LUSH rainmaker | April 2018
Braving The F&B Industry
Interviewed by SNOW, Translated by R.E.Saw
အကို ဒီBarလုပ်ငန်းကို လုပ်ဖို့ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲသိပါရစေ။
အဓိက က နိုင်ငံခြားတွေသွားတော့Barတွေရှိတာလည်းမြန်မာပြည်မှာရှိစေချင်တာရယ်Night Life ကိုကြိုက်တာရယ်
ကြောင့်ရွေးချယ်ဖြစ် ခဲ့တယ်။ Barလုပ်ငန်းကိုလည်းဝါသနာပါလို့ပါ။
F&B business environmentမှာအခြေကျဖို့ဘယ်လိုတွေ အကိုပြင်ဆင်ခဲ့ရသလဲရှင့်။ အတွေ့အကြုံပေါ်အခြေခံလုပ်ဆောင်ခဲ့ တာလားသိပါရစေ။
ဒီBarအခြေကျဖို့ဝန်ထမ်းရေးရာပိုင်းရယ်၊ ဆိုင်ကိုလာရောက်တဲ့ Customer တွေလုံခြုံမှုရစေရေးအတွက်ရယ်၊ Customerတွေအတွက် Bar မှာတင်တဲ့ အသောက်ပိုင်း cocktailပိုင်းတွေအတွက်အဓိကပြင်ဆင်ခဲ့ရပါတယ်။မြန်မာနိုင်ငံကလူတွေ သာမက နိုင်ငံခြားကလူတွေပါနိုင်ငံခြား ကအစားအသောက် တွေကိုပြည်တွင်းမှာရရှိနိုင်အောင် စားသောက်ဆိုင်ပိုင်းနဲ့F&B ပိုင်း Franchisingလုပ်ခဲ့တယ်။
လုပ်ငန်းတစ်ခုအကောင်အထည်ပေါ်လာဖို့မသေချာမှုအခြေအနေတွေအတွက်ဘယ်လို ပြင်ဆင်ခဲ့လဲရှင့်။
အကိုတို့ကလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် အရှုံးဖက်ကိုပဲဦးစားပေးတွက်ထားပါတယ်။ လူတိုင်းက တော့အောင်မြင်မယ် ထင်ပြီးလုပ်ကြတာပါပဲ။ လုပ်ငန်းတိုင်းလိုလိုလူတိုင်းကတော့မြတ်ချင်လို့လုပ်ကြ တယ်ဆိုပေမယ့် အရှုံးခံနိုင်ဖို့အတွက်လည်း အကိုတို့ကအရှုံးအတွက်ကိုခန့်မှန်းပြီးလုပ်ရမယ်။အဲဒါမှ လည်းဒီလုပ်ငန်းကခံနိုင်ရည်ရှိမယ်။ပိုလည်းအောင်မြင်မယ်။
အကို့Organizationရဲ့Visionနဲ့ တစ်ခြားဘာလုပ်ငန်းတွေလုပ်သေးလဲသိပါရစေ။
အကိုတို့ကတော့အကိုတို့မြန်မာနိုင်ငံတိုးတက်လာတာနဲ့ ဒီစားသောက်ဆိုင်လုပ်ငန်းတွေ၊ Barလုပ်ငန်းတွေ၊ Entertainment ပိုင်းတွေကပိုတိုးတက်လာမယ်လို့ထင်တယ်။ အဲလိုထင်ထားတဲ့ အတွက်ဒီစီးပွားရေးလုပ်ငန်းတွေ နဲ့ F&B ပိုင်းကိုအဓိက Investလုပ်တယ်။ ပြီးတော့အကို့အနေTrading လုပ်ငန်းနဲ့ Car Care Products တွေကို ပါ Distribution လုပ်ပါတယ်။
လုပ်ငန်းအပြိုင်အဆိုင်တွေအကြား Customer တွေကိုအကိုဘယ်လိုဆွဲဆောင်လဲသိပါရစေ။
