LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLIVING

အစားအသောက်စုံလင်လှတဲ့ မန္တလေးမြို့ရဲ့ စျေးချိုတော်

written by Lush Editor July 5, 2023
အစားအသောက်စုံလင်လှတဲ့ မန္တလေးမြို့ရဲ့ စျေးချိုတော်

ကျွန်တော်တို့ဟာ ဒေသတစ်ခုကို ခရီးထွက်တဲ့အခါ အဲဒီဒေသအကြောင်း သေချာ ဂဂနန သိချင်ရင် ဒေသစျေးကိုသွားကြည့်ရတယ်လို့ ပြောလေ့ရှိကြပါတယ်။

ကျွန်တော့်အတွက် မန္တလေးမြို့နှင့် ပတ်သက်လို့ ရှိရင်တော့ စျေးချိုတော်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ စျေးသည်တွေဆီမှာ ရာသီစာလေးတွေ၊ ဒေသစာလေးတွေ လမ်းလျှောက်ရင်း လျှောက်ပတ်ပြီး ဝယ်စားချင်မိတာကတော့ အမြဲအာသီသပါပဲ။

ကျွန်တော်ကတော့ မန္တလေးမြို့ရဲ့ စျေးချိုတော်ကို ရောက်ရင် မစားမဖြစ်စားရမယ့်ဆိုင်တွေဆိုတာထက်လမ်းလျှောက်ရင်း မျက်စိရှေ့ရောက်လာတဲ့ စျေးသည်တွေဆီက စားချင်စိတ်ဖြစ်တဲ့ မုန့်တွေဆို ဝယ်စားလိုက်တာပါပဲ။

အဲဒါကြောင့် စစချင်းမှာ ပေါ့ပေါ့ပါးပါးလေးတွေ ပတ်စား ပြီးတော့မှ စျေးချိုတော်ရဲ့ နာမည်ကြီး မရာကျော်အသုပ်ဆိုင်မှာ ထမင်းသုပ်နှင့် အမဲအူကြမ်း ဟင်းရည်လေးသောက်ပြီး မမော်အချိုပွဲဆိုမှာ အချိုပွဲစားရင်း အစာပိတ်လေး စားချလိုက်တာပေါ့။

ကျွန်တော် ဘာတွေ စားဖြစ်ခဲ့လဲဆိုတော့ …

၁။ တကွင်းသူရဲ့ ရှမ်းမြောက်အစားအစာ ပန်းဂျုံ ..

ပထမဆုံး ကျွန်တော်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်က စားစရာတစ်ခုဖြစ်တဲ့ ပန်းဂျုံ (ခ) ခေါက်ရှောက်(ခ) ရှောက်ဖိန်းသုပ်လေးကို အရင်ဆုံးစားဖြစ်ခဲ့ပါတယ်။

သူ့အရသာလေးက မအီနေပဲ ချဉ်ချဉ်စပ်စပ်လေးကိုမှ မြေပဲဆံ၊ ငရုတ်သီးကြော်လေးတွေနှင့် တော်တော်ကောင်းတာဗျ။

၂။ ကြာဇံကြော်နှင့် ငါးအရေခွံကြော် အသုပ်လေး

မန္တလေးမြို့ရဲ့ အစားအစာလို့ ပြောလိုက်ရင် ငါးအရေခွံကြော်ကိုလည်း မေ့ထားလို့ မရပါဘူး။ စျေးချိုတော်တစ်ဝိုက်မှာ ကြာဇံကြော်လေးနှင့် တွဲရောင်းတဲ့ ငါးအရေခွံကြော်လေးကိုမှ ဘူးသီးဟင်းခါးလေးနှင့်ဆိုတော့ စားလို့ကောင်းလိုက်တာလို့ ရေရွတ်မိမှာပါပဲ။

၃။ ဒေါ်ဂွတ်ထော်ဆီက အချဉ်ပေါင်းနှင့် သင်္ဘောသီးထောင်း

မန္တလေးမြို့နှင့် အချဉ်ပေါင်းဆိုတာ တွဲမြင်နေရမှာ ဖြစ်သလို စျေးချိုက အချဉ်ပေါင်းလို့ ပြောလိုက်ရင် ဒေါ်ဂွတ်ထော်ကို မေ့ထားလို့ မရဘူးနော်။ သူ့ဆီမှာ အချဉ်ပေါင်းတွေအပြင် သင်္ဘောသီးထောင်းလေးကိုမှ ငါးပိများများလေးနှင့် ကောင်းမှ ကောင်းပဲ။

၄။ ဒေါ်ဆွေဆိုင်က ဓညင်းသီးနှင့် ပဲမြစ် အုန်းနို့ဆမ်းလေး

စျေးချိုတစ်ဝိုက်မှာ အစားပတ်စားရင်း အီဆိမ့်ဆောင့်တက်ချင်ရင်တော့ ဒေါ်ဆွေဆိုင်မှာ ဓညင်းသီး အုန်းနို့ဆမ်း နှင့် ပဲမြစ်အုန်းနို့ဆမ်းလေး ရှိပါတယ်။ အရသာကတော့ တစ်ခုဆို တစ်ခု ဆောင့်တက်ရောက်ရှိပါပဲ။

