LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ

written by Lush Editor March 1, 2019
2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ

2019 Fall Fashion Week တွေကို  ဖေဖော်ဝါရီလမှာတည်းက ကျင်းပလာလိုက်တာ အခုဆို Paris Fashion Week ကိုတောင် ရောက်ရှိလို့ လာခဲ့ပါပြီ။ Fashion Week တို့ ထုံးစံအတိုင်း တစ်နှစ်ထက် တစ်နှစ်ဆန်းပြားသော ဖက်ရှင်တွေ၊ အပြင်အဆင်တွေနဲ့ New York Fashion Week ၊ London Fashion Week၊ Milan Fashion Week နဲ့ Paris Fashion Week ဆိုပြီး တစ်ခုချင်းစီ လှည့်လာခဲ့တာပါ။ Fashion Week တို့ ထုံးစံအတိုင်း ဘာတွေခေတ်စားသလဲကြည့်ရမယ်ဆိုရင် အရင်ဆုံး မြင်မိမှာကတော့ သူတို့ရဲ့Runway  Makeup Looks တွေ ဖြစ်ပါတယ်။ ပုံမှန် ပြင်ဆင်မှုတွေနဲ့ မတူဘဲ ဆန်းပြားသလို ခေတ်ရှေ့ပြေးပြီး Trend အသစ်တွေဖန်တီးလို့ရတဲ့ Makeup Look တွေက Fashion Week ကပဲ အစပြုတာပါ။ ဒီနှစ်ရဲ့ Fall Fashion Week ကရော ဘယ်လိုတွေပြင်ဆင်ကြမှာလဲ သင်ရော မသိချင်ဘူးလား။

Smokey Eyes

Smokey Eyes တွေကတော့ Runway ရဲ့ မပါမဖြစ်တွေဆိုတော့ ဒီနှစ်ရဲ့ Fall Runway မှာလည်း ထပ်မံမြင်တွေ့ရဦးမှာပါ။ Tom Ford ၊ Versace ကစတဲ့ နာမည်ကျော် Brand တွေရဲ့ ပြင်ဆင်မှုမှာလည်း Smokey Eye က နေရာယူထားသလို ခပ်နက်နက် ခြယ်ထားတဲ့ Smokey Eyes ၊ မျက်လုံးအောက်ကို အသားပေးထားတဲ့ Smokey Eyes စသည်ဖြင့် အသွင်မတူအောင် တွေ့ရမှာဖြစ်ပါတယ်။

Glitter Lids

မျက်ခွံပေါ်မှာ Glitter တွေ အပြည့် ခြယ်ထားတဲ့ပုံစံကလည်း ဒီနှစ် Fall Runway မှာ မြင်တွေ့ရတဲ့ ပြင်ဆင်မှုတစ်ခုပါ။ မျက်ခွံအပြည့် ခြယ်သမှုတွေရှိသလို Disco Ball လို Glitter တွေ မျက်နှာအနှံ့ ခြယ်ထားတဲ့ Look တွေလည်း တွေ့ရမှာပါ။

Graphic Line

အနက်ရောင် Liner ကိုမှ Cat Eye ပုံစံတွေ၊ Winged Liner ပုံစံတွေ ဆွဲထားတဲ့ ပြင်ဆင်မှုတွေကိုတော့ Erdem ၊Zimmermann ၊ Saint Laurent တို့ရဲ့ Runway မှာတွေ့နိုင်ပြီး မရိုးနိုင်တဲ့ Eye Liner အမျိုးမျိုးကို ခံစားရမှာဖြစ်ပါတယ်။

Pink & Purple Lids

ဒီနှစ်ကတော့ ပန်းရောင်နဲ့ ခရမ်းရောင်ကို တော်တော်မြင်တွေ့ရဦးမယ့်နှစ်ပါ။ ပန်းရောင် ၀တ်စုံတွေကို ကော်ဇောနီပေါ်မှာ ထပ်နေအောင် မြင်ရပြီးဖြစ်သလို အခုလည်း Fall Runway မှာ ပန်းရောင် Eyeshadow တွေကို သုံးထားတာ တွေ့ရမှာဖြစ်ပါတယ်။ ပန်းရောင်တစ်ရောင်ထဲ ခြယ်သတဲ့ ပြင်ဆင်မှုတွေ ရှိသလို ပန်းရောင်နဲ့ ခရမ်းရောင်ကို ရောစပ်ထားတဲ့ Look တွေကိုလည်း မြင်ရမှာပါ။ Anna Sui တို့၊ Jeremy Scott တို့က နမူနာကောင်းတွေပေါ့။

Neon Plays

နီယွန်အရောင်တွေကလည်း ၂၀၁၉ ရဲ့ Trend တွေထဲက တစ်ခုဆိုတော့ Runway Look မှာ သူပါလာတာ မဆန်းပါဘူး။ အနီရောင်၊ အပြာ၊ အ၀ါ၊ အစိမ်း စသည်ဖြင့် နီယွန်အရောင်တွေကို သုံးပြီး ဖန်တီးထားတဲ့ ပြင်ဆင်မှုတွေဟာ သိပ်ကို ဆန်းသစ်ပါတယ်။ United Colors of Benetton နဲ့ Iceberg တို့ရဲ့ Look တွေမှာ ကြည့်နိုင်မှာပါ။

Coming Up Roses

ဒီပြင်ဆင်မှုကတော့ နှင်းဆီပန်းလေး ပွင့်ဖူးလာတဲ့ အသွင်ပေါ့။ No Makeup Look လို ပါးပါးလျလျ ပြင်ဆင်မှုလေးမှာကိုမှ ပါးနီနဲ့ Eyeshadow ကို ပန်းရောင်အသားပေး ခြယ်ထားတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။ ဒီပုံစံက Runway မှာတင် မဟုတ်ဘဲ  နေ့စဉ်ပြင်ဆင်မှုမှာပါ ထည့်သွင်းလို့ရပြီးတော့ ကောင်မလေးအတော်များများ နှစ်ခြိုက်ကြမယ့် ပုံစံပါ။

Ombre Lips

နှုတ်ခမ်းနီကို နှစ်ရောင်စပ်ဆိုးထားတဲ့  Ombre Lips တွေက ဒီနှစ် 2019 Fall Fashion Week မှာ ပြန်လည်နေရာယူလာပါပြီ။ 2019 Fall Runway မှာတော့ ပုံမှန်နှစ်ရောင်စပ်ဆိုးထားတဲ့ အရောင်ဖျော့ဖျော့မျိုးမဟုတ်ဘဲ အရောင်ရင့်ရင့် ပုပ်ပုပ်တွေနဲ့ ဖန်တီးထားတဲ့ Ombre Lips တွေကို မြင်ရမှာပါ။

Editor- Su Yi Htet

fashionLUSH Beauty & SoulLUSH DAILY
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Skating
next post
စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

Recommended

SPLASH OF LUMINOUS

November 19, 2018

ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

October 27, 2023

The skin for ages

May 16, 2018

LUSH Beauty Program – Less is more EP3...

February 23, 2019

Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား

June 1, 2020

2023 မှာ ခေတ်စားလာမယ့် Beauty Trend များ

March 24, 2023

LUSH 2nd Anniversary – The Iconic Evening Fashion...

October 25, 2019

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း (အပိုင်း ၂)

July 21, 2020

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

September 8, 2020

Goodness Gracious

October 18, 2017

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem