LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFE

Heritage of Volvo

written by Yoon Wai October 12, 2017
Heritage of Volvo

Volvo ဆွီဒင်ကားကုမ္ပဏီကို ၁၉၂၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ရုံးချုပ်က Gothenburg မြို့က Hisingen ကျွန်းမှာ ရှိပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ Volvo ကားကုမ္ပဏီက ၂၀၁၉ ခုနှစ်ကစပြီး ထုတ်မယ့်ကားတွေက Electric ဒါမှမဟုတ် Hybrid Electric ကားတွေပဲ ထုတ်တော့မယ်လို့ ဆိုပါတယ်။

Volvo ဟာ ၁၉၂၇ ခုနှစ်မှာ ဆွီဒင်နိုင်ငံရဲ့လမ်းတွေပေါ်မှာ မောင်းနှင်နိုင်ဖို့ဘေးအန္တရာယ်ကင်းပြီး ခိုင်ခံမှုရှိတဲ့ကားတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ စတင်ထုတ်လုပ်ချိန်ကစပြီး အခုချိန်ထိ တီထွင်ဖန်တီးမှုတွေအများကြီးလုပ်ခဲ့တဲ့အထဲက တချို့တီထွင်မှုတွေက ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့တီထွင်မှုတွေအထိ ဖြစ်ခဲ့ပါတယ်။ ဒီလို ဆန်းသစ်တဲ့တီထွင်မှုတွေပြုလုပ်မယ့် ခိုင်မာတဲ့သနိငှာန်ကလည်း နောက်ထပ် ကောင်းမွန်တဲ့ Volvo ကားတွေထုတ်လုပ်နိုင်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်

Volvo ရဲ့ ပထမဆုံးထုတ်လုပ်တဲ့ ÖV4 (Jakob လို့ နာမည်ပြောင်ပေးထား)တဲ့ကားမှာဆိုရင် တကယ့်အကောင်းဆုံးကားပစ္စည်းတွေကို သုံးပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားက သူ့ရဲ့ သက်တမ်းကြာရှည်ခံအောင် အသုံးပြုနိုင်မှုကို အသိအမှတ်ပြုခံရတာတင်မဟုတ်ဘဲ သူ့ရဲ့ အရည်အသွေးကောင်းမွန်မှုကိုပါ လက်ခံကြရပါတယ်။ Volvo ရဲ့ စတင်ချိန်ကစခဲ့တဲ့ တီထွင်ဖန်တီးမှုတွေကို ဘယ်လိုသမိုင်းတွင်ပြီး ဘယ်လိုအရေးပါသလဲဆိုတာကို ရှာဖွေဖော်ထုတ်တင်ဆက်လိုက်ပါတယ်။

1959 – three-point safety belt

Volvo ရဲ့ အင်ဂျင်နီယာ Nils Bohlin က PV544 ကားစီးရီးမှာ ပွိုင့်သုံးခုပါတဲ့ ကားထိုင်ခုံခါးပတ်ကို စတင်ထည့်သွင်းထုတ်လုပ်ခဲ့ပါတယ်(ဒီခါးပတ်ဒီဇိုင်းကို ဒီနေ့အချိန်အထိအသုံးပြုနေဆဲဖြစ်ပါတယ်။) အဲဒီအချိန်ကစပြီး ကားစီးတဲ့သူတွေရဲ့ ဘေးကင်းလုံခြုံမှုက တိုးမြင့်ခဲ့ပါတယ်။ နောက်ပြီး Volvo က သူရဲ့ ခါးပတ်ရဲ့ မူပိုင်ခွင့်ကို မယူတဲ့အတွက် ကားတိုင်းမှာ အသုံးပြုခွင့်ရခဲ့ပါတယ်။

1972 – rearward-facing child safety seat

ရှေ့ပိုင်းကာလတွေတုန်းက အာကာသယာဉ်မှူးတွေ အာကာသယာဉ်စတင်ပျံသန်းချိန် မြေပြင်ကအတက်မှာ ကျောကပ်ပြီး လဲလျောင်းတဲ့အနေအထားနဲ့ ခန္ဒာကိုယ်ကို ချိန်ညှိကြရပါတယ်။ ဒီ အခြေခံဥပဒေသကိုယူပြီးတော့ ကလေးတွေအတွက် လုံခြုံမှုပေးနိုင်တဲ့ ကားထိုင်ခုံကို တီထွင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ Child Booster ခုံဆိုပြီး ပိုအဆင့်မြှင့်ခဲ့ပြီး ၁၉၉၀ မှာတော့ ပြီးပြည့်စုံ Child Booster တဲ့ ခုံကို တီထွင်နိုင်ခဲ့ပါတယ်။

1976 – lambda sond

Lambda Sond ဆိုတာက Volvo ကားတွေရဲ့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်အောင် တီထွင်ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ Lambda Sond ဆိုတာ လက်ချောင်းအရွယ်လောက်ရှိတဲ့ ပစ္စည်းကိရိယာလေးဖြစ်ပြီး အောက်ဆီဂျင်ကို အာရုံခံပေးတဲ့ ကိရိယာလေးဖြစ်ပါတယ်။ ဒီကိရိယာလေးနဲ အိတ်ဇောပိုက်က အန္တရာယ်ရှိတဲ့ မီးခိုးငွေ့ထုတ်လုပ်မှုတွေကို ကိုးဆယ်ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။ ဒီကိရိယာလေး စတင်ထုတ်လုပ်ပြီး နောက်ထပ် နှစ်လေးဆယ်ကြာတဲ့အထိ ဂက်စ်နဲ့မောင်းတဲ့ကားတိုင်းမှာ Lambda Sond ကို တပ်ဆင်ခဲ့ကြပါတယ်။

