မင်္ဂလာပါ။
Lush Magazine ရဲ့ Bridal Theme ဆောင်ပါးအစီအစဉ်လေးကနေ ကြိုဆိုလိုက်ပါတယ်။
မကြာသေးမှီ နှစ်အတွင်းတွေမှာတော့ အချို့မင်္ဂလာစုံတွဲတွေဟာ မိမိတို့ရဲ့ ထူးခြားတဲ့ စတိုင်၊ကိုယ်ပိုင်ဟန်တွေကို ပေါ်လွင်စေမယ့် အရောင်တွေနဲ့ ရတနာလက်စွပ်တွေ စေ့စပ်လက်စွပ်အဖြစ် ရွေးချယ်လာခဲ့ကြတာကို တွေ့မြင်လာရပါတယ်။အဲဒီအထဲကမှ အပြာရောင်နီလာ လက်စွပ်လေး( Blue Sapphire Ring)ကတော့ Trend အဖြစ်ဆုံးပါပဲရှင့်။ ဒီအပြာရောင်နီလာ လက်စွပ်လေးဟာ မြင့်မြတ်တဲ့ တော်ဝင်ရှိမှုတို့ကို ဖော်ညွှန်းနေပြီး Princess Diana နဲ့ Princes Kate နှစ်ယောက်စလုံးဟာလဲ သမာရိုးကျ စိန်လက်စွပ်အစား ဒီ Blue Sapphire Engagement လက်စွပ်လေးကို ရွေးချယ်ခဲ့ကြပါတယ်။ အဓိပ္ပာယ်အနေနဲ့ ပြောပြရရင်တော့ စုံတွဲတွေဟာ အချင်ချင်းအပေါ် အမြဲ ရိုးသားမှု ရှိပြီး သစ္စာစောင့်သိခြင်းတွေ သက်ဝင်နေမယ် ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီနေ့မှာတော့ Lush မောင်နှံလေးတွေအတွက် အလှဆုံးသော Blue Sapphire Engagement Ring လေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။
Tiffany & Co Tiffany
Three Stone Engagement Ring with Sapphire Side Stones in Platinum
https://www.tiffany.com/jewelry/items/tiffany-three-stone-engagement-ring-with-sapphire-side-stones-in-platinum-63246743/
ဒီ Three Stone စေ့စပ်လက်စွပ်လေးကတော့ ထာဝရ တည်မြဲနေမယ့် အလှတရားအပေါ်မှာ အနုစိတ် ဖော်ကြူးထားတဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ ဘေးနှစ်ဖက်က ကတ္တီပါရောင် နီလာကျောက်နှစ်ခုဟာ အလယ်က တောက်ပနေတဲ့ စိန်ပွင့်ရဲ့ အလှတရားကို ပြည့်စုံစေပါတယ်။
Blue Nile
Oval Sapphire Ring
https://www.bluenile.com/oval-sapphire-ring-double-sunburst-diamond-halo-14k-white-gold_70998
အရောင်တောက်ပမှုရှိပြီး 14k ရွှေဖြူမောင်းကွင်းမှာ ဘဲဥပုံစံ အပြာရောင် နီလာကျောက်ကို စိန်တို့ဖြင့် ဝန်းရံကာ နှစ်ထပ် နေရောင်ခြည်စက်ဝန်း ဒီဇိုင်းပုံစံ ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။
Van Cleef & Arpels
Jasmin solitaire, 4.55 ctPlatinum
https://www.vancleefarpels.com/us/en/collections/engagement/unique-solitaires/vcarp5nx00---jasmin-solitaire-455-ct.html
ချစ်ခြင်းမေတ္တာနှင့် အလှအပ၏ သင်္ကေတဖြစ်သော စံပယ်ပန်းပွင့်ကို inspire ယူ၍ ပြုလုပ်ထားသော ဤနူးညံ့သိမ်မွေ့သောကွေးသော လက်ရာသည် ကဗျာဆန်ဆန်သဘာဝကို ဖြစ်ပေါ်စေသော marquise-cut စိန်များဖြင့် ဖန်တီးထားခြင်းပဲဖြစ်ပါတယ်။
Capucinne
Pear Chatham Alexandrite Engagement Ring
https://www.praise.store/alexandrite-pear-ring/
နူးညံ့သိမ်မွေ့သော marquise စိန်များဖြင့် ဝန်းရံထားသော သမုဒ္ဒရာကဲ့သို့ လှပနက်ရှိုင်းသော အပြာလက်စွပ်သည် သဟဇာတဖြစ်သော ဟန်ချက်ညီမှု၏ စေ့စပ်သော လက်ရာရဲ့ ရလဒ်ဖြစ်သည်။
MIDAS JEWELERY
Sapphire and Diamond Pavé Split Band
https://www.midasjewellery.com.au/sapphire-and-diamond-pave-split-band/
ကျက်သရေရှိလှသော အပြာရောင် နီလာကျောက်ကို နူးညံ့သိမ်မွေ့သော စိန်တို့ဖြင့် ရောင်ခြည်စက်ဝန်းပုံစံ ဖန်တီးထားပြီး ကြော့ရှင်းတည်ကြည်မှုရဲ့ စစ်မှန်သော ရသကို ဖော်ပြသော လက်ရာပဲ ဖြစ်ပါတယ်။
BRILLIANT EARTH
Sapphire Valencia Diamond Ring (1/3 ct. tw.)
https://www.brilliantearth.com/Sapphire-Valencia-Diamond-Ring-%281/3-ct.-tw.%29-White-Gold-BE1D940-SBSL6.0RD3/
နူးညံ့လှတဲ့ စိန်များဖြင့် engagement ring ရဲ့ သေးငယ်တဲ့ အခုံးအဝှိုက်နေရာကို တောက်ပစေပြီး အလည်ဗဟိုမှာ ကြော့မော့လှပမှုရဲ့ အပြာရောင် နီလာကို တန်ဆာဆင် ဖန်တီးထားခြင်းပဲ ဖြစ်ပါတယ်။
Editor’s pick အဖြစ် ဖော်ပြပေးခဲ့တဲ့ Blue Sapphire Engagement Ring တွေကို LUSH ပရိတ်သတ်ကြီးများ သဘောကျမယ်လို့ထင်ပါတယ်။
နောက်ထပ်တင်ဆက်ပေးသွားမဲ့ Fashion and Styling Tips လေးတွေကိုလဲ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။
LUSH X Thi’s Fashion Alliances Collaboration
References https://www.brides.com/sapphire-engagement-rings-5082134
The iPhone X hit the market in late bringing with it a beautiful bezel-less phone design. viagra malaysia price The new model had very significant external and internal features making many people want to own one.