LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYMAKEUP & SKINCARE

2024 မှာခေတ်စားလာမယ့် Beauty Trend များ

written by Maeve December 31, 2023
2024 မှာခေတ်စားလာမယ့် Beauty Trend များ

ဘာလိုလိုနဲ့ ၂၀၂၄ ကိုတောင်ရောက်တော့မယ်နော်။ အလှအပစိတ်ဝင်စားတဲ့သူတွေအနေနဲ့ ၂၀၂၄ ကြရင် အလှအပရေးရာဘက်မှာ ဘယ်လိုတွေခေတ်စားသွားမလဲဆိုတာ လေ့လာထားဖို့လိုပြီပေါ့။ လာမယ့် ၂၀၂၄ မှာ ဘာတွေခေတ်စားမယ်လို့ခန့်မှန်းထားကြလဲ။ ဘယ်လို trend တွေပါလာစေချင်လဲ။ စိတ်ထဲရှိတာနဲ့ trend ဖြစ်လာမယ့်ဟာတွေကိုက်ရဲ့လားဆိုတာ သိရအောင် အခုပြောပြပေးသွားမယ့် 2024 beauty trends တွေကို ဆက်ကြည့်လိုက်ရအောင်။

၂၀၂၄ မှာ ခေတ်စားမယ့် beauty trend တွေထဲ အားလုံးမျှော်လင့်တာကတော့ ombré lips တွေ၊ ခပ်မိုက်မိုက် eyeliner တွေ စသဖြင့်ပေါ့။ နောက်ပြီး လွယ်လွယ်ကူကူနဲ့သုံးလို့ရမယ့် products တွေလည်း လာမယ့်နှစ်မှာ ခေတ်စားလာနိုင်ပါတယ်။ ဒီလိုပြောလို့ smoky eye၊ contoured cheeks၊ bold lipstick တွေနဲ့ heavy makeup တွေကို စွန့်လွှတ်ရမယ်လို့ မဆိုလိုပါဘူး။ ရိုးရိုးရှင်းရှင်း product လေးတွေကိုသုံးရုံနဲ့တင် bold makeup look တွေကို ဖန်တီးတာမျိုးက လာမယ့်နှစ်မှာ ခေတ်စားလာတော့မှာပါ။

နှစ်သစ်တခုရောက်တိုင်း အသစ်အသစ်တွေကိုလည်း ကြုံရသလို အရင်ကခေတ်စားခဲ့တဲ့ trend တွေကို ပြန်ပြီးအသက်သွင်းတာတွေလည်း တွေ့ရတာပါပဲ။ ဆိုတော့ လာမယ့် ၂၀၂၄ မှာရော ဘယ်လို trend အသစ်တွေပါလာဦးမလဲ?? ဘယ်လို trend တွေကရော ပြန်ပေါ်လာဦးမလဲ?? ဆိုတာ အောက်မှာဆက်ပြီး ကြည့်လိုက်ကြတာပေါ့။ 

1. Glowing Natural Skin

Celebrity Skincare Tips for a Hollywood Glow | Seventy Hyal 2000

၂၀၂၃ မှာ foundation ထူထူတွေအစား skin tint တွေက နေရာယူလာတာ အားလုံးသိကြမှာပါ။ ဆိုတော့ ၂၀၂၄ မှာလည်း ဒါက ဆက်ပြီးခေတ်စားသွားဦးမှာပါ။ MAC, Covergirl နဲ့ Fenty Beauty တို့လို brand တွေကလည်း coverage ကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့လိမ်းလို့ရမယ့် foundation တွေကို တခေါက်ထပ်တခေါက် ပိုပိုကောင်းအောင် ထုတ်နေပါတယ်။ ဆိုတော့ Skin Tint Foundation တွေကို ဆက်ပြီး ဝယ်စုဖို့ ready ပဲလား?

2. Naked Lips

၂၀၂၄ ကတော့သေချာပေါက် Natural ဘက်သွားတဲ့ makeup look တွေ အရှိန်အဟုန်အမြင့်ဆုံးနဲ့ ခေတ်စားလာတော့မှာပါ။ နှုတ်ခမ်းနီဆိုလည်း Glowing Skin နဲ့လိုက်ဖက်မယ့် ကြည့်လိုက်တာနဲ့ပေါ့ပါးပြီး အစိုဓာတ်ပြည့်နေတဲ့ Nude Lips Look တွေက ခေတ်စားဖို့ အလားလာများနေပါပြီ။ Nude Lips (Naked Lips) အမိုက်စားလေးရဖို့အတွက်တော့ နှုတ်ခမ်းကို scrub လေးတိုက်၊ Balm လေးလိမ်းပြီး ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ ဒါမှ gloss တို့ lip tint တို့ဆိုးတဲ့အခါ ဖူးဖူးအိအိနှုတ်ခမ်းသားလေးတစုံကို ရမှာပါ။

3. Ombré Lips

‘90s တုန်းက ခေတ်စားခဲ့တဲ့ Ombré lips တွေ ပြန်လာပါပြီ။ အခုကတော့ ပိုပြီးခေတ်ဆန်တဲ့ version မျိုးနဲ့ပေါ့။ အဲ့တုန်းကခေတ်စားခဲ့တဲ့ Ombré lips တွေက နှုတ်ခမ်းတဝိုက်ကို နှုတ်ခမ်းသားထက် အများကြီးညိုတဲ့ lip liner နဲ့အရင်ပုံဖော်တာမျိုးဆိုပေမဲ့ အခုခေတ်စားတဲ့ Ombré lips ကတော့ နှုတ်ခမ်းသားအရောင်နဲ့သိပ်မကွာတဲ့ lip liner ကို သုံးတာမျိုးပါ။ သဘာဝဆန်တာမျိုးတွေ ပိုပိုပြီးခေတ်စားလာမယ့် ၂၀၂၄ မှာ Ombré lips ကိုလည်း သဘာဝဘက်ရောက်တာမျိုးတွေ trend ဖြစ်လာမှာပါ။ 

4. Go Monochromatic

TikTok မှာခေတ်စားနေတဲ့ Pumpkin spice, strawberry girl နဲ့ latte makeup တို့တွေဆိုတာ နှုတ်ခမ်းနီ၊ ပါးနီ နဲ့ eyeshadow ကအစ အရောင်တရောင်ထဲကိုပဲ အခြေခံပြီး ဖန်တီးထားတဲ့ makeup look တွေပါပဲ။ ဒီလို makeup look တွေက ၂၀၂၄ မှာလည်း ဆက်ပြီး ခေတ်စားသွားဖို့ရှိပါတယ်။ အခုဆိုဈေးကွက်ထဲမှာ ဘက်စုံသုံးလို့ရတဲ့ multi-purpose makeup product ပစ္စည်းတွေကလည်း အများကြီး ရှိနေပြီဆိုတော့ ဒီလို ပစ္စည်းတွေ စုသာစုထားလိုက်တော့နော်။

5. Peachy Blush

၂၀၂၄ ရဲ့အရောင် Peach Fuzz က အားလုံးကြိုက်မယ့်အရောင်ထဲမှာပါတာမို့လို့ ဒီအရောင်နဲ့ပတ်သက်ပြီး Beauty ပိုင်းရော၊ Fashion ပိုင်းမှာပါ product တွေ တခုပြီးတခုအသစ်အသစ်တွေ ထွက်လာပါတယ်။ ဒီလိုပဲ မက်မွန်ဘက်သမ်းတဲ့ ပါးနီတွေကလည်း ၂၀၂၄ မှာ ခေတ်စားသွားမှာဖြစ်ပြီး ပါးနီဆိုးနည်းတွေ အမျိုးမျိုးရှိတဲ့ထဲကမှ ပါးမို့လေးပေါ်ဆိုးတဲ့နည်းကလည်း ၂၀၂၄ မှာ ခေတ်စားမှာပါ။ 

6. Graphic Eye Makeup

၂၀၂၄ အတွက် To-do-List ထဲမှာ Eyeliner ကောင်းကောင်းတချောင်းဝယ်ဆောင်ထားဖို့လည်း ထည့်ထားလိုက်ပါတော့။ ၂၀၂၄ မှာ Graphic Eye Makeup တွေက နေရာတော်တော်ယူလာဖို့ရှိပါတယ်။ တကယ်တော့ Graphic Eye Makeup တွေက ၂၀၂၃ နှစ်လယ်လောက်ကတည်းက trend ဖြစ်နေတာဖြစ်ပြီး လာမယ့်နှစ်မှာတော့ အရှိန်အဟုန်နဲ့ ခေတ်စားတော့မှာပါ။ Eyeliner က အမည်းရောင်အပြင် အညို၊ အပြာ၊ အစိမ်း၊ လိမ္မော်စတဲ့အရောင်တွေလည်း ရှိထားရင်မမှားပါဘူး။ Double cat eye, Extended liner, Reverse liner, bold liner စတဲ့ အမြင်ဆန်းပြီး တမူထူးခြားတဲ့ eyeliner look တွေကို အခုကတည်းက လေ့ကျင့်ထားလိုက်တော့နော်။ 

7. Vibrant Pops of Color

၂၀၂၄ မှာ Minimal makeup တွေခေတ်စားမယ်ဆိုပေမဲ့ အရောင်တောက်တောက်တွေကိုလည်း မေ့ပစ်လိုက်စရာမလိုပါဘူး။ Spring 2024 runway တွေရဲ့ makeup look တွေမှာဆိုလည်း အရောင်တောက်တောက်တွေကို တနေရာထဲပဲသုံးပြသွားပြီး Vibrant color တွေရဲ့ခေတ်က မပျောက်ဘူးဆိုတာကို သက်သေပြသွားပါတယ်။ Helmut Lang Spring 2024 runway မှာဆို အနီရောင်တောက်တောက် Winged eyeliner၊ Max Mara Spring 2024 runway မှာဆို အနီရင့်ရောင် cherry cola lip လေး စသဖြင့်ပေါ့။ အခုဒီ trend ကတော့ အရောင်တောက်တောက်တွေကို နေရာတခုကိုပဲ focus ထားတာမျိုးမို့လို့ အရောင်ရင့်နှုတ်ခမ်းနီဆိုးမယ်ဆို eyeshadow တို့၊ ပါးနီတို့ကို minimal makeup look နဲ့ပြင်တာမျိုးလေးပါပဲ။

8. Blue is the New Black

မက်မွန်သီးရောင်၊ ပန်းရောင်တွေအပြင် အပြာရောင်ကလည်း ၂၀၂၄ မှာ ခေတ်စားသွားမယ့်အရောင်ထဲမှာပါနေပါတယ်။ ၂၀၂၃ မှာကတည်းက တကယ့် major spotlight တွေမှာ တွေ့နေရတဲ့အပြာရောင်က ၂၀၂၄ မှာ အရောင်ပါတဲ့ mascara၊ liner၊ eyeshadow တွေအနေနဲ့ ခေတ်စားလာမှာပါ။ အပြာရောင်က အညိုရောင်မျက်လုံးပိုင်ရှင်တွေနဲ့ အရမ်းလိုက်ဖက်တာမို့လို့ မြန်မာတွေနဲ့လည်း ကွက်တိပါပဲ။

9. Soft Grunge

၉၀ ခုနှစ်တုန်းက trend တွေထဲက Grunge style တွေကလည်း ၂၀၂၄ မှာခေတ်စားလာမှာပါ။ ဒါပေမဲ့ ဒီဘက်ခေတ်နဲ့ကိုက်ညီမယ့် modern twist လေးနဲ့ပေါ့။ မက်မွန်ရောင်၊ အနီရောင်၊ ပန်းရောင် စတဲ့ lip gloss လေးကို lip line ထက်နည်းနည်းကျော်ဆိုးပြီး smudged eyeliner လေးကိုဖြန့်၊ အရောင်ရင့်ရင့် eye shadow လေးကိုလိမ်းပြီး Soft Grunge Look လေး ဖန်တီးလို့ရပါတယ်။ 

ကဲအခုလောက်ဆို ၂၀၂၄ မှာခေတ်စားမယ့် beauty trend တွေထဲမှာ Look တွေလည်း တော်တော်စုံနေပြီနော်။ လာမယ့် ၂၀၂၄ မှာ အခု trend တွေကို အဆင်ပြေရင်ပြေသလို try ကြည့်ကြပါဦး။ အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။

Beauty TrendsBeauty Trends 2024LUSH beauty
0
Facebook Twitter Google + Pinterest
Maeve

previous post
2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ
next post
ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

Recommended

How to Upgrade your Personal Grooming?

June 25, 2019

How to live confidently without makeup

May 19, 2019

GLOW UP

December 23, 2019

Bio-Oil Dry Skin Gel

June 23, 2020

သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ

October 2, 2020

Pact McGrath launched Star Wars Makeup Collection

December 4, 2019

LUSH Beauty Program – Less is more EP4...

March 20, 2019

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ

June 16, 2023

New York မြို့မှာ ဖွင့်လှစ်သွားမယ့် ကမ္ဘာ့ပထမဆုံး Makeup Museum

November 29, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem