New kid on block
စောနိုင်မွန်နဲ့ ပထမဦးဆုံးအကြိမ် Photo Shoot အတွက် သွားရောက် တွေ့ဆုံ တုန်းက သူဟာ စတူဒီယိုထဲမှာ တိတ်တိတ်လေး ပုံဆွဲနေတယ်။ သူ့ရဲ့ လှုပ်ရှားမှု မှန်သမျှက တိတ်ဆိတ်နေလို့ အလုပ်ရှုပ်နေတဲ့ Studio ထဲမှာ သူဝတ်ထားတဲ့ အဝါရောင် ခြွေအိပ်ကြောင့်သာ မဟုတ်ရင်
သူ့ကိုဘယ်သူမှ သတိမထားမိ လောက်ဘူး။
လက်ရှိအသက် ၂၆ နှစ်ထက် ပိုငယ်နေပုံပေါက်တဲ့ စောနိုင်မွန်ရဲ့ ခြေလှမ်းမှန်မှန် တိတ်ဆိတ်ငြိမ်သက် ကြိုးစားမှုတွေကြောင့် အောင်မြင်ထွန်းပေါက်သူ တစ်ယောက်ဖြစ် လာမယ်လို့ ယုံကြည်ပြီး ဒီလ Creator မှာသူ့ကို ရွေးချယ်ဖြစ်ခဲ့ ပါတယ်။ မိုးကုတ်မြို့ သားလေး နိုင်မွန်ကတော့ ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်မှာ အင်္ဂလိပ်စာကို အထူးပြု လေ့လာခဲ့ပါတယ်။ နိုင်မွန့်အဖေဖြစ်သူက အစိုးရ ဝန်ထမ်းဖြစ်လို့ နယ်တွေ ပြောင်းရွေ့ရတဲ့အခါမှာ မိသားစုကလည်း အတူတူ လိုက်ပြောင်းနေခဲ့ပါတယ်။ နောက်မှာတော့ သူကိုယ်တိုင်Network Engineering ပိုင်းနဲ့ပက်သက်တဲ့ Diploma and Online Certificate တစ်ခုလည်း ယူခဲ့ပါသေးတယ်။ စင်ကာပူကို လည်းအလုပ်ရှာဖို့သွားခဲ့ပြီး LASALLE College of the Arts မှာကျောင်းပြီးခဲ့သူတစ်ဦးပါ။
ကြားရသလောက်ကတော့ ဒီလိုကြိုးစား ခဲ့ရတာတွေက နတ်သမီးပုံပြင်တွေလိုပါပဲ။ အမှန်တကယ်တော့ ၂၀၁၃မှာ သူငယ်စဉ်ကဝါသနာပါတဲ့ ပုံဆွဲခြင်းကို ပြန်ပြီး ရွေးချယ်လုပ်ဖြစ်ခဲ့ပါတယ်။ ဆွဲပြီးသမျှပုံတွေကို Social Media ဖြစ်တဲ့ Facebook နဲ့ Instagram တွေမှာတင်ပြီးတဲ့ အခါမှာတော့ မြန်မာနိုင်ငံတွင်း သာမက US နဲ့ Australia ကနေ အလုပ်အပ်တာတွေ လက်ခံခဲ့ပါတယ်။ သူစင်ကာပူကို အလုပ်ရှာဖို့သွားခဲ့တာ ကတော့ ၂၀၁၅တုန်းကပါ။ အဲဒီ့တုန်းကတော့ အလုပ်ရှာနေသူတွေအတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး အနုပညာကျောင်း တစ်ကျောင်းမှာလျှောက်လွှာခေါ်တယ်လို့ ကြားတာနဲ့ သူ့ရဲ့ကျွမ်းကျင်မှုကို အခြေခံပြီး Laselle မှာ ပညာဆက်သင်ခဲ့ပါတယ်။ နောက်ပြီးတော့ နိုင်မွန်က ပညာသင်ဆုရခဲ့သူတစ်ဦးဖြစ်ပြီး အခုဆိုရင် Animation ပိုင်းကိုသင်ယူနေတဲ့ Final Year ကျောင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။
Animation ပိုင်းကိုလည်း ငယ်စဉ်ကတည်းက သင်ယူချင်သူတစ်ဦး ဖြစ်ပြီး ဆယ်တန်းစာမေးပွဲဖြေဆို ခဲ့စဉ်တုန်းကလည်း စာကို လေ့လာခြင်းထက် ပုံတွေပဲထိုင်ဆွဲ နေဖြစ်တယ်လို့လည်းသိရပါတယ်။ အဲဒီ့အချိန်တုန်းက မြန်မာနိုင်ငံမှာ Animation နဲ့ပက်သက်တဲ့ ကျောင်းမရှိသလို သူ့အနေနဲ့လည်း နိုင်ငံခြားသွားဖို့ ငွေကြေးအခက်အခဲရှိနေခဲ့ပါတယ်။
လက်ရှိမှာလည်း နိုင်မွန်က ကျောင်းတစ်ဖက် လက်ခံထားတဲ့ အလုပ်တွေတစ်ဖက်နဲ့ အရမ်းအလုပ်များနေပါတယ်။ သူ့ရဲ့ အားလပ်ချိန်မှာလည်း Department Stores တွေမှာ ငွေကိုင်၊ sale assistant အနေနဲ့ လုပ်ပါသေးတယ်။
ဒီလိုမျိုးတွေကတော့ နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့
ကျောင်းသားတွေမှာ တွေ့လေ့ရှိတဲ့ ကိစ္စဖြစ်ပြီး အနုပညာကျောင်းကလည်း ငွေကုန်ကြေးကျ အရမ်းများပါတယ်။
“ပထမနှစ်မှာပဲ အခြေခံကနေ စသင်ရတဲ့အတွက် Art Material တွေပိုဝယ်ဖို့ လိုအပ်ခဲ့တယ်။ ကျောင်းကသင်ခန်းစာတွေ ကလည်း ခက်ခဲနက်နဲတယ်။ ဒါကကျွန်တော့် ရဲ့ ဝါသနာလဲဖြစ်သလို ကျောင်းမှာ သင်ကြားနေရတာတွေ ကလည်း industry level အတိုင်းသွားတော့ ကျွန်တော် မသိတာမတတ်တာတွေ အများကြီးပါပါတယ်” လို့ နိုင်မွန်ကရှင်းပြတယ်။
ပညာသင်ပြီးရင် ပြန်လာမလားလို့ မေးတဲ့အခါမှာတော့ သူ့ study grant အတွက် စင်ကာပူမှာ ၃နှစ်လောက် အလုပ်လုပ်ဖို့လိုအပ်သေးတယ်လို့ပြောပါတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ မြန်မာပြည်ကိုလည်း ချစ်ပေမယ့် သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်တွေ အတွက် Hollywoodလည်း သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ “အာရှမှာကတော့ Japan က Animation ဖန်တီးခြင်းမှာ ထိပ်ရောက် နေပြီး အနောက်တိုင်းမှာ ဆိုရင်တော့ Hollywood ပါပဲ။ Glen Keane, James Cameron နဲ့ Steven Spielber စတဲ့ Flimmaker တွေကိုအရမ်းအားကျမိပါတယ်။ ကျွန်တော်လည်း သူတို့ရဲ့ ဖန်တီးမှုတွေလိုမျိုး ကိုယ်တိုင်ဖန်တီးချင်တာပါ လို့ပြောပါတယ်။
နိုင်ငံခြားမှာ အနုပညာကို သွားရောက် သင်ကြားလိုသူတွေအတွက် ကိုနိုင်မွန်က အခုလိုပဲ အကြံပေးထားပါတယ်။ “ဒီမှာကတော့ မိဘအများစုက သူတို့ကလေး တွေကို အနုပညာကျောင်းတက်ဖို့အစား ဆေးကျောင်းတွေတက်ဖို့ ညွှန်းပါ လိမ့်မယ်။ နိုင်ငံခြားမှာတော့ ကိုယ့်အရည်အချင်းကိုပိုပြီး ဖော်ထုတ်ပြလို့ရသလို မြန်မာမှာ တော်တော်လေးကြိုးစားမယ်ဆိုရင်လည်း ပြပွဲတွေပွဲတော်တွေကနေ သတိထားမိပြီး အရွေးချယ်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒါကတော်တော်လေး ခက်ခဲပါတယ်။ နိုင်ငံခြားမှာ ဆိုရင်တော့ အနုပညာနဲ့ပတ်သက်လို့ ပိုပြီး အာရုံစိုက် ကြသလို Funds တွေလည်း ပိုများပါတယ်။ ငွေကြေးပိုင်းအတွက် ကတော့ ကိုယ်တိုင်ကျောင်းလခ ရှာပြီးတက်နေကြတဲ့ လူတွေက တခြားသူတွေထက် အရမ်း ကြိုးစားကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်နေ့ကို အနည်းဆုံးတစ်ပုံ ပြီးအောင်ဆွဲပြီး ကျွန်တော် ဘယ်လောက်တိုးတက်လာသလဲ ဆိုတာ လေ့လာ ပါတယ်။ ဆွဲဖို့စိတ်အာရုံမရဘူး ဆိုရင်တော့ ခရီးသွားတယ် ဒါမှမဟုတ် galleries တွေသွားပါတယ်။ နောက်ပြီး Pinterest နဲ့ Youtube တို့ကနေလည်း inspiration ယူပြီး လိုအပ်တဲ့ အခြေခံ material တွေကိုဝယ်ဖြစ်ပါတယ်။ ပုံဆွဲခြင်းကတော့ အမြဲ ကျွန်တော့ရဲ့ဝါသနာပါပဲ။”
(English Version)
Saw Nai Mon was quietly drawing on the board in the studio for his photo shoot when we first met. He was so quiet in his movement that you would not take note of him in the busy studio apart if not for his bright
yellow socks.
Looking much younger than his 26 years, Saw Nai Mon was picked to be featured as our creator for his quiet dedication and our belief in him that we are seeing a star in the making. Initially from Mogoke, Nai Mon studied in Dagon University and then Yadanarbon University, majoring in English. His father is a civil servant and therefore, the family needs to go to places he is assigned to. Afterward, Nai Mon picked up the Online Diploma and Certificates in Network Engineering. He went to Singapore to look for a job and ended up in Laselle Art School.
