George Floyd သေဆုံးပြီးတဲ့နောက် အမေရိကန်မှာ လူမျိုးခွဲခြားမှုဆန့်ကျင်ရေးအတွက် ဆန္ဒပြတာတွေဖြစ်နေပြီး L’Oréal ကလည်း သူတို့ရဲ့ ပစ္စည်းတွေမှာ “Whitening” “Lightening” ဆိုတဲ့ အသားဖြူတာဟာ ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်တွေဦးတည်နေတဲ့ စကားလုံးတွေကို ဖြုတ်ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အသားဖြူစေတဲ့ ပစ္စည်းတွေက အခုချိန်မှာ ထိလွယ်ရှလွယ်ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ဒီလိုအချိန်မှာ သူတို့ရဲ့ အသားဖြူစေတဲ့ပစ္စည်းတွေကို အခုလို နည်းလမ်းနဲ့တုံ့ပြန်ခဲ့ပါတယ်။
ဒီလို ပြောင်းလဲမှုတွေကိုလုပ်တာက L’Oréal က ပထမဆုံးမဟုတ်သေးပါဘူး… Unilever က သူတို့ရဲ့ brand တစ်ခုဖြစ်တဲ့ “Fair & Lovely” ကိုလည်း rebrand ပြန်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာခဲ့တာကလည်း “Ban Fair & Lovely” ဆိုတဲ့ အသားအရောင်ခွဲခြားတာကို ကြော်ငြာနေတဲ့ products တွေကို ထောက်ပြထားတဲ့ အသနားခံစာကြောင့်ပါ။ ဒီလိုပဲ Johnson & Johnson ကလည်း အသားဖြူတာကို promote လုပ်တဲ့ သူတို့ရဲ့ skincare line နှစ်ခုကိုလည်း ရပ်စဲမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။