အဓိက ကတော့ Customer တွေကသန့်ရှင်းမှု ကိုကြိုက်တယ်။ သန့်ရှင်းအောင်ထားမယ်။ Service ကောင်းကောင်းပေးမယ်။ Customerတွေကိုသူတို့၁၀၀ပေးရင် ၁၀၀နဲ့တန်တဲ့ခမ်းနားမှုတွေရအောင် ကိုယ့်ဖက်ကပေးမယ်ပေါ့နော်။ အဓိကကတော့Customerတွေကို စိတ်ချမ်းသာအောင် ထားရမှာပေါ့။
အကို့အနေနဲ့ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းအောင်မြင်ဖို့ ဘယ်နည်းလမ်းတွေကအကောင်းဆုံးလို့ထင်လဲ။ ဘယ်လိုအရာမျိုးတွေ
က အကို ကိုယ်တိုင်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အထောက်အပံ့ပေးသလဲဆိုတာပြောပြပေးပါဦး။
အကိုတို့ကတော့လုပ်ငန်းလုပ်ရင် Serviceကအဓိကကျတယ်လို့ ခံယူတယ်ပေါ့နော်။ Service ကောင်းမှ Customerတွေရပြီး
အောင်မြင်မယ်။ အဓိကကတော့အကိုတို့လုပ်ငန်းတွေ အတွက်ခိုင်မာတဲ့ဆုံးဖြတ် ချက်ချနိုင်ဖို့ဘယ်လုပ်ငန်း မဆိုအကောင်းဆုံး တည်ဆောက်ပါတယ်။အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီးတော့မှဘယ်လိုအမြတ်ရအောင်လုပ်မလဲလို့အကိုတို့ကစဉ်းစားတယ်။ဒါကြောင့်မို့အကို လုပ်ငန်းကိုအကောင်းဆုံးဖြစ်အောင်အရင်တည်ဆောက်တယ်။ International standard ဖြစ်တာမျိုး၊ Customer စိတ်ကြိုက်ဖြစ်တာမျိုး၊ သန့်ရှင်းသပ်ရပ်မှုကအစအစုံအားလုံးအားလုံးကိုသေချာပြုလုပ်ပြီးမှအောင်မြင်အောင်လုပ်ပါတယ်။
လူတော်တော်များများကနယ်ပယ်တစ်ခုမှာ အရာတစ်ခုအခြေခိုင်သွားရင်ပြောင်းလဲရမှာစိုးရိမ်ကြတာတွေမြင်ဖူးပါတယ်။ ဒီလိုပြောင်းလဲခြင်းဆိုတဲ့အရာနဲ့ပက်သက်လို့ အကိုဘယ်လိုတွေးလဲရှင့်။
အကိုတို့ကတော့ရှုံးနိမ့်မှုကြုံလည်းဆက်လက်ကြိုးစားနေမှာပါ။ကြိုးစားမှုလုပ်နေတဲ့လူတိုင်းမှာနေရာ တစ်ခုဆိုတာ အမြဲရှိပါတယ်။ ဘယ်လိုပဲရှုံးနိမ့်နေနေအမြဲကြိုးစားနေရမယ်။လူတိုင်းကတော့ဆင်းရဲမှာကို ကြောက်ကြတယ်ဆိုပေမယ့် အဓိက ကတော့ အလုပ်လုပ်နေရပါမယ်။အလုပ်လုပ်နေတဲ့လူအတွက်တော့နေရာတစ်ခုကအမြဲရှိကိုရှိနေပါတယ်။
အပြိုင်အဆိုင်များတဲ့စီးပွားလုပ်ငန်းတစ်ခုအောင်မြင်မှုကလဲဝန်ထမ်းတွေအပေါ်အခြေခံတာကြောင့်
အကို့အနေနဲ့ဝန်ထမ်းတွေကိုအုပ်ချုပ်ထိန်းသိမ်းဖို့ဘယ်လိုအရာကအရေးကြီးဆုံးလို့ထင်မြင်ပြီး
ဘယ်လိုစနစ်တွေအကိုသုံးပါသလဲ။
အကိုတို့လုပ်ငန်းတွေအောင်မြင်ဖို့ကတော့လုပ်ငန်းကဝန်ထမ်းတွေအားလုံးစည်းစည်းလုံးလုံးနဲ့လုပ်တာပိုပြီး
အောင်မြင်ပါတယ်။သူဌေးအားလုံးကတော့သူဌေးစိတ်ရှိပါတယ်။ကိုယ်တစ်ယောက်ထဲအကျိုးအမြတ်မခံစားပဲ
ဝန်ထမ်းတွေကိုထိုက်သင့်တဲ့အကျိုးအမြတ်တွေပေးခံစားမယ်ဆိုရင်သူတို့မှာရှိတဲ့တတ်စွမ်းတဲ့ပညာတွေနဲ့စည်းစည်း
လုံးလုံးလုပ်လာမယ်။ဝန်ထမ်းတွေကိုနွေးထွေးစွာဆက်ဆံတဲ့အချိန်ကြရင်လည်းသူတို့တစ်ယောက်ခြင်းစီမှာရှိတဲ့အရည်အချင်းတွေပိုမိုလုပ်ဆောင်လာ နိုင်တဲ့အတွက်အကိုတို့လုပ်ငန်းတွေလည်းပိုအောင်မြင်လာမယ်ပေါ့နော်။ဝန်ထမ်းတွေကိုဖြည့်ဆည်းပေးမှ ဝန်ထမ်းတွေကလည်းကိုယ့်အတွက်အလုပ်ပိုကြိုးစားမယ်။Serviceပိုင်းကိုလည်းအများကြီးTrainingပေးရပါမယ်။ အကိုတို့ Night Lifeကဝန်ထမ်းတွေ ကိုတော့Knowledgeပိုင်းကော Productပိုင်းကောအများကြီး Training ပေးပြီးအုပ်ချုပ်မှအဆင်ပြေပါတယ်။
အကိုလုပ်ကိုင်တဲ့ဒီ်F&Bလုပ်ငန်းမှာတွေ့ရတဲ့ကောင်းကျိုးဆိုးကျိုးကိုပြောပေးပါဦး။
အကိုတို့ဒီလုပ်ငန်းပိုင်းမှာတော့နိုင်ငံခြားမသွားနိုင်တဲ့လူတွေကမြန်မာနိုင်ငံတွင်းမှာပဲနိုင်ငံခြားကပုံစံလို မျိုးစားသောက်နိုင်မယ်။ နောက်တစ်ခုကအကိုတို့နိုင်ငံကလည်းဒီလိုF&Bလုပ်ငန်းတွေရှိလိုနိုင်ငံတကာနဲ့ယဉ်ဘောင်တန်းနိုင်တယ်ဆိုတာပြသနိုင်တယ်။ အဆိုးပိုင်းကိုပြောရမယ်ဆိုရင်တော့အရာရာတိုင်းကတော့မိမိကိုယ်တိုင်နဲ့ပဲသက်ဆိုင်ပါတယ်။ဒီလိုဖွင့်လိုက်လို့အောင်မြင်ရင်လည်းအောင်မြင်နိုင်သလိုဆုံးရှုံးရင်လဲဆုံးရှုံး နိုင်တယ်။ဘယ်လုပ်ငန်းမဆိုအရှုံးကိုအရင်တွေးပြီးတော့မှအကိုတို့လုပ်တယ်။
ဒီအလုပ်အပေါ်မှာအကို့အနေနဲ့ဘယ်လောက်ထိမျှော်မှန်းထားလဲရှင့်။
အကိုကတော့ဒီ Entertainment လုပ်ငန်းကိုဝါသနာလဲပါတယ်။လုပ်နေရတဲ့အတွက်လည်းပျော်တယ်။လုပ်ငန်းပိုင်းအတွက် နိုင်ငံတကာနဲ့အညီသွားဖို့မျှော်မှန်းထားပါတယ်။ဥပမာအားဖြင့်နိုင်ငံခြားမှာဖွင့်ထားတဲ့ဆိုင်တွေရဲ့အရည်အသွေးထက်ကိုအောက်မကျအောင်ဖွင့်နိုင်ရမယ်။အခုအကိုတို့ဖွင့်ထားတဲ့ World Wide KTV ဆိုရင် Asiaမှာတောင်မရှိဘူး။အကိုတို့မြန်မာနိုင်ငံမှာပဲရှိတယ်။ Asiaကနိုင်ငံခြားသားတွေဒီ ကိုလာတဲ့အခါမှာအရမ်းကောင်းတယ်ဆိုပြီးအကိုတို့အတွက်ဂုဏ်ယုခဲ့ရတယ်။အဲဒီအတွက်အကိုတို့
နိုင်ငံကလည်းနိုင်ငံခြားလိုလုပ်နိုင်တယ်ဆိုတာအကိုပြောချင်တယ်။Club ဆိုရင်လည်း Mandalay မှာရှိတဲ့ Brave Mandalar
ဆိုရင် Asiaမှာယဉ်ဘောတန်းနိုင်တယ်။ဒါကြောင့်မို့တစ်ခြားနိုင်ငံခြားသားတွေကအကိုတို့မြန်မာနိုင်ငံမှာဒီလိုမျိုး
လုပ်နိုင်ပါလားဆိုပြီးအံ့သြတယ်။ဒါကြောင့်အကိုတို့နိုင်ငံတကာနဲ့ယဉ်ဘောင်တန်းမယ်ဆိုတဲ့ဆိုလိုချက်ကသူတို့နိုင်ငံမှာမရှိတာ
ကိုလည်းအကိုတို့ဖန်တီးရမယ်။တစ်ခြားနိုင်ငံတွေကရှိပြီးသားTypeမျိုးကိုလည်းမှီအောင်ဖန်တီးမယ်။
အကို့ဝန်ထမ်းအဖွဲ့အစည်းတွေအတွက်Creative thinking တွေရလာအောင်ဘယ်လိုအားပေးလဲသိပါရစေ။
အကို့ဝန်ထမ်းတွေကိုနိုင်ငံခြားကိုခေါ်သွားတယ်။ပြီးတော့နိုင်ငံခြားကဘယ်လိုတွေလုပ်ကြလဲဆိုတာပြ ပြီးသူတို့အမြင်တွေကို
create လုပ်ပေးတယ်။နောက်အကိုကိုယ်တိုင် Create လုပ်ဖြစ်တိုင်းလည်းသူတို့ကိုသင်ပေးတယ်။နောက်ပြီးအကိုတို့
ဝန်ထမ်းတွေကို Training ပေးပြီးသူတို့နားမလည်တဲ့အပိုင်းတွေနားလည်အောင်သင်ပေးရတယ်။
ဒီလုပ်ငန်းလုပ်ကိုင်တဲ့အခါMyanmar Community နဲ့ပတ်သတ်ပြီးတော့အကို့ပတ်ဝန်းကျင်ကိုဘယ်လိုထိန်းသိမ်းလဲ
သိပါရစေ။
တစ်ချို့တွေကတော့ Barတွေ၊ KTVတွေ၊ Club တွေကိုမကောင်းဘူးမြင်ကြတယ်။ သို့ပေမယ့် ၁၀၀%လို့တော့ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အကိုတို့ဖွင့်ခဲ့တဲ့ဆိုင်တွေ ကိုအဆင့်တန်းရှိရှိဖွင့်ခဲ့ တယ်။အဓိကကတော့Clubပါပဲ။နိုင်ငံတကာနဲ့ အဆင့်မှီအောင်ဖွင့်တဲ့အတွက်မိသားစုတွေလည်းလာရောက်အပန်းဖြေလို့ရပါတယ်။သူတို့အထင်အမြင်မလွဲနိုင်အောင်တော့
အကိုတို့ဆိုင်ရဲ့အပြင်အဆင် တွေကိုသေချာဖြည့်သွင်းသွားရပါတယ်။အထူးသဖြင့်အသောက်ပိုင်းဆိုင်ရာကိုLevelတစ်ခုမြှင့်ထား တယ်။ အမှန်တကယ်အဆင့်ရှိရှိစားသောက်နိုင်ဖို့နဲ့အများသုံးနေတဲ့အနေအထားမျိုးမရှိအောင်အကိုတို့ပြင်ဆင်ထားတယ်။
အမှန်တော့အရာရာတိုင်းကတော့ကိုယ့်စိတ်ပါပဲ။ကိုယ့်စိတ်ကိုယ်နိုင်မယ်ဆိုဘာမှမဖြစ်ပါဘူး။အပျော်နဲ့အပျက်ကိုခွဲခြားထားဖို့
လိုအပ်ပါတယ်။တော်တော်များများကတော့အပျော်နဲ့အ ပျက်ကိုမခွဲခြားထားလို့ဆိုးကျိုးဆိုတာဖြစ်လာတာပါ။အကိုတို့ Club
တို့ KTV တို့ဆို လူငယ်တွေနဲ့အတူမိဘတွေတောင်လိုက်လာကြပြီးအပြင်အဆင်ပိုင်းအတွက်ကိုလည်းအံ့သြကြပါတယ်။
အကို့အနေနဲ့ပရဟိတတွေ၊ CSR တွေလည်းအများကြီးလုပ် တယ်လို့သိရပါတယ်။ ဘယ်အပိုင်းတွေနဲ့ပက်သက်လို့အကို ပရဟိတအများကြီး လုပ်ဖြစ်လည်း သိပါရစေ။ အကို့ခံယူချက်ကတော့အောင်မြင်နေတဲ့လုပ်ငန်းရှင်တိုင်းပရ ဟိတလုပ်ငန်းတွေလုပ်သင့်တယ်လို့အကို မြင်ပါတယ်။ပြီးတော့လည်း ကိုယ်သေရင်အားလုံးထားခဲ့ရမှာဖြစ်လို့အကို့ဆရာတော်သစ်တံခါး ဆရာတော်ကြီးဆုံးမထားတဲ့အတိုင်းလူတကာမလုပ်နိုင်တဲ့
အလုပ်တွေကိုလုပ်ရမယ်ဆိုလို့ကုဋ္ဋီဆေးပါတယ်။ရွှေလက်များအဖွဲ့၊ Brave Bar ပရဟိတအဖွဲ့၊အင်အားသစ်အဖွဲ့ဆိုပြီးဖွဲ့စည်းပြီး Sundayတိုင်း ကုဋ္ဋီ ဆေးပြီးတော့ Mandalay မှာတော့ Tuesdayတိုင်းခွေးတွေအစာကျွေးပါတယ်။ ဘုရားကြီးမှာအာရုံဆွမ်းလဲ အမြဲကပ် ဖြစ်တယ်။ကုဋီဆေးဖြစ်တာတော့ ၅နှစ်ရှိပါပြီ။ ပရဟိတကတော့ကုဋီဆေးတာတစ်မျိုးထဲမဟုတ်ပဲသာ သနာ့မြေ လှူဒါန်းတာတွေတခြားလှူဒါန်းမှုတွေလဲပြုလုပ်ပါသေးတယ်။
ဘဝအောင်မြင်နည်းစီမံမှုနဲ့ပက်သက်ပြီးအကို့ရဲ့လက်သုံးစကားကိုပြောပြပေးပါဦး။
အဓိကကတော့ဘယ်လုပ်ငန်းလုပ်လုပ်မလိမ်ညာဖို့၊ သူတစ်ပါးကိုမကောင်းမကြံဖို့နဲ့ ကတိတည်ဖို့ကတော့အရေးကြီးဆုံးပါ။နောက်ပြီး လူတိုင်းကတော့အမြင့်မှာပဲနေနေရတာမဟုတ်ပဲ အတက်အကျအခြေအနေတွေရှိတဲ့အတွက်အမြဲကြိုးစားနေဖို့ပဲလိုအပ်ပါတယ်။ အပျော်နဲ့အပျက်ကိုလည်းခွဲခြားပြီးအမြဲအလုပ်လုပ်သွားစေချင်ပါတယ်။ကြိုးစားနေသူတိုင်းအတွက် တော့နေရာတစ်ခု ဆိုတာအမြဲရှိပါတယ်။
ဒီF&Bလုပ်ငန်းကိုစတင်လုပ်မည့်လူတွေအတွက်အကို့အကြံဥာဏ်လေးတွေပြောပြပေးပါဦး။
F&Bလုပ်ငန်းကိုလုပ်မယ်ဆိုရင်တော့အခက်ခဲတွေရှိပါတယ်။လုပ်ငန်းတစ်ခုစလုပ်မယ်ဆိုရင်တော့ ကိုယ်ကျွမ်းကျင်တဲ့အလုပ် ကိုပဲလုပ်စေချင်ပါတယ်။မပိုင်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင့်ဆုံးရှုံးမှုတွေ ကြုံရမှာပါပဲ။ဘယ်လုပ်ငန်းမဆိုအခက်အခဲရှိတဲ့ အတွက်အရာအားလုံးအရှုံးခံနိုင်ပြီဆိုမှပဲလုပ်ငန်းတွေကိုစလုပ်စေချင်ပါတယ်။အမြန်တစ်ကယ်တန်းလုပ်မယ်ဆိုရင်တစ်ကယ်ဆုံးရှုံးသွားရင်အရမ်းနစ်နာပါတယ်။
လူတိုင်းကတော့အောင်မြင်ချင်လို့လုပ်ကြတာပါပဲ။သို့ပေမယ့်အ တွေးထဲမှာကိုယ်မြုပ်နှံလိုက်တဲ့ အရာကိုတစ်ကယ်ဆုံးရှုံးခံနိုင်ပြီဆိုမှလုပ်စေချင်ပါတယ်။ကိုယ်ကအားလဲစိုက်တယ်သေချာပေါက်ကြိုးစား မယ်ဆိုရင်ဒီလုပ်ငန်း ကတော့သေချာပေါက်အောင်မြင်ပါတယ်။
(English Version)
Why did you start this business?
The main reason was I wanted Myanmar to have a better Night life with bars to choose. Also I am passionate about running this business.
Please tell us how you prepare to start this F&B business? Was it based on your previous experience?
I started focusing mainly on staff training, security for customers and the cocktail we are providing. We got the franchising from oversea so that both foreign and local customers can have international F&B experience.
How did you prepare for the uncertainties when you started out?
When I start a business, I tend to focus on the liabilities. Everyone believes they will be successful and make profit when they started out but you need to prepare for failure too. Only then you can sustain the business and will be more successful.
What is your organization’s vision? Do you have other businesses as well?
I believe when Myanmar becomes more developed, industries such as F&B, Bars and Entertainment will improve as well. With this faith, I am investing mainly in these industries. I also have Trading business and distribute Car care products too.
How do you attract customers among your competitions?
The customers really like cleanliness so we focus on that. We also provide good service and make sure they get their money worth. Customer satisfaction is our main aim.
What do you think are the ways to make your business a sure success? What factors play a part in making important decision?
I believe service is the most important in this business. You can only get more customers if you provide good service. I give the best effort in whatever business I do first. Only after establishing well, I think about profit. That is why I started out with good foundation first. Only after making sure it is of International standard, focusing on customer satisfaction and cleanliness, I focus on being successful.
Many people are afraid of change once they are established in the industry. How are your views on change?
I am going to go forward even if I face failure. Hardworking people will always have a place. You have to try hard no matter how much loss you are facing. Everyone is afraid being poor but you need to be continuously working. Working people will always have a place in this world.
Success in many competitive industries is mainly due to the staffs. What is the most important thing when you are managing your staffs?
It is very important in my work for the staffs to be united. Every boss has the boss mindset but if you focus not only on your own profit but for everyone in your team, you will have a motivated workplace. Treating your staffs warmly will bring out better work performance in your staffs and there will be more success. The staff will work hard only if you invest in them. We gave a lot of training for the service department. For Night life Service Staffs, it is easier to manage them only if they are properly trained in both service and product knowledge.
What are the Pros and Cons in this F&B Industry?
In this industry, we can provide international quality services to people who cannot afford to go oversea. We also want our industry to be able to compete with other international countries. As for Cons, everything that happens in your life is correlated to you. This business could be successful or it could fail. I always focus on the loss before I start out.
What is your plan for this work?
I am really passionate about the Entertainment business and I like this job. I aim to reach to international level. For example, it cannot be below the international standard. Now, you cannot find a place like our World Wide KTV in other part of Asia. So we are much honored when customers from other Asian countries praise us. I am saying we could reach that level. Our Brave Mandalar in Mandalay can compete with other clubs in Asia. Some of our foreign customers were surprised to see it. That is why we need to make sure we provide International quality and also create what is not available in other countries.
How do you encourage creative thinking to your staffs?
We took them to other countries for exposure. If I come up with new ideas, I share with them. We also give them training on areas they are weak in.
How do you handle the negative view from Myanmar Community?
Some people have negative views on Bar, KTV and Club but luckily, not 100%. This is because our places are respectful and of certain standard. The main one is the club. Since it is of international standard, families can come in too. We are very careful with the decoration to make them feel comfortable. We also make sure our drink menu is of certain level so that this is not a regular hangout place. However, it all depends on your mindset. If you have self-control and can have fun while controlling your vices. Most people mix them together which results in unfortunate situations. Our KTV and clubs are suitable for young people to even bring their parents.
You are very active in CSR (Corporate Social Responsibilities) and philanthropy. Do share with us which areas you mainly focus on.
I believe philanthropy is something every successful business owner should practice. We will leave our belongings once we pass on. Therefore, with the teaching of Thitdagar Sayardaw, my teams ( Shwe Latt Group, Brave Bar Charity Group, Inn Ar Thit Group) joined together to clean the public latrines for five years already and feed stray dogs every Tuesday in Mandalay. We give alms to the monks every day and also build monasteries.
What is your motto for success in life?
It is important not to lie and cheat when you do business. Keeping your words is also very important. Life can have ups and downs so you need to work hard all the time. Have fun but keep your vices in check. There is always a place in this world for people who work hard.
Any advice to people who are going to start F&B business?
There will definitely going to be difficulties. You need to be well versed before you start in this industry or you will face losses. You need to be ready to face failure too. When you invested so much money and emotion and for it to fail can be devastating. However, you have to be mentally prepared to risk them all when you start. If you work hard and focus well, you will surely be successful in this business.