၅။ မုန့်လက်ဆောင်းကိုမှ အုန်းနို့လေးနှင့် တစ်ခွက်

မုန့်လက်ဆောင်းကိုမှ အုန်းနို့လေးရော၊ အုန်းသီးဖတ်လေးတွေ အပြင် ပေါင်မုန့်ရယ်၊ ကျောက်ကျောရယ်နှင့် သာကူလုံးတွေပါ ဆိုတော့ ရွှေရင်ကို အေးသွားစေမှာပါ။

၆။ မရာကျော်က ထမင်းသုပ်နှင့် ဆိတ်ပုဆိုးကြမ်းဟင်းရည်

စျေးချိုလို့ ပြောလိုက်တာနှင့် မရာကျော်အသုပ်ဆိုင်ကို တစ်ပြိုင်တည်း ပြေးမြင်ကြတဲ့အထိ နာမည်ကြီးတဲ့ အသုပ်ဆိုင်လေးပါ။ စျေးချိုရောက်ရင် ထမင်းဝါလေးကိုမှ ပဲမှုန့်၊ မြေပဲမှုန့်တွေနှင့်အတူ မန်းကျည်းရည်လေးနှင့်ပါသေချာနှယ်ထားတဲ့ ထမင်းသုပ်ကို ဆိတ်ပုဆိုးကြမ်း ဟင်းရည်လေးနှင့် တွဲစားခဲ့ကြပါအုန်းနော်။

၇။ မမော်ဆိုင်က ငှက်ပျောပေါင်းနှင့် နို့ခဲထန်းညှက်ဆမ်း

စျေးချိုတစ်ပတ်ပတ်စားပြီးလို့ရှိရင် အဆာပိတ်လေးအဖြစ် မမော်ဆိုင်မှာ အချိုပွဲလေးတွေ သွားရောက် မြည်းစမ်းကြည့်ခဲ့ပါအုန်း။ ကျွန်တော်ကတော့ ငှက်ပျောပေါင်းလေးရယ်၊ နို့ခဲထန်းညှပ်ဆမ်းတွေ စားဖြစ်ခဲ့ပါတယ်။

ဒါနှင့် စျေးချိုတော် ပတ်ပတ်လည်က စားစရာတွေကတော့   အရသာရှိပြီးသား ဒေသစာတွေမို့ ထွေထွေထူးထူးပြောစရာမရှိပေမယ့် ပလစ်စတစ်အိတ်တွေတော့ လျော့သုံးစေချင်ပါတယ်။ လမ်းဘေးဆိုင်တွေဆိုတော့ ပန်းကန်ဆေးဖို့ ခက်တယ်နှင့် တူပါတယ်။ တစ်ချို့ဆိုင်တွေကျ ပန်းကန်ပေါ် ပလစ်စတစ်အိတ်ထပ်ပြီး ရောင်းကြတာကိုတွေ့ရတယ်။ ပြီးရင်တော့ အဲဒီ ပလစ်စတစ်အိတ်ကို စွန့်ပစ်လိုက်တဲ့ ပုံစံပေါ့နော်။ အဲဒီကနေ စွန့်ပစ်လိုက်တဲ့ ပလစ်စတစ်အိတ်တွေက တစ်နေ့တစ်နေ့ တော်တော်များပုံရတာမို့ အဲတာလေးကိုတော့ လျော့ချစေချင်ပါတယ်။

ဒါဖြင့် တကယ်လို့ မန္တလေးမြို့ကို ရောက်ခဲ့မယ်ဆိုရင် စျေးချိုတော်ကို တစ်ပတ်ပတ်လို့ ကျွန်တော့်လို ဒေသစာလေးတွေ၊ ရာသီစာလေးတွေ မြည်းစမ်းကြည့်ဖို့ မမေ့ကြပါနှင့်နော်။

စာဖတ်သူများအားလုံး ပျော်ရွှင်တဲ့ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေ။

.

ချစ်ခြင်းအားဖြင့် … ထူး

FoodLUSH eatsMandalay
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်
next post
Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့ ဖက်ရှင်များ

Recommended

မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

August 26, 2023

ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

December 8, 2023

CELEBRITY COOKBOOKS

June 17, 2020

Chef Xavier Fauvel

April 10, 2020

Meal Kits: Healthy ingredients right at your door

June 9, 2020

10 Anti-Aging Food to Support Your Body

June 8, 2019

Dishes of Prosperity

February 2, 2019

Foods you need to Avoid to stay healthy...

June 12, 2019

The Juicy One for Summer or Mango

April 23, 2019

The origins of Christmas food

December 20, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem