါ။

ကဲ… အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ဆောင်ရန် ၊ရှောင်ရန်လေးတွေကိုဖတ်ပြီး ၀က်ခြံကင်းစင်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

words by moe shin

LUSH beautyLUSHdecember2018
0
Facebook Twitter Google + Pinterest
Lush Editor

previous post
December Cover Story BTS & Interview with Aung Ye Lin
next post
Excelsior Enchanted

Recommended

The Iconic Evening Fashion Show – Designer Won...

October 26, 2019

Workouts for bride to be

December 4, 2018

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

လာမယ့် Halloween အတွက် Nail Art Ideas ၁၅ မျိုး

September 21, 2023

How to live confidently without makeup

May 19, 2019

သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

October 12, 2020

Best Hair and Makeup Looks from Golden Globes...

January 7, 2020

PRETTY PLAYBOOK

January 18, 2019

ALLURE OF FUSION

April 9, 2019

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem