တေးသံရှင် Bunny Phyoe မှ Karrot Brand ရဲ့ Collection အသစ်ဖြစ်တဲ့ “BunBun With You” မိတ်ဆက်ပွဲ နှင့် “BunBun With You” Pop-Up Store ဖွင့်ပွဲ အခမ်းအနား ကို ဇူလိုင်လ (၉)ရက်နေ့ ညနေ ၄ နာရီ City Mall (St.John) Ground Floor Promotion Area မှာ ကျင်းပခဲ့ပါတယ်။
“BunBun With You Collection ကို စတင်ပြီး ထုတ်ဖို့ စဉ်းစားမိတာက April လတုန်းက Karrot Brand အတွက် ကိုဖြိုးလေး တို့နဲ့ သွားရင်း အရုပ်ထုတ်ဖို့ အိုင်ဒီယာ ရသွားတာပါ။ ရန်ကုန် ပြန်ရောက်တော့ Pop-Up Store လုပ်မယ်ဆိုပြီး Alchemy Influence(AI) team နဲ့တိုင်ပင်ပြီး City Mall (St.John) မှာ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်” လို့ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနစ် ဇူလိုင်လ (၉)ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ Karrot Brand အနေနဲ့ အခု မိတ်ဆက်ပွဲ အခမ်းအနားက ပထမဆုံးကျင်းပတာဖြစ်ပြီး “BunBun With You” Pop-Up Store ကို တစ်လတိတိ – ဇူလိုင်လ (၉) ရက်နေ့မှ သြဂုတ်လ (၉)ရက်နေ့ အထိ City Mall(St.John) Ground Floor မှာ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။
“BunBun With You” collection တွင် “BunBun” Soft Toy ၊ Mini Bag ၊ Cap ၊ T-Shirt ၊ Hoodie တွေကို ဝယ်ယူနိုင်တဲ့အပြင် ဒီတစ်ခါမှာတော့ Baby Tees တွေကိုပါ ထုတ်ထားတာဖြစ်ပါတယ်။
Photo Credit : Aw Ya Tha Soe
Editor : Eain Chu