It is not as fairytale as it sounded. Back in 2013 while studying, Nai Mon picked up his childhood hobby of drawing again. He posted them up on social media such as Facebook and Instagram where he acquired commission jobs from Myanmar as well as US and Australia. He went to Singapore to look for a job in 2015. It was a tough year for job seeker and hearing that he could apply for an art school, he went with his portfolio to study in LASALLE College of the Arts. He received a scholarship and is now a final year student studying Animation. He had been wanting to study animation since young.
During his ten grade exam, he would end up drawing instead of studying. However, there were not many established art school focusing on animation in the country nor he had the financial means to go oversea at the time.
At the moment, Nai Mon has been very busy with school works and have to be selective in accepting the commissioned works. He also works as a cashier/sale assistant at Department Stores during his free time. This is common for many students in foreign countries and especially art school can be pricey.
“We need to buy many art materials in the first year because we are learning the basics. School is very challenging. It is my hobby but at school, we are learning the industry level and there are many things I didn’t know or could do,”
Nai Mon explained. When asked if he will come back after studies, Nai Mon said he needed to work in Singapore for 3 years to fulfill his study grant. Afterward, he shyly stated that he loves Myanmar but he wanted to get to the highest so he aims to go to Hollywood. “In Asia, Japan is the top place for Animation and in western world, it is Hollywood. I love flimmakers such as Glen Keane, James Cameron and Steven Spielberg. I want to make the films like them myself.”
To other people who are thinking of going to study art in oversea, Nai Mon has the following advices. “Many parents would prefer their kids to go to Medical School instead of Art. You can get a lot more exposure in overseas but if you work hard in Myanmar, you might get recognized during exhibitions and festivals and will get picked. However, it can be tougher. In overseas, there are more focus and more funds for art. As for money, there are people who are working to support themselves to be able to study. These people are more hardworking than other students. As for myself, I would draw at least one picture a day just to get more practice and see how much I have improved. When I am not feeling inspired, I would travel or go to galleries. Even way back, I was always searching for inspiration on sites like Pinterest and Youtube and buying art materials based on their recommendations.It has always been my hobby.”