1991 – Side impact protection

နောက်ထပ် လုံခြုံရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ခြေလှမ်းကတော့  Volvo ရဲ့ Side Impact ကာကွယ်ရေးစနစ်ပဲဖြစ်ပါတယ်။ ဒါက ကားဒီဇိုင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကားကြမ်းခင်းနဲ့ ထိုင်ခုံကို ထောက်ပံ့ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဒီစနစ်ကို အခြေခံပြီး ကမ္ဘာ့ပထမဆုံးလေအိတ်တွေကို တီထွင်ခဲ့ပါတယ်။

1998 – inflatable curtain

Volvoကားတွေရဲ့ နောက်ထပ်အရေးပါတဲ့လုံခြုံရေးစနစ်က လေနဲ့ဖောင်းပွဲနေတဲပြတင်းပေါက်လိုက်ကာတွေဖြစ်ပါတယ်။ ဒီလိုက်ကာတွေက ကားမှန်လိုက်နာတွေနဲ့ညှပ်ပြီး တပ်ဆင်ထားပြီး ကားရှေ့ခန်းကနေ နောက်ခန်းအထိ တပ်ဆင်ထားပါတယ်။ ဒီလိုက်ကာတွေက ကားတစ်ခုခုအန္တရာယ်ကြုံတဲ့အခါ အမြန်ဆုံးနှုန်းနဲ့ လေတွေနဲ့ ဖောင်းပွတက်လာမှာဖြစ်ပြီး ကားအန္တရာယ်ဖြစ်စေမယ့် စွမ်းအင်တွေကို ၇၅ ရာခိုင်နှုန်းအထိ စုပ်ယူထိန်းသိမ်းပေးမှာဖြစ်ပါတယ်။

2002 – Rollover protection system (ROPS)

SUVs ကားအမျိုးအစားတွေ ခေတ်စားလာတာနဲပအမျှနောက်ထပ် လုံခြုံရေးစနစ်သစ်တစ်ခုဖြစ်တဲ့ rollover protection ကို တီထွင်ဖို့ ဖြစ်လာပါတယ်။ လျှပ်စစ်စနစ်နဲ့ ကားလိမ့်သွားတဲ့အခါမှာ တည်ငြိမ်အောင်ထိန်းချုပ်တဲ့စနစ် (electronic Roll Stability Control system)ကို ထည့်သွင်းထားပြီး ကားရဲ့လုံခြုံမှုအတွက် အရမ်း ခိုင်မာတဲ့  ဘော်ရွန်စတီးကို ကားခေါင်မိုးမှာ တပ်ဆင်ပေးထားပါတယ်။

ပြိုင်ကားများ ဖန်တီးခြင်း

Volvo ကားတွေ အကြမ်းခံတာကို သိလာတာနဲ့အမျှ ကားပြိုင်ပွဲတွေမှာ သုံးလာပါတယ်။ ၁၉၆၅ ခုနှစ်မှာ PV544 က Safari Rally ကားပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒီအောင်နိုင်မှုနဲ့အတူ 122S Amazon ကလည်း Acropolis ကားပြိုင်ပွဲမှာ တစ်နှစ်တည်းမှာ အနိုင်ရခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ Vlovo ကားတွေဟာ ပြိုင်ကားလောကကို ၀က်ဂွန်ပြိုင်ကားပုံစံနဲ့ဝင်ပြီး တုန်လှုပ်အံ့အားသင့်စေခဲ့ပါတယ်။

ရုပ်ရှင်ကားများမှာ ပါဝင်ခဲ့ခြင်း

Volvo ဟာ သမိုင်းဝင်ရုပ်ရှင်ကားတွေ မှာလည်း ပါဝင်ထောက်ပံ့ပေးခဲ့ပါတယ်။ နာမည်ကျော်ဒရာမာကားတွေဖြစ်တဲ့ Gone Girl နဲ့ ဟာသကား The Other Woman တို့မှာ အဓိကဇာတ်ဆောင်က Volvo ကားကိုမောင်းပြီး သရုပ်ဆောင်ပါတယ်။ Volvo ကားက Twilight Saga ရဲ့ ပိုင်း တစ်ကနေ လေးအထိလည်း ပါဝင်ခဲ့တယ်။ ဒါတင်မကသေးဘဲ Modern Family ၊ Pretty Little Liars နဲ့ Welcome to Sweden တို့မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

Ref: http//www.volvocars.comusaboutour-companyheritage

Words by anna

DriveLifeStyle
1
Facebook Twitter Google + Pinterest
Yoon Wai

previous post
High Traveller
next post
Table Manner

Recommended

The Lost Treasure : Alexander McQueen

July 18, 2018

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

CLASSIC CARS FOR COLLECTORS

June 13, 2018

Life and Nutrition

April 10, 2020

Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

June 11, 2020

NEW KID ON BLOCK

June 12, 2018

ကမ်းဆင့်မေတ္တာဖျန်းပေးပါ

July 20, 2023

Simplicity Is The Best

April 18, 2018

Secret of Stones and the Lady

April 20, 2018

Elle – Floral Burst Collection

April 